Monday, August 5, 2013

အီဂျစ် နိုင်ငံရေးနှင့် စပ်လျဉ်း၍ ဘန်ကီမွန်းနှင့် ကတ်သရင်း အက်ရှ်တန် အလေးထား ဆွေးနွေး

,
နယူးယောက်  သြဂုတ်   ၁
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ ကတ်သရင်း အက်ရှ်တန်တို့ နှစ်ဦးသည် အီဂျစ်နိုင်ငံအတွင်း ဖြစ်ပွားလျက် ရှိသည့် အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ဇူလိုင် ၃၁ ရက်က အလေးထား ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဘန်သည် အီဂျစ်နိုင်ငံသို့ ယခုလ အတွင်းက ဒုတိယ အကြိမ်မြောက်သွား ရောက်လည်ပတ်ခဲ့သည့် အက်ရှ်တန်၏ ခရီးစဉ်နှင့် စပ်လျဉ်း ၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယင်းသို့လည်ပတ်စဉ် အတွင်း သူမသည် ရာထူးမှဖြုတ်ချခြင်း ခံထားရသော သမ္မတဟောင်း မိုဟာမက် မော်စီနှင့် တွေ့ဆုံခဲ့ကြောင်း ကုလသမဂ္ဂမှ ပြောရေး ဆိုခွင့်ရှိသူ မာတင်နီဆာကီ က ပြောကြားခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ်အတွင်း ဘန်နှင့် အက်ရှ်တန်တို့ နှစ်ဦးသည် အီဂျစ်နိုင်ငံတွင် ဖြစ်ပွားလျက် ရှိသည့် အကြမ်းဖက်မှုများနှင့် ဆန္ဒပြမှုများကို ရပ်တန့်နိုင်ရန် အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးပါဝင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ရပ် ကျင်းပရန် အရေးကြီး ကြောင်း တညီတညွတ်တည်း ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် အရှေ့ အလယ်ပိုင်း ငြိမ်းချမ်းရေးနှင့် စပ်လျဉ်း၍လည်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

0 comments to “အီဂျစ် နိုင်ငံရေးနှင့် စပ်လျဉ်း၍ ဘန်ကီမွန်းနှင့် ကတ်သရင်း အက်ရှ်တန် အလေးထား ဆွေးနွေး ”

Post a Comment