Thursday, August 15, 2013

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဟောင်းနှင့် အမေရိကန်နိုင်ငံ ကာကွယ်ရေး ဒုတိယဝန်ကြီးဟောင်း တို့အား လက်ခံတွေ့ဆုံ

,


နေပြည်တော် - သြဂုတ် ၁၄

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဟောင်းနှင့် အမေရိကန် နိုင်ငံ ကာကွယ်ရေးဒုတိယဝန်ကြီးဟောင်း Dr. Paul Wolfowitz ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အတူ ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသော ဦးလှမြင့်ဦး၊ ဦး‌ဋ္ဌေးမြင့်၊ ကော်မတီအဖွဲ့ဝင် ဒေါက်တာဝင်းမြင့်၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ထွန်း နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် သည်။ (သတင်းစဉ်)

http://pyithuhluttaw.gov.mm/news/2711#.UgxOJKz-JiM

ဓါတ်ပုံများ
http://pyithuhluttaw.gov.mm/photo/ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ-သူရဦးရွှေမန်း-ကမ္ဘာ့ဘဏ်-ဥက္ကဋ္ဌဟောင်းနှင့်-အမေရိကန်နိုင်ငံ-ကာကွယ်ရေး

0 comments to “ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဟောင်းနှင့် အမေရိကန်နိုင်ငံ ကာကွယ်ရေး ဒုတိယဝန်ကြီးဟောင်း တို့အား လက်ခံတွေ့ဆုံ ”

Post a Comment