Monday, August 5, 2013

တရုတ်ကြေးနီတူးဖေါ်ရေးကြောင့် နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိ ဗုဒ္ဓဆင်းတုတော် ၂၀၀ ကျော်လောက်ဖျက်စီးခံရတော့မည်

,

Documentary မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးသူနဲ့ Northwestern University မှ Medill School of Journalism မှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူ Brent Huffman ဟာ အာဖကန်နစ္စတန်နိုင်ငံ Mes Aynak အရပ်ဒေသမှ တရုတ်ကြေးနီသတ္တုတွင်း လုပ်ငန်းအကြောင်းကို လိုက်လံ စုံစမ်းလေ့လာနေပါတယ်။ အကြောင်းကတော့ အဲဒီ အနားမှာ ရှိနေတဲ့ နှစ်ပေါင်း ၂၀၀၀ ကြာပြီ ဖြစ်တဲ့ ဗုဒ္ဓဆင်းတုတော် ၂၀၀ ကျော်လောက်ဟာ အကာအကွယ်မဲ့နေတဲ့ အနေအထားနဲ့ ကြုံနေရလို့ပါ။


၂၀၁၄ မှာ ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်တန် လုပ်ငန်းစဖို့ အသင့်အနေအထားရှိနေတဲ့ အဲဒီဒေသကို French Archaeological Delegation in Afghanistan (DAFA) ရဲ့ ဒါရိုက်တာ Philippe Marquis ဦးဆောင်တဲ့ ရှေးဟောင်းသုတေသနပညာရှင်များ (Archaelogists) ကတော့ အချိန်မီ ကယ်တင်နိုင်ဖို့ ရုန်းကန်နေရပါတယ်။ သူတို့ရဲ့ ရှေးဟောင်းသုတေသန လုပ်ငန်းခွင်လဲ ဖြစ်ပါတယ်။ သူတို့အနေနဲ့ အနည်းဆုံးလုပ်နိုင်မဲ့ အနေအထားကတော့ ၂၀၁၄ မတိုင်မီ တတ်နိုင်သလောက် ပြောင်းရွှေ့ခြင်းနဲ့ မှတ်တမ်းပြုစုထားနိုင်ဖို့ မျော်လင့်ပါသတဲ့။



China Metallurgical Group Corporation (MCC) ရဲ့ ညွန်ကြားရေးမှူးချုပ် Zhenguo Liu ကတော့ သူတို့အနေနဲ့ အဲဒီဒေသမှာ ရှေးဟောင်းသုတေသနလုပ်ငန်းခွင် ရှိမှန်းလည်း မသိပါဘူးလို့ ခပ်တည်တည်ပဲ ပြောသွားပါတယ်။ နောက်ပြီး၊ သိပ်မကြာခင် ပြဿနာတွေ ပြေလည်သွားမှာပါဆိုပြီး ခပ်ပေါ့ပေါ့လေးလည်း ပြောထားပါတယ်။ လုပ်ငန်းရပ်ဖို့တော့ တစ်ခွန်းမှ မဟသွားပါ။

တာလီဘန်တွေရဲ့ ခြေကုတ်ယူထားတဲ့ အဲဒီဒေသမှာ နှစ်ပေါင်း ၅၀၀ လောက် သက်တမ်းရှိတဲ့ ဒေသခံရွာတွေ အများအပြားကိုလဲ ပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်။ ဒေသခံများကိုတော့ လျှော်ကြေး မဖြစ်စလောက်လေးပေးပြီး မောင်းထုတ်ဖို့ လုပ်နေတာပါ။

ဒေသခံများက မကျေနပ်လို့ အစိုးရကိုတိုင်လဲ ပြန်ပြီးသာ အရိုက်ခံရ တတ်ပါသတဲ့။ ဒေသခံ တစ်ဦးပြောတာက ကျနော်တို့ ဘိုးဘွား၊ ဘီဘင် လက်ထက်ကတည်းက နှစ်ပေါင်းရာချီပြီး အေးအေးဆေးဆေးနေလာတဲ့ အိမ်ပိုင်၊ ယာပိုင် ဘ၀ကနေ လမ်းဘေးတောင်းစားရတဲ့ ဘ၀ကို ရောက်ရတော့မယ်လို့ ပြောပါတယ်။

ကိုယ်းကား >> အင်တာနက်

0 comments to “တရုတ်ကြေးနီတူးဖေါ်ရေးကြောင့် နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိ ဗုဒ္ဓဆင်းတုတော် ၂၀၀ ကျော်လောက်ဖျက်စီးခံရတော့မည်”

Post a Comment