Friday, August 2, 2013

၈၈ ဆိုတာ ဘာလဲ

,
၈၈ ဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေတာပြောပါတယ်။
အသက်ကလေးကြည့်တော့ ၂၀ ကျော်စွန်းလေး
လူတောင်ဖြစ်သေးရဲ့လား။

ကိုယ်တွေသိတာတော့ ၈၈ မှာ
အုပ်ချုပ်ရေးပြိုကျပြီး။
ကိုယ့်ရပ်ကွက် ကိုယ်ကာကွယ်ခဲ့ရတယ်။

အိမ်တိုင်းဝါးချွန်အရှည်တွေ ချွန်ပြီး ယောင်္ကျားတွေ ညမအိပ်ဘူး
ကိုယ့်အိမ်ကိုယ်ကင်းစောင့်ရတယ်
ဆန္ဒုပြဖို့ လူမလိုက်နိုင်လို့
ကျနော်တို့မှာ ထမင်းထုပ် ကို သူများတစ်ထုပ်ဆို
၂ ထုပ် ပိုပေးရတယ်။
(မပေးမနေရဆိုလို့)

ကျနော် အဖိုးကို သတ်မယ်ဆိုပြီလာလာရှာနေလို့
ဖွက်ထားရတယ်။
မြေးအဘွား ၂ ယောက်ထဲ ရပ်ကွက်က စောင့်ရှောက်လို့
ကံကောင်းလို့ အသက်ရှင်လာ။
(ညည ဆို အဖိုး ကိုထုတ်မပေးလို့ ဓားကြိမ်းကြိမ်းလို့)

တပ်က ပစ်တာကိုလာမပြောနဲ့ ။
မြို့ပတ်ပြီး ဆုတ်ပေးပါလို့ တစ်နာရီလောက်အော်တာကို
ပြန်ဆဲပြီး အော်ဟစ်နေတဲ့လူစုကြီး။
ပြည်သူပိုင်ပစ္စည်းတွေ ဖျက်ဆီးနေတဲ့ လူစူကြီး။
ပြည်သူပါပြည်ပါပြောပြီး တောကြောင်နဲရောနေတဲ့လူစုကြီး
မသေချင်ရင် အိမ်ထဲ မထွက်ကြနဲ့လေ။
တောကြောင်လား ပြည်သူလား ဆိုင်းဘုတ်ကပ်မထားဘူး။

ငါတို့ သွေးနဲ့ ရေးတဲ့ သမိုင်းလာမလုပ်နဲ့
အဲ့တာကို ဆူပူဖျက်ဆီးတာလို့ပဲ မြင်တယ်
ဒီမိုကရေစီမဟုတ်ဘူး။
လာရောမချနဲ့ ။

ဖျက်ဆီးဖို့ လူသတ်ဖို့ သွေးဆာနေတဲ့လူစုကြီးလို့ပဲ မြင်တယ်
အပြစ်မဲ့ ပြည်သူလာမလုပ်နဲ့
ဒါပဲ။
မကျေနပ်လဲ မတတ်နိုင်ဘူး။


၈၈၈၈ နှစ်ပတ်လည်တွေကို နားခါး မျက်စိခါးနေတဲ့

ဆုဝေ

၈၈၈၈ တုန်းက ကျောင်းသားတွေ ဆိုတဲ့ သွေးဆာနေကြတဲ့ သူတွေ သူသတ် ခေါင်းဖြတ် မီးပုံရှို့တဲ့ Video မှတ်တမ်းပါ...

http://www.youtube.com/watch?v=kjtmmEXwfCU

0 comments to “၈၈ ဆိုတာ ဘာလဲ”

Post a Comment