Tuesday, August 20, 2013

အကြမ်းဖက်မှုစုံစမ်းစစ်ဆေးတိုက်ဖျက်ရေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

,

နေပြည်တော်၊ သြဂုတ် ၂၀

၁၉-၈-၂၀၁၃ ရက်နေ့ ၀၈၀၀ အချိန်မှ ၀၈၃၀ အချိန်ထိ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အောင်သပြေတပ်ခွဲ၊ ဧည့်ရိပ်သာခန်းမ၌ အကြမ်းဖက်မှုစုံစမ်း စစ်ဆေးတိုက်ဖျက်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ စီမံရေးနှင့်လေ့ကျင့်ရေးဌာနမှူး ရဲမှူးကြီး ကျော်စိုး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သင်တန်းသားအရာရှိများ၊ အမေရိကန် သံရုံးမှ ဒုတိယအတွင်းဝန် Ms.KAY M.FILLINGHAM သင်တန်းနည်းပြ အမေရိကန်နိုင်ငံသား MR. SAN GREY နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသားအရာရှိ(၁၃)ဦး တက်ရောက်လျက်ရှိကြောင်းနှင့် သင်တန်းကာလမှာ ရက်သတ္တ(၂)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments to “အကြမ်းဖက်မှုစုံစမ်းစစ်ဆေးတိုက်ဖျက်ရေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်”

Post a Comment