Saturday, August 3, 2013

လိမ်ရင် လဲ ပိပိရိရိလိမ်

,

( ထောက်လှမ်းရေး ၇ ကို လွမ်းနေတဲ့  ရဲမိုး )
+++++++++++++++++++++++++

အဲဒါကတော့ ထောက်လှမ်းရေးက နေ အနားယူလိုက်ရတဲ့ အစ်ကိုကြီး တစ်ယောက် ပြောထားတာပါ... အဲဒီ အချိန်တုန်းက ထောက်လှမ်းရေး တပ်ဖွဲ့မှာ.. ထောက်လှမ်းရေး တပ် ၄ တပ်ပဲ ရှိပါသေးတယ်... သူတို့တွေ စစ်တပ်ကို သိက္ခာချဖို့ စာထဲက ရေးထားတာတွေမှာ ထောက်လှမ်းရေး တပ်က လက်ရုံးအပါ ဆိုရင် ၁၅ ရင်းတောင် ဖြစ်နေတယ်...



နောက်ပြီးရုံးစာက SD မကျပါဘူး... အရေးကြီးရုံးစာ တစ်စောင်ရဲ့ အရည်အသွေး တစ်စက်မှမပါပါဘူး တပ်မှာရုံးစာကို ရိုတ်တာ သင်တန်းဆင်း တကက(စရ)မို့ SDအောက်စရာ အကြောင်း(လုံးဝ)မဖြစ်နိုင်ပါဘူး ဒီလိုစာမျိုးဆိုရင် အနိမ့်ဆုံးစာ ရိုက်သူဟာ ရုံးအုပ်ချုပ်(အရာခံဗိုလ်) လောက်ဖြစ်ရပါမယ် လုံခြုံရေးအရ အရာရှိမျက်မြင် အောက်မှာဖြစ်ပြီး အပိုရိုက်လို့ လဲ(လုံးဝ) မရပါဘူး...

SD မကျပုံကတော့... သို့ ဆိုတဲ့ နေရာနဲ့ စာအမှတ်တွေနဲ့ တန်းတူတွေ ဖြစ်နေတယ်... တပ်နာမည်တွေ အပြည့်အစုံတွေ ရေးထားတယ်... အဲဒါက တပ်အကြောင်း နားမလည်တဲ့ လူတွေ ရေးထားမှန်း သိသာပါတယ်... အမှန်တကယ်က... တပ်အတိုခေါက်လေးတွေပဲ ရေးရတာပါ... နောက်ပြီး အကြောင်း အရာ ရေးပုံကလဲ အထား အသိုလ် မှားနေတယ်... ပြီးတော့ စာတွေက တစ်ဆက်တည်းတွေ ရေးထားတာတွေက သာမန်စာတွေ ရေးထားသလိုပါပဲ... တကယ့်ကို အရေးကြီးရုံးစာ တစ်စောင်ရဲ့ ပုံစံ အံဝင်ဖို့ မပြောနဲ့ ရိုးရိုးရုံးစာ တစ်စောင်ရဲ့ ပုံစံတောင် မကျပါဘူး...

ထိပ်တန်း(လ၀)ဆိုရင် လေးခေါက်ချိုး စာအိပ်နှစ်ထပ်တွင်ထည့် ချိပ်ထိုးထားလို့  ခေါက်ရိုးလုံဝ ပြန်မပျံ့ နိုင်ပါ.. ဒီလို SD မကျတဲ့ရုံးစာကို ဗိုလ်ချုပ် အဆင့်မပြောပါနဲ့  တပ်ခွဲမှူးအဆင့်တောင် လက်မှတ်မထိုးပါဘူး ခင်ဗျာ...

နောက်ပြီး ကာလ အားဖြင့် ပြောရရင် ၈၈၈၈ အရေးအခင်း အဖြစ် ပြဿနာ ဆူပူမှု စဖြစ်တာက ၁၉၈၈ မတ် လ ၁၃ ရက်နေ့မှာ မောင်ဘုန်းမော် သေဆုံး ရာက စဖြစ်ခဲ့တာပါ... စစ်တပ်က အာဏာလွဲပြောင်း ယူလိုက်တာက... စက်တင်ဘာလ ၁၈ ရက်နေ့ နောက်ပိုင်းမှာ အာဏာ လွဲပြောင်း ယူလိုက်ရတာပါ...

အခု ဒီစာအတုမှာ ပါတာက ၁၉၈၈ သြဂုတ် လ ၂၂ ရက်လို့ ပါပါတယ်... အဲဒီ စာအတုက ရက်စွဲနဲ့ စစ်တပ်က အာဏာ လွဲပြောင်းယူလိုက်တာနဲ့ ဆို ကြားထဲမှာ တစ်လ လောက်ပဲ ရှိပါတယ်... စစ်တပ် ဆိုတာ အမိန့် ရပြီး မှ ဆောင်ရွက်ကြရတာပါ...

သို့ပေမယ့်... ကျောင်းသား ခေါင်းဆောင်ပါ ဆိုတဲ့ သူတွေက ဦးဆောင်ပြီး လူအများရှေ့မှာ.. ဦးနေ၀င်းနဲ့ ဦးနေ၀င်း သမီးက စေခိုင်းတဲ့ သူတွေ၊ စစ်တပ်က သူလျှိုတွေ ပါဆိုပြီး.. စီမံကိန်းက ၀န်ထမ်းတွေနဲ့ အခြား ၀န်ထမ်းတွေ.. ပြည်သူတွေကို မီးပုံရှို့သတ်တယ်.. အရှင်လတ်လတ် ခေါင်းဖြတ်သတ်ပြီး.. ထုတ်တိုင်မှာ ခေါင်းကိုချိတ် ဆွဲထားတယ်... နောက်ပြီး ကျောင်းတွေ ကို ဖျက်စီးတယ်.. နိုင်ငံတော် ပိုင်ပစ္စည်းတွေကို ဖျက်စီးခဲ့ကြတယ် ဆိုတာ အခု ဒီစာပါ ရက်စွဲ ၂၂ မတိုင်ခင် ဖြစ်ပွားခဲ့တာတွေချည်းပါ...သူလျှိုတွေ ပါဆိုပြီး စွပ်စွဲတဲ့ ကာလအပိုင်းအခြားနဲ့ အခု ဒီစာတုပါ ကာလအပိုင်းအခြား လွဲနေပါတယ်...

သြဂုတ်လ ၂၂ ရက်နေ့ နောက်ပိုင်းမှာ တပ်မတော်က အဖျက်အမှောက် လုပ်ငန်းတွေ လုပ်နိုင်ဖို့ နေနေသာသာ... အခု ဒီစာအတုပါ... ရက်စွဲ နောက်ပိုင်း... ၁၉၈၈ စက်တင်ဘာ ၁၁ မှာ ကျင်းပခဲ့တဲ့ စတုတ္တ အကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေးက ၃ လအတွင်းမှာ ပါတီစုံ စနစ်နဲ့ အထွေထွေ ရွေးကောက်ပွဲ ကျင်းပ ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ အပြင် ပါတီစုံ ဒီမိုကရေစီ ကျင်းပရေ ကော်မတီကို ဖွဲ့စည်း ပေးခဲ့ပါတယ်... တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလဲ အမိန့်ကြော်ငြာစာ ကို ထုတ်ပြန်ကြေငြာ ပေးခဲ့ပါတယ်... ဒါပေမယ့်... ဆန္ဒပြတဲ့ သူတွေက နားမထောင်ပဲ... ကြားဖြတ် အစိုးရ ဖွဲ့ပေးဖို့ ပဲ တောင်းဆိုပြီး ဆန္ဒပြ အဖျက် လုပ်ရပ်တွေပဲ လုပ်နေခဲ့ပါတယ်...

ပြီးတော့ ရန်ကုန်မြို့ ကမ်းနားလမ်းက ကုန်သွယ်ရေး ရုံးကို စောင့်ကြပ်နေကြတဲ့ စစ်သားတွေက... လက်နက်ခဲယမ်း အပြည့်အစုံ ရှိရဲ့သားနဲ့ ဆန္ဒပြတဲ့ လူတွေ အများစု သေချေ ပျက်စီးရမှာမို့ ပစ်မိန့်မပေးပဲ လက်နက် ချခိုင်းခဲ့ရတယ်.... သို့ပေမယ့်... စစ်သားများ ကို ဆန္ဒပြတဲ့ လူအုပ်ကြီးက... ဖမ်းစီးပြီး လက်နက်ခဲယမ်းတွေကို ယူသွားကြလို့... ကျောင်းသားတွေ လက်ထဲမှာ လက်နက်တွေ၊ ဗုံးသီးတွေ... အမြှောက်ဆံတွေ...ေ၇ာက်သွားခဲ့ရပါတယ်... အဲဒါကို အမြန်ထိန်းသိမ်းနိုင်ဖို့ အတွက်... စက်တင်ဘာလ ၁၈ ရက်နေ့ နောက်ပိုင်းမှာ အာဏာ လွဲပြောင်း ယူလိုက်ရတာပါ...

ဒီ အချက်အလက်တွေက အခု ဒီမိုတွေ ဖြန့်ဝေလိုက်တဲ့ ထိပ်တန်းလျှိုဝှက်ပါ ဆိုတဲ့ စာဟာ အတုဖြစ်ပြီး ၈၈၈၈မှာလည်း စစ်တပ်က အဖျက်အမှောက် လုပ်ငန်းတွေကို မလုပ်ခဲ့ဘူး လုပ်ကြံဖန်တီး ၀ါဒဖြန့် ခံခဲ့ရတယ် ဆိုတဲ့ သက်သေ တစ်ခုပါ...

အဲဒါကြောင့် ဒီမိုတွေ.. အဖျက်သမားတွေ... ၈၈၈၈ က အာဝါဒါးတွေ... စစ်တပ်ကို နာမည်ပျက်အောင် ၀ါဒဖြန့်ချင်ရင် စစ်ဘက် စာလေးနဲ့ ဖြစ်ပွားခဲ့တဲ့ ကာလအပိုင်းအခြားလေးကို သေချာ စုံစမ်းလေ့လာပြီး မှ ယုတ္တိ ရှိရှိ ရေးပါလို့ ပဲ ပြောလိုက်ချင်တော့တယ်ဗျာ...


Source_Ye Moe

0 comments to “လိမ်ရင် လဲ ပိပိရိရိလိမ်”

Post a Comment