Wednesday, August 7, 2013

အမှားမြင်၍ အမှန်သိစေချင်

,
...
--------------------------------

ကျွန်တော်တို့ တပ်မတော်သား တွေမှာ ခရီးသွားခွင် MO ရလည်း နေရာထိုင်ခင်း မရဘူးဗျ ။
အထူး သဖြင့် ကျွန်တော် ပိုက်ဆံပေးပြီး လက်မှတ် မ၀ယ်နိုင်ရင် စီးခွင့်ရှိပြီး ထိုင်စရာနေရာတောင် မရဘူးဗျ ။
ခင်ဗျားတို့ ဒါတွေ ကို မသိတာလည်း မဟုတ်ဘူး ။

ဒီပုံထဲက ရဲဘော်နဲ့ သူ့ဇနီး မဟုတ်တာ လုပ်နေတယ်လို့ ခင်ဗျားတို့ ပြောကြတယ်နော် ။
သေချာလည်း ကြည့်ပါဦး မဟုတ်တာ လုပ်နေတာတဲ့လား ။


ဇနီးသည် နေမကောင်းလို့ ဖေးမ ထွေးပွေ့ပြီး အားပေးနေရှာတာ ။
နေရာထိုင်ခင်း မရဘူးဗျ ။


နေရာ လွတ် ၁ ခုမှာ ဇနီးသည်ကို ပိုက်ထွေးပြီး နွေးထွေးမှုပေးတာ ယဉ်ကျေးမှု မရှိဘူးတဲ့လား ၊
ရဲဘော် မပြောနဲ့ အရာရှိတောင် ကိုယ့်ပိုက်ဆံနဲ့ ကိုယ် လက်မှတ် မ၀ယ်စီးနိုင်ရင် နေရာထိုင်ခင်းမရဘူးဗျ ။



ကိုယ်ချင်း မစာချင်နေဗျာ .. ။
လာသမျှလူကို ကိုယ့်လူမျိုး မဟုတ်ရင်
အသားလွတ်နမ်းနေတဲ့ မိန်းမ ထက်တော့
ကျုပ်တို့ ဆင်းရဲသား စစ်သားတွေက
အစပေါင်းများစွာ တန်ဖိုးရှိတယ်ဗျ ။

ကြာလေ ကြာလေ ခင်ဗျားတို့ အသိုင်းအ၀ိုင်းကို စိတ်နာလေပဲ ။
စစ်တပ်ကို မကျေနပ်တာနဲ့ စစ်သားတိုင်းကို စော်ကားနေတာ မရှက်တက်ဘူးလားလို့ မေးရုံကလွဲပြီး ကျန်တာ ဘာမှ မရှိတော့ဘူး ။





စစ်ကြီး

0 comments to “အမှားမြင်၍ အမှန်သိစေချင်”

Post a Comment