ကိုရီးယား F 4 ဇာတ်လမ်းတွဲထဲက မင်းသမီးလေးရဲ့ အင်တာဗျူးကို
ဒီတစ်ခါတင်ဆက်ထားပါ တယ်။ ကျရာဇာတ်ရုပ်မှာပီပြင်တဲ့သူမဟာ
ဒါရိုက်တာအဖြစ်လည်းအောင်မြင်မှုရရှိသူတစ်ယောက် လည်းဖြစ် ပါတယ်။ မကြာမီကလည်း
စင်ကာပူမှာကျင်းပခဲ့တဲ့ ရုပ်ရှင်ပွဲတော်မှာ သူမရဲ့ဇာတ်လမ်း ကိုပါဝင်ပြ
သဖို့ ဖိတ်ခေါ်ခြင်းကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။
Q: HyeSun-ah ကို ဘယ်လိုဝိသေသပြုတာမျိုး နှစ်သက်လဲ။ ဥပမာ- ဒါရိုက်တာ၊
အနုပညာရှင် သို့မဟုတ် သရုပ်ဆောင်တစ်ယောက်အဖြစ် သတ်မှတ်ထားတာမျိုးပေါ့။
A: ဘယ်တစ်ခုမှ ကျွန်မအတွက် အဆင်မပြေပါဘူး။ ကျွန်မဆီကို
ဖုန်းမက်ဆေ့ခ်ျတွေပို့တဲ့လူတွေက ဒါရိုက် တာ Ku လို့ခေါ်ကြပါ တယ်။
ကျွန်မထင်တာတော့ သူတို့ကကျွန်မကို “HyeSun-ah” လို့ ခေါ်ရမှာ သက် သောင့်
သက်သာရှိပုံမရပါဘူး။ ကျွန်မကို ဘယ်လိုခေါ်ရမလဲ သေချာမသိကြတဲ့အတွက်
“ဒါရိုက်တာ Ku ဘာတွေလုပ်နေလဲ” လို့ မေးကြတာမျိုးဖြစ်နိုင်ပါတယ်။ အသက် ၂၄
နှစ်ကတည်းက ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့တာဆိုတော့
ခြောက်နှစ်လောက်လည်းရှိနေတော့ ဒါရိုက်တာလို့ခေါ်ရတာ ပိုကောင်းကြ တယ်နဲ့
တူပါတယ်။
ဒါရိုက်တာတစ်ယောက်ရဲ့ဘ၀ကိုရော ဘာကြောင့်ရွေးချယ်ထားတာလဲ။
ဘာကြောင့် ဒီအလုပ်ကို ကျွန်မလုပ်ချင်သလဲဆိုတာ တကယ့်ကို ပဟေဠိဆန်ပါတယ်။
(ရယ်လျက်) ငယ်ငယ်လေးကတည်းက အနုပညာလုပ်ငန်းတွေအပေါ်မှာ
စိတ်ဝင်စားတဲ့အတွက်ကြောင့်လို့ ကျွန်မထင် ပါတယ်။ ပန်းချီဆွဲရာကနေ ရုပ်ရှင်၊
ဗီဒီယိုတွေအပေါ်ပိုပြီး အာရုံကျသွားတယ်လို့လည်း ခံစားရပါတယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်မကရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်လာခဲ့တဲ့အတွက်
ကျွန်မရွေးချယ်ခဲ့တဲ့ လမ်းကြောင်းပေါ်မှာ ဆက်လျှောက်နေလို့ပါ။
ရုပ်ရှင်ရိုက်တာက ကျွန်မလုပ်ခဲ့တဲ့အရာတွေထဲက ဘ၀ အချိုးအကွေ့ တစ်ခုပါပဲ။
Q: စိတ်ကသိကအောက်ဖြစ်နိုင်တဲ့ မေးခွန်းလေး မေးချင်ပါတယ်။ ဒါကတော့
“YoSool/Magic” ကို ကြည့်ရှုခဲ့တဲ့သူပေါင်း ၅၇၀၀ လောက်ရှိခဲ့ပေမယ့် “Peach
Tree” မှာတော့ လူပေါင်း ၃၃၀၀ လောက်ပဲရှိတဲ့ အပေါ် ဘာတွေပြောချင်လဲ။
A: ဒီမေးခွန်းက ဘာလို့များ စိတ်ကသိကအောက်ဖြစ်စေရမှာလဲ။
အဲဒီလိုဖြစ်လိမ့်မယ်လို့ မထင်ပါဘူး။ (ရယ် လျက်)ပထမတစ်ချက်ကတော့ YoSool ကို
တစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံပေါင်း ၁၀ ရုံလောက်မှာပဲကြည့်
နိုင်လိမ့်မယ်လို့ထင်ပါတယ်။ ဒါကြောင့် ဒီရုပ်ရှင်ကို DaeBok လို့
သတ်မှတ်ပါတယ်။ ရုပ်ရှင်ကြည့်ဖို့ နေရာ တစ်နေရာရတာ ခက်ခဲခဲ့ပါလိမ့်မယ်။
ဒါကြောင့် ဒီလိုအခြေအနေတွေ အောက်မှာ YoSool ကို ကောင်း
ကောင်းလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။
Q: အဲဒီလို ပရိသတ်ကြည့်ရှုမှုနည်းတဲ့အတွက် စိတ်ဓာတ်အကြီးအကျယ် ကျသွားတာ မျိုးရော မဖြစ်ခဲ့ဘူးလား။
A: နည်းနည်းပါးပါးတော့ဖြစ်တာပေါ့။ ဒါပေမဲ့ ဇာတ်လမ်းကို
ပြောပြနိုင်ခဲ့တဲ့အတွက် ကျွန်မအနေနဲ့ အနည်း ငယ်ဆုံးရှုံးမှုရှိလိမ့်မယ်လို့
ထင်ပါတယ်။ Peach Tree ကတော့ အရေးပါတဲ့ဈေးကွက်အတွင်းကို ပထမ
ဆုံးအကြိမ်အဖြစ် ရောက်လာခဲ့တာပါ။ တစ်ပတ်ကြာလောက်အတွင်းမှ
ထွက်လာခဲ့တယ်ဆိုပေမယ့် ရုပ် ရှင်ရုံတွေမှာ ပြသနိုင်ဖို့တော့
သေသေချာချာလုပ်ရတာပေါ့။ တကယ်တော့ တစ်နှစ်၊ နှစ်နှစ်လောက် အချိန်
ယူရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ခုကို တစ်ပတ်လောက်ကြည့်ပြီးတော့ ဆုံးဖြတ်ရတာဟာ
အားနည်းချက် တစ်ခုပါ။
ရုပ်ရှင်ဇာတ်ကားတစ်ကားထွက်လာဖို့အတွက် အချိန်ဘယ်လောက်ပေးရတယ်၊ ဘယ်လို
ပေးရတယ်ဆို တာကို လူတွေမသိပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ဖန်တီးမှုက
လူတွေကြည့်ရှုခဲ့တဲ့အတွက် အောင် မြင်တယ်လို့ မှတ်ယူပါတယ်။ ကျွန်မမိဘတွေကို
ဒီအကြောင်း တောက်လျောက်ပြောဖြစ်ပါတယ်။ ကျွန်မ နဲ့ကျွန်မ
ညီမလေးတို့ရှိနေတဲ့အတွက် ကျွန်မအဖေနဲ့ အမေမှာလည်း အောင်မြင်တယ်လို့
ထင်ပါတယ်။ အဲဒီအပြင် စင်ကာပူမှာ မကြာမီကျင်းပတဲ့ ရုပ်ရှင်ပွဲတော်မှာလည်း
အဲဒီဇာတ်ကားကိုဖိတ်ကြားတဲ့အတွက် ဘာပဲပြော ပြော အောင်မြင်တယ်လို့
ထင်ပါတယ်။(ရယ်လျက်) အဲဒီမတိုင်ခင်တုန်းကတော့ Peach Tree ဟာ ငွေရေး
ကြေးရေးအပါအ၀င် တော်တော်များများ ကျွန်မဆုံးရှုံးခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံမှုတစ်ခု ဆုံးရှုံး သွားတယ် လို့ မြင်ခဲ့ဖူးပါတယ်။
Q:တချို့ကလည်း မင်းကအောင်မြင်တဲ့မင်းသမီးတစ်ဦးဖြစ်တဲ့အတွက် အနုပညာလုပ်ငန်းတွေလုပ်ရ တာ လွယ်ကူတယ်လို့ ပြောကြတဲ့အပေါ် ဘယ်လိုမြင်လဲ။
A: ကျွန်မအပေါ်မှာ မယုံကြည်တဲ့ အားမလိုအားမရဖြစ်တဲ့သူတွေ
အများကြီးရှိတယ်ဆိုတာ ကျွန်မသိပါ တယ်။ ကျွန်မကဒါရိုက်တာ Ku Hye Sun
ဖြစ်တဲ့အတွက် အရာရာလွယ်ကူ တယ်ဆိုတာမဟုတ်ပါဘူး။ ဈေးကွက်ထဲမှာ
ထိုးဖောက်ဖို့က တော်တော်လေးခက်ပါတယ်။ ကျွန်မတို့က လူတွေပြောတဲ့စကားတိုင်း
ကိုနားထောင်နေရမယ့်ခေတ်မှ မဟုတ်တော့ပါဘူး။ ကျွန်မလျှောက်ရမယ့်လမ်းကိုပဲ
ကျွန်မလျှောက်နေ တာပါ။
Q: လက်ရှိမှာ အခြားစီးပွားဖြစ်ရုပ်ရှင်ဇာတ်ကား တစ်ကားအတွက် ပြင်ဆင်နေတာမျိုးတွေ ရှိပါသလား။
A: ကျွန်မအနေနဲ့တော့ ရုပ်ရှင်ဇာတ်ကား တစ်ကားကို စီးပွားဖြစ်လား၊
အမှီခိုကင်းလားဆိုပြီး ခွဲခြားဖို့ ခက်ခဲပါ တယ်။ ရုပ်ရှင်တွေကို
ဒီလိုခွဲခြားခြင်းမှာ အမှန်တကယ်တော့ ခွဲခြားဆက်ဆံခြင်းတစ်မျိုးပါပဲ။
ရုပ်ရှင်တွေ ကိုပိုက်ဆံရှာဖို့အတွက်၊ အနုပညာဖန်တီးဖို့အတွက်၊
တွေးခေါ်ပညာအတွက်ဆိုပြီး အမှန်တ ကယ် ခွဲခြား နိုင်ပါ့မလား။
ရုပ်ရှင်ဇာတ်ကားအားလုံးမှာ တွေးခေါ်ပညာတွေ ပါဝင်သလို ၀င်ငွေရဖို့ အတွက်လည်း
ပါပါ တယ်။ (ရယ်လျက်) ဒါဟာ ရုပ်ရှင်ကြည့်တဲ့သူပေါ်မှာပဲ မူတည်တယ်လို့
ကျွန်မထင်ပါ တယ်။