Monday, August 5, 2013

ဆူးလေ ရထားခုံးကျော်တံတားပေါ်မှ ပါဂျဲရိုးယာဉ် သံလမ်းပေါ်ထိုးကျ

,

Photo: ဆူးလေ ရထားခုံးကျော်တံတားပေါ်မှ ပါဂျဲရိုးယာဉ် သံလမ်းပေါ်ထိုးကျ
Monday, August 05, 2013

ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းနှင့် အလံပြဘုရားလမ်းဆုံရာ ရထား ခုံးကျော်တံတားပေါ်မှ ပါဂျဲရိုးယာဉ်တစ်စီး အရှိန်လွန်ကာ ရထားသံလမ်းပေါ် ပြုတ်ကျ တိမ်းမှောက်မှု သြဂုတ်လ ၄ ရက် နံနက် ၁၁ နာရီ မိနစ် ၂၀ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက The Voice သို့ ပြောကြားသည်။

အသက် ၂၅ နှစ်အရွယ် မစိုးစိုးယုနှင်း မောင်းနှင်လာသော အဆိုပါယာဉ်သည် သံဈေးမှ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်သို့အပြန် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ အလံပြဘုရားပေါ်ရှိ ခုံးကျော်တံတားတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းပလက်ဖောင်းကို ကျော်တက်၍ တံတားလက်ရမ်းတိုင်ကို တိုက်ကာ ရထားသံလမ်းပေါ်သို့ ပြုတ်ကျခဲ့ကြောင်း အဆိုပါအမှုကို စစ်ဆေးနေသည့် ရဲအရာရှိက ပြောကြားသည်။

“ဝုန်းဆိုတဲ့ အသံကြားပြီး စက္ကန့်ပိုင်းမှာပဲ သံလမ်းပေါ်ကို ကားခေါင်းစိုက်ကျလာပြီး ပက်လက်လန်သွားတယ်၊ လူတွေညပ်ပြီး ထွက်လို့မရဘူး၊ ကျွန်မတို့က လေးငါးယောက်ပဲရှိတော့ ဘူတာက လူတွေကို အော်ခေါ်ပြီး လူ ၁၅ ယောက်လောက်က ကားကို ဝိုင်းတွန်းပြီး အထဲကလူတွေကို မနည်းဆွဲထုတ်ခဲ့ရတာ” ဟု ရန်ကုန်ဘူတာကြီးတွင် ဈေးရောင်းနေစဉ် လိုက်လံ ဖမ်းဆီးသဖြင့် အဆိုပါ ခုံးတံတားအောက်တွင် လာရောက် ပုန်းခိုနေသူ အသက် ၃၀ နှစ်အရွယ်ခန့် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ယာဉ်ပြုတ်ကျစဉ် အသက်ကယ်လေအိတ် ပွင့်ထွက်ခြင်းသည်ကို တွေ့ခဲ့ရကြောင်းနှင့် ယာဉ်မောင်းသူ အမျိုးသမီး တံတောင်ဆစ်တွင် သွေးထွက်နေသည်ကို တွေ့ရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ရန် ယာဉ်ပေါ်တင်ဆောင်စဉ် သတိမေ့ခဲ့ကြောင်း၊ အဆိုပါ ယာဉ်ပေါ်လိုက်ပါလာသူ ၎င်းအမျိုးသမီး၏ ဖခင်ဖြစ်သူမှာ နှာခေါင်းမှ သွေးများထွက်နေပြီး လမ်းမလျှောက်နိုင်သော်လည်း သတိမေ့ခြင်း မရှိကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

ယာဉ်မောင်းသူသည် ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်ပညာ သင်ကြားနေသူတစ်ဦး ဖြစ်ကြောင်း၊ ယာဉ်ပေါ်ပါသူများကို လတ်တလော စစ်ဆေးချက်အရ သာမန်ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရရှိကြောင်း အဆိုပါအမှုကို စစ်ဆေးနေသည့် ရဲအရာရှိက ပြောကြားသည်။

“ကားသေးဆိုရင် ဒီလိုကျဖို့ ရာခိုင်နှုန်း နည်းပါတယ်။ ပါဂျဲရိုးက အတက်ကားဆိုတော့ အရှိန်နဲ့ ပလက်ဖောင်းတုံးကို တိုက်မိချိန်မှာ လီဗာကို ဆောင့်နင်းလိုက်သလို ဖြစ်ပြီး ခုန်ထွက်သွားတာလည်း ဖြစ်နိုင်ပါတယ်” ဟု အခင်းဖြစ်စဉ်ကို ကြည့်ရှုသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

ယာဉ်ပြုတ်ကျ တိမ်းမှောက်မှုကို ယာဉ် ( ပ ) ၂၉/၁၃၊ ပြစ်မှု ပုဒ်မ-၂၇၉/၃၃၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းနှင့် အလံပြဘုရားလမ်းဆုံရာ ရထား ခုံးကျော်တံတားပေါ်မှ ပါဂျဲရိုးယာဉ်တစ်စီး အရှိန်လွန်ကာ ရထားသံလမ်းပေါ် ပြုတ်ကျ တိမ်းမှောက်မှု သြဂုတ်လ ၄ ရက် နံနက် ၁၁ နာရီ မိနစ် ၂၀ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက The Voice သို့ ပြောကြားသည်။

အသက် ၂၅ နှစ်အရွယ် မစိုးစိုးယုနှင်း မောင်းနှင်လာသော အဆိုပါယာဉ်သည် သံဈေးမှ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်သို့အပြန် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ အလံပြဘုရားပေါ်ရှိ ခုံးကျော်တံတားတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းပလက်ဖောင်းကို ကျော်တက်၍ တံတားလက်ရမ်းတိုင်ကို တိုက်ကာ ရထား သံလမ်းပေါ်သို့ ပြုတ်ကျခဲ့ကြောင်း အဆိုပါအမှုကို စစ်ဆေးနေသည့် ရဲအရာရှိက ပြောကြားသည်။

“ဝုန်းဆိုတဲ့ အသံကြားပြီး စက္ကန့်ပိုင်းမှာပဲ သံလမ်းပေါ်ကို ကားခေါင်းစိုက်ကျလာပြီး ပက်လက်လန် သွားတယ်၊ လူတွေညပ်ပြီး ထွက်လို့မရဘူး၊ ကျွန်မတို့က လေးငါးယောက်ပဲရှိတော့ ဘူတာက လူတွေ ကို အော်ခေါ်ပြီး လူ ၁၅ ယောက်လောက်က ကားကို ဝိုင်းတွန်းပြီး အထဲကလူတွေကို မနည်းဆွဲ ထုတ်ခဲ့ ရတာ” ဟု ရန်ကုန်ဘူတာကြီးတွင် ဈေးရောင်းနေစဉ် လိုက်လံ ဖမ်းဆီးသဖြင့် အဆိုပါ ခုံး တံတားအောက် တွင် လာရောက် ပုန်းခိုနေသူ အသက် ၃၀ နှစ်အရွယ်ခန့် အမျိုးသမီးတစ်ဦးက ပြော ကြားသည်။

ယာဉ်ပြုတ်ကျစဉ် အသက်ကယ်လေအိတ် ပွင့်ထွက်ခြင်းသည်ကို တွေ့ခဲ့ရကြောင်းနှင့် ယာဉ်မောင်းသူ အမျိုးသမီး တံတောင်ဆစ်တွင် သွေးထွက်နေသည်ကို တွေ့ရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ရန် ယာဉ်ပေါ်တင်ဆောင်စဉ် သတိမေ့ခဲ့ကြောင်း၊ အဆိုပါ ယာဉ်ပေါ်လိုက်ပါလာသူ ၎င်းအမျိုးသမီး၏ ဖခင်ဖြစ်သူမှာ နှာခေါင်းမှ သွေးများထွက်နေပြီး လမ်းမလျှောက်နိုင်သော်လည်း သတိမေ့ခြင်း မရှိကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

ယာဉ်မောင်းသူသည် ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်ပညာ သင်ကြားနေသူတစ်ဦး ဖြစ်ကြောင်း၊ ယာဉ်ပေါ်ပါသူများကို လတ်တလော စစ်ဆေးချက်အရ သာမန်ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရရှိကြောင်း အဆိုပါအမှုကို စစ်ဆေးနေသည့် ရဲအရာရှိက ပြောကြားသည်။

“ကားသေးဆိုရင် ဒီလိုကျဖို့ ရာခိုင်နှုန်း နည်းပါတယ်။ ပါဂျဲရိုးက အတက်ကားဆိုတော့ အရှိန်နဲ့ ပလက်ဖောင်းတုံးကို တိုက်မိချိန်မှာ လီဗာကို ဆောင့်နင်းလိုက်သလို ဖြစ်ပြီး ခုန်ထွက် သွားတာ လည်း ဖြစ်နိုင်ပါတယ်” ဟု အခင်းဖြစ်စဉ်ကို ကြည့်ရှုသူ အမျိုးသားတစ်ဦး က ပြောကြား သည်။

ယာဉ်ပြုတ်ကျ တိမ်းမှောက်မှုကို ယာဉ် ( ပ ) ၂၉/၁၃၊ ပြစ်မှု ပုဒ်မ-၂၇၉/၃၃၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

0 comments to “ဆူးလေ ရထားခုံးကျော်တံတားပေါ်မှ ပါဂျဲရိုးယာဉ် သံလမ်းပေါ်ထိုးကျ ”

Post a Comment