Monday, August 5, 2013

ကလေးပြည့်တန်ဆာ၁၀၀ကျော်FBI ကယ်တင်

,
အမေရိကန်ပြည်ထောင်စုတခွင်၌ ၃ရက်ကြာစစ်ဆင်ရေးအရ ပြည့်တန်ဆာအဖြစ် အသုံးချခံနေရတဲ့ အရွယ်မရောက်သေးသူ ၁၀၅ယောက်ကို ကယ်တင်နိုင်ခဲ့ကြောင်း FBI ပြည်ထောင်စု စုံစမ်း စစ်ဆေး ရေး ဗျူရိုကပြောဆိုလိုက်သည်။

နိုင်ငံတ၀ှမ်းစစ်ဆင်ရေးမှာ အရွယ်မရောက်သေးသူတွေကို ပြည့်တန်ဆာလုပ်ငန်းအတွက် အသုံးချနေ သူတွေနဲ့ ခေါင်းပုံဖြတ်နေသူ၁၅၀ကို ဖမ်းဆီးနိုင်ခဲ့ကြောင်းဆိုသည်။အမေရိကန်ပြည်ထောင်စု တစ်ဝှမ်း မြို့ကြီး၇၆မြို့က ဒေသခံ၊ပြည်နယ်နဲ့ ပြည်ထောင်စုတရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေပူးပေါင်းပြီး စစ်ဆင်ရေးပြုလုပ်ခဲ့ကြာတာ ဖြစ်ပါတယ်။
အရွယ်မရောက်သေးသူတွေကို ပြည့်တန်ဆာလုပ်ငန်းမှာအသုံးချနေတာကြောင့် နိုင်ငံတ၀ုမ်းက ကလေးတွေအတွက် အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ FBI မူခင်းစုံစမ်းစစ်ဆင်ရေးဌာန လက်ထောက် ညွှန်ကြားရေးမှူးရွန်ဟော့စ်ကို (Ron Hosko) ကပြောသည်။ FBIရဲ့ ရိုးသားမှုဆုံးရှုံးခြင်းဆိုတဲ့ အမျိုးသားဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်အရ နိုင်ငံတ၀ုမ်းစစ်ဆင်ရေးလုပ်ခဲ့တာ ဒီတစ်ခါ ၇ကြိမ်မြောက်ဖြစ်ပြီး၊ အကြီးကျယ်ဆုံးလည်းဖြစ်သည်။ ၄င်းစစ်ဆင်ရေးအား ၂၀၀၃ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ပြီး အရွယ်မရောက်သေးသူ၂၇၀၀ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
FROM-TRANSPORT NEWS JOURNAL

0 comments to “ကလေးပြည့်တန်ဆာ၁၀၀ကျော်FBI ကယ်တင်”

Post a Comment