Wednesday, August 21, 2013

အမှုစစ်ဆေး စဉ် ပွင့်လင်းမြင်သာမှု ရှိစေရေး CCTV ကင်မရာဖြင့် မှတ်တမ်းတင် ထားရှိမည်

,

Photo: အမှုစစ်ဆေးစဉ် ပွင့်လင်းမြင်သာမှုရှိစေရေး CCTV ကင်မရာဖြင့် မှတ်တမ်းတင်ထားရှိမည်
Wednesday, August 21, 2013

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ရဲစခန်းတွင် အမှုစစ်ခန်းနှင့်
ပြည်သူ့ဝန်ဆောင် မှု အကူအညီပေးရေး အဖွဲ့တို့၏ လုပ်ဆောင်ချက်များကို CCTV ကင်မရာတပ်ဆင်၍ မှတ်တမ်း တင်ထားရှိကြောင်း လမ်းမတော်
မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ကြည်၏ ပြောကြားချက် အရသိရ သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက် ချက်များအား အများပြည်သူတို့ ပွင့်လင်းမြင်သာမှုရှိစေရေး အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၏ အစီအစဉ်ဖြင့် ဩဂုတ်လမှစတင်၍ ရန်ကုန် တိုင်း ဒေသကြီးအတွင်းရှိ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်း အသီးသီးတွင် CCTV ကင်မရာ တပ်ဆင် ၍ မှတ်တမ်းတင်ထားရှိခြင်း ဖြစ်သည်။

လမ်းမတော်မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် တရားလိုသက်သေနှင့် တရားခံတို့ကို စစ်ဆေးခြင်း၊ ဖြစ်ပွား သည့် အမှု နှင့် ပတ်သက်၍ စစ်ဆေးဆောင်ရွက်မှု များအစရှိသည်တို့ကို လုပ်ထုံးလုပ် နည်းနှင့် အညီ မှတ်တမ်းတင်ထားရှိ မည်ဖြစ်သည်။ အဆိုပါ မှတ်တမ်းကို အချိန်မရွေးပြန်လည်ကြည့်ရှုနိုင် မည် ဖြစ်သည်။

မြို့နယ်ရဲတပ်ဖွဲ့စခန်းတွင် CCTV ကင်မရာတပ်ဆင်ထားရှိမှုနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးဝင်းနိုင်ဦး၊ မြို့နယ် အတွင်းရှိ ရပ်မိရပ်ဖအဖွဲ့ဝင်များကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ကြည်နှင့် ဒုတိယစခန်းမှူး ရဲအုပ်ဆန်းထွန်းတို့က စခန်းအတွင်း လိုက်လံရှင်းလင်းပြ သကြသည်။

(မျိုးမင်းသူရ)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ရဲစခန်းတွင် အမှုစစ်ခန်းနှင့် ပြည်သူ့ဝန်ဆောင် မှု အကူ အညီပေးရေး အဖွဲ့တို့၏ လုပ်ဆောင်ချက်များကို CCTV ကင်မရာတပ်ဆင်၍ မှတ်တမ်း တင်ထားရှိကြောင်း လမ်းမတော်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ကြည်၏ ပြောကြားချက် အရသိရ သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များအား အများပြည်သူတို့ ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၏ အစီအစဉ်ဖြင့် ဩဂုတ်လမှစတင်၍ ရန်ကုန် တိုင်း ဒေသကြီးအတွင်းရှိ မြန် မာနိုင်ငံရဲတပ်ဖွဲ့ စခန်း အသီးသီးတွင် CCTV ကင်မရာ တပ်ဆင် ၍ မှတ်တမ်းတင်ထားရှိခြင်း ဖြစ်သည်။

လမ်းမတော်မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် တရားလိုသက်သေနှင့် တရားခံတို့ကို စစ်ဆေးခြင်း၊ ဖြစ်ပွား သည့် အမှု နှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်မှု များအစရှိသည်တို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ မှတ်တမ်းတင် ထားရှိ မည်ဖြစ်သည်။ အဆိုပါ မှတ်တမ်းကို အချိန်မရွေးပြန်လည်ကြည့်ရှုနိုင် မည် ဖြစ်သည်။

မြို့နယ်ရဲတပ်ဖွဲ့စခန်းတွင် CCTV ကင်မရာတပ်ဆင်ထားရှိမှုနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးဝင်းနိုင်ဦး၊ မြို့နယ် အတွင်းရှိ ရပ်မိရပ်ဖအဖွဲ့ဝင်များကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ကြည်နှင့် ဒုတိယစခန်းမှူး ရဲအုပ်ဆန်းထွန်းတို့က စခန်းအတွင်း လိုက်လံရှင်းလင်းပြ သကြသည်။

(မျိုးမင်းသူရ)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

0 comments to “အမှုစစ်ဆေး စဉ် ပွင့်လင်းမြင်သာမှု ရှိစေရေး CCTV ကင်မရာဖြင့် မှတ်တမ်းတင် ထားရှိမည် ”

Post a Comment