Wednesday, August 21, 2013

"မြန်မာ-အိန္ဒိယ နယ်စပ်ခြံစည်းရိုးကာတာကို ဆိုင်းငံ့ဖို့တောင်းဆို"

,
အိန္ဒိယ-မြန်မာ နယ်စပ် စည်းရိုးကာရံနေတဲ့ကိစ္စမှာ မဏိပူရ်ပြည်နယ်ရဲ့ မြေပိုင်နက် တချို့ ဆုံးရှုံးသွားမှာ ဖြစ်လို့ ဆိုင်းငံ့ထားသင့်ကြောင်း အရပ်ဘက်အဖွဲ့အစည်းတွေက ပြောလိုက်ပါတယ်။
မဏိပူရ် ပြည်နယ် အင်ဖားမြို့မှာ UNM-M ခေါ် ညီညွတ်သော မဏိပူရ် အင်ဂျီအို မစ်ရှင် အဖွဲ့ က ကြီးမှူးပြီး မနေ့က ကျင်းပခဲ့တဲ့ အိန္ဒိယ-မြန်မာ နယ်စပ် စည်းရိုး ဆိုင်ရာ ဆွေးနွေးပွဲ မှာ ပြောကြားခဲ့တာပါ။
ဆွေးနွေးပွဲမှာ မဏိပူရ် တက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဒေါက်တာ ဒါနာဘီယာ က လက်ရှိ အိန္ဒိယ-မြန်မာ နယ်စပ် စည်းရိုး စီမံချက်မှာ မဏိပူရ် ပြည်နယ် ရဲ့မြေပိုင်နက် (၆) မိုင်ကျော်လောက် မြန်မာဘက် ကိုပါသွားဖို့ များကြောင်း၊ အဲဒါကြောင့် ဒီစီမံချက်ကို ရပ်ဆိုင်းရေးအတွက် မဏိပူပြည်နယ်အစိုးရအနေနဲ့ ကြားဝင်ဟန့်တား သင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ညီညွတ်သော မဏိပူရ် အင်ဂျီအို မစ်ရှင် အဖွဲ့အတွင်းရေးးမှူးကလည်း နယ်စပ်စည်းရိုး စီမံချက်ရပ်ဆိုင်း ရေး အစီရင်ခံစာတစ်စောင်ကို ပြည်နယ်အစိုးရ နဲ့ အိန္ဒိယအစိုးရ တွေဆီ တင်ပြမှာဖြစ်ပြီး၊ နိုင်ငံတကာ ဥပဒေနဲ့ငြိစွန်းကြောင်း အစီရင်ခံစာတစ်စောင်ကိုလည်း ကုလသမဂ္ဂ ကို တင်မှာဖြစ်ကြောင်း၊ ဒါ့ပြင် မြန်မာ မဏိပူရ် နယ်စပ် မျဉ်းကို ကုလသမဂ္ဂက ကြီးမှူးပြီး ပြန်လည် တိုင်းတာပေးဖို့လည်း တောင်းဆိုမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲကို မဏိပူရ် ပြည်န်ာအစိုးရ အာဏာပိုင်တွေ၊ ကျေးရွာလူကြီးတွေတက်ရောက်ခဲ့ကြပါတယ်။
RFA Burmese

0 comments to “"မြန်မာ-အိန္ဒိယ နယ်စပ်ခြံစည်းရိုးကာတာကို ဆိုင်းငံ့ဖို့တောင်းဆို"”

Post a Comment