Friday, August 16, 2013

တာချီလိတ် မြို့နယ်၌ လက်နက် ခဲယမ်းများ ဖမ်းဆီး ရမိ ……….

,
နေပြည်တော် သြဂုတ် ၁၅
ရှမ်းပြည်နယ် တာချီလိတ မူးယစ် (အထူး) အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၅နာရီက သက်သေ များနှင့် အတူ တာချီလိတ် မြို့နယ် ပါခုတ်နိုရွာ အပြင်ဘက် ရော်ဘာခြံ လမ်းတွင် ပါခုတ်နိုရွာနေ စိုင်းအွတ် ၃ဝနှစ် စီးနင်း လာသည့် ဆိုင်ကယ်အား ရပ်တန့် ရှာဖွေခဲ့သည်။ ထိုသို့ ရှာဖွေရာ စိုင်းအွတ်လွယ် ထားသည့် အပြာရောင် ဂျင်းလွယ် အိတ်အတွင်းမှ Beretta အမျိုးအစား အမေရိကန် နိုင်ငံလုပ် ၉မမ ပစ္စတို တစ်လက်၊ ၎င်းကျည်အိမ် တစ်ခုနှင့် ကျည်နှစ် တောင့် တို့အား သိမ်းဆည်း ရမိခဲ့သည်။
စစ်ဆေးချက်အရ စိုင်းအွတ်သည် လွန်ခဲ့သော နှစ်နှစ်ခန့် ကတည်းက ခင်မင်ရင်းနှီးခဲ့သည့် ထိုင်းနိုင်ငံ မယ်ဆိုင် တွင်နေ ထိုင်ပြီး ဖတ်ဟိရေဆိပ်သို့ မကြာခဏ လာရောက်လေ့ရှိသူ ထိုင်းနိုင်ငံသား ကျိန်ခမ်း(ခ) အိုက်ခမ်းအား ၂ဝ၁၂ ခုနှစ် စက်တင်ဘာလတွင် ၎င်းမှ ဝက်များ ပို့ဆောင်စဉ် အသက်အန္တရာယ် လုံခြုံရေးအတွက် သေနတ်တစ်လက် လိုအပ်သဖြင့် ရှာဖွေ ဝယ်ယူပေးရန် အကူအညီ တောင်းခံခဲ့ကြောင်း၊ ယခုသိမ်းဆည်း ခံရသော လက်နက် ခဲယမ်းများအား ကျိန် ခမ်း(ခ) အိုက်ခမ်းမှ ထိုင်းဘတ်ငွေ ၇ဝဝဝဝဖြင့် ရောင်းချ ပေးခဲ့သဖြင့် ကိုင်ဆောင်ခဲ့သည်မှာ ယနေ့အထိ ဖြစ်ကြောင်း သိရှိ ရသည်။
သို့ဖြစ်၍ စိုင်းအွတ်အား ဝမ်ပုံမြို့မ ရဲစခန်း (ပ)၁ဝ/ ၂ဝ၁၃၊ ရှမ်းလက်နက်အမိန့် ၁၂(က)ဖြင့် အမှုဖွင့် အရေးယူထားပြီး ကျိန်ခမ်း(ခ) အိုက်ခမ်းအား ဖမ်းဆီးရ မိရေး ထိုင်းနိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် ဆက်သွယ် ဆောင် ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

0 comments to “တာချီလိတ် မြို့နယ်၌ လက်နက် ခဲယမ်းများ ဖမ်းဆီး ရမိ ……….”

Post a Comment