Wednesday, August 21, 2013

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနှင့် ပြည်ထောင်စုဝန်ကြီးများ တွေ့ဆုံဆွေးနွေး

,


Created on Wednesday, 21 August 2013 01:40

သြဂုတ် ၂၀ ရက်က နေပြည်တော်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားနှင့် ပြည်ထောင်စုဝန်ကြီးများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် ကင်တားနားသည် ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မွန်းလွဲပိုင်းတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မစ္စတာ ကင်တားနားသည် ပြည်ထောင်စု ၀န်ကြီးများနှင့် အမျိုးသားကျန်းမာရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ကျန်းမာရေးဆောင်ရွက်မှု လက်လှမ်းမီစေရေးအတွက် ရခိုင်ပြည်နယ်တွင် ကျန်းမာရေး ဦးစီးဌာနက ဆောင်ရွက်နေမှု၊ ရွေ့လျားပြည်သူများ (IDP) အရေးဆွေးနွေးမှု၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုနှင့် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့ကြား ဆက်လက်ဆောင်ရွက်မည့် ကိစ္စများ၊ အလုပ်သမားရေးရာ ကိစ္စများ၊ အဓမ္မ စေခိုင်းမှု ပပျောက်ရေးဆိုင်ရာ ကိစ္စများ၊ ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ မိသားစုများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စများ၊ အမျိုးသမီး အခွင့်အရေးဆိုင်ရာ အကြောင်းအရာများနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စများတို့ကို ဆွေးနွေးခဲ့သည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြား၏ ထုတ်လွှင့်မှုအရ သိရသည်။

0 comments to “ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနှင့် ပြည်ထောင်စုဝန်ကြီးများ တွေ့ဆုံဆွေးနွေး”

Post a Comment