Friday, August 23, 2013

၈၈တွေအပေါ် နိုင်ငံရေး ဘိုးအေကြီးတွေက ဒီလိုမြင်တယ်

,

အရင်တုန်းက ဦးသန်းဝင်းဆိုတဲ့ လူကြီးကို သဘောမကြခဲ့ဘူး ။
ညနေက ကျွန်တော့်မိတ်ဆွေ ဦးစိမ်းမြင့်က ဦးသန်းဝင်းအတွက်
သီတဂူ ဆရာတော်ကြီးရဲ့ တရားအခွေ သွားပို့ချင်လို့ လိုက်ခဲ့ပါ
ဆိုလို့လိုက်သွားရင်း .....

စိမ်း..ဆရာ နေကောင်းရဲ့လားဆရာ အလုပ်တွေရှုပ်နေတာလား ။

သန်း...အော် ကိုစိမ်းမြင့်တို့ပါလား (ကျွန်တော့်ကိုပါရည်ညွှန်းသည်) ။
နေကောင်းပါတယ်ဗျာ လူကအိုလာတော့လဲ အမြဲတမ်းတော့ ဘယ်
ကောင်းပါ့မလဲ ။ လမ်းကြုံလို့ ၀င်လာတာလား ။

စိမ်း...ဆရာ့အတွက် တရားခွေလာပို့တာပါဆရာ သတင်းတွေရော
ဘာထူးသေးလဲဆရာ ။

သန်း...တရားခွေလာပို့လို့ ကျေးဇူးတင်လိုက်တာ ကိုစိမ်းမြင့်ရယ် ။
သတင်းတွေကတော့လောလောဆယ်ဘာမှမထူးပါဘူး နိုင်ငံရေးလော
က ကတော့ ဒီလိုပဲပေါ့ဗျာ သဗွတ်အူနဲ့ စာဗူးတောင်းလိုပေါ့ ။

စိမ်း...ကျွန်တော်ကြားတာရှိတယ်ဆရာ ။

သန်း...ပြောဗျာ ဘာကြားသတုန်း ။

စိမ်း...ကင်တားနား မိတ္ထိလာကိုသွားတုန်းက မိတ္ထိလာပြည်သူတွေနဲ့
၈၈အဖွဲ့တို့ပူးပေါင်းပြီးဆန္ဒပြကြတယ်ဆရာ ၊ အဲ့ဒါကို ရန်ကုန်အခြေစိုက်
၈၈အဖွဲ့တွေက ကင်တားနားကိုဆန္ဒပြရပါ့မလားလို့ မိတ္ထိလာက ၈၈တွေ
နဲ့ ပြည်သူတွေကို ပြင်းပြင်းထန်ထန် သတိပေးတယ်တဲ ။

သန်း... (ခေတ္တ ပါးစပ်အဟောင်းသားနှင့် ) ဟေ ဟာ ဒီအကောင်တွေ
လုပ်နေတာတွေမဟုတ်တော့ဘူးကွာ ၊ ကင်တားနားကိုဆန္ဒပြတာ ဘာဖြစ်လဲ
ဒါဟာ မကြိုက်ရင် ဆန္ဒပြခွင့်ရှိတယ်လေ ။ ၈၈လုပ်ပုံတွေမဟုတ်တော့ဘူး
စိမ်းမြင့်ရေ မိမိအဖွဲ့အစည်းတစ်ခု ကမ္ဘာ့အလယ်မှာ မျက်နှာရ ထင်ပေါ်စေ
ချင်တဲ့စိတ်ကြောင့်တော့ အမျိုးသားရေးကိုသစ္စာမဖောက်သင့်ဘူး ။ ဒီကောင်
တွေ အမျိုးသားရေးကိုသစ္စာဖောက်နေတာတွေ တော်တော်များနေပြီ စိမ်းမြင့် ။

ကျွန်တော်...(ဆရာဦးသန်းဝင်း၏လက်ကိုဆွဲ၍) ဆရာ့ဆီက ဒီစကားမျိုးကြား
ရတာ ၀မ်းသာလိုက်တာဗျာ ။

သန်း... ကျုပ်က နိုင်ငံရေးသမားစစ်စစ်ဗျ ၊ ဘယ်သူတွေဘယ်ခြေလှမ်း လှမ်းရင်
ဘာလုပ်မယ်ဆိုတာသိပြီးသား ။

စိမ်း...ဆရာရေ ကျွန်တော်တို့ပြန်အုံးမယ် ။

သန်း... အေးဗျာ...တရားခွေ ပေးတဲ့အတွက် သာဓုပါ ။

အော်....မေ့နေလို့ဗျို့ ...ဦးသန်းဝင်းဆိုတာ 1990ခုနှစ်က NLD ပါတီရဲ့ ဧရာ
ဝတီတိုင်း သာပေါင်းမြို့နယ် အမတ်လောင်း ၀ါရင့်သမ္ဘာရင့် နိုင်ငံရေးသမားကြီး
ကျောင်းဆရာဟောင်းကြီးတစ်ဦးပါ ။ သမိုင်းသင်တဲ့နေရာမှာ အလွန်နာမည်ကြီးတဲ့ဆရာ
ကြီးပါ ။ ပုသိမ်မှာ ဒေါ်စုကြည်လာတော့ ဒေါ်စုကြည်ရဲ့ လုပ်ပုံကိုင်ပုံတွေ ပုံမကျယုံမျှ
မက NLD အတွက်နှစ်ပေါင်းများစွာ ဘ၀တွေစတေးခဲ့ရတဲ့ ဆရာကြီးဦးသန်းဝင်းလို
သမ္ဘာရင့်နိုင်ငံရေးသမား ထေရ်ကြီးဝါကြီးတွေအပေါ်မှာ ထောက်ထားငဲ့ညှာခြင်းမရှိ
တာကြောင့် ဦးသန်းဝင်းအပါအ၀င် NLD အချို့ နှုတ်ထွက်ရလောက်အောင် ပဋိပက္ခ
ဖြစ်ခဲ့ပါတယ် ။ ဆရာဦးသန်းဝင်းကတော့ လူမှုကယ်ဆယ်ရေးအဖွဲ့လေးဖွဲ့ပြီး ယနေ့တိုင်
နိုင်ငံတော်အကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်နေလျှက်ပါ ။

ဦးစိမ်းမြင့်ဆိုတာ NLD ဟောင်း တစ်ဦးလဲဖြစ်သလို ကျောင်းဆရာဟောင်းတစ်ဦးလဲဖြစ်ပါတယ် ။
ညီသုတ(ပြည်)

0 comments to “၈၈တွေအပေါ် နိုင်ငံရေး ဘိုးအေကြီးတွေက ဒီလိုမြင်တယ်”

Post a Comment