Saturday, August 24, 2013

ငွေကျပ်(၇၆.၇)သိန်းတန်ဘိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ

,


နေပြည်တော်၊ သြဂုတ် ၂၄

၂၂-၈-၂၀၁၃ ရက်နေ့ ၂၃၃၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမူးယစ်(အထူး) အဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှ တပ်မတော်သားများပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများ နှင့်အတူ တမူး-ကလေးကားလမ်းပေါ် တွင် ရှာဖွေစစ်ဆေးမှုပြုလုပ်နေစဉ် တမူးမြို့ဘက်မှလာသော ဟုမ္မလင်းမြို့နယ်၊ မြင်သာကျေးရွာအုပ်စု၊ ငိုးပင်းရွာနေ အိုက်စိုး(ခ) စိုးစိုး(၃၈)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးမည်ပြုစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေးသွားသဖြင့် လိုက်လံ ဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးခဲ့ရာ ခမ်းပါတ်မြို့နယ်ခွဲအထွက်၊ နန်းကတိတ်ကျေးရွာ အ၀င်တွင် ဖမ်းဆီးရမိပြီး ၎င်းအားရှာဖွေစစ်ဆေးရာ ကျောပိုးထားသည့် D2 စာတမ်းပါ ခဲရောင်ကျောပိုးအိတ် အတွင်းရှိ အနီရောင်ဆပ်ပြာခွက်အတွင်း ပလပ်စတစ်အဖြူဖြင့် ထည့်ထားသောဘိန်းဖြူ (၃၅.၇)ဂရမ်ခန့်ပါ ခွက်(၃)ခွက်၊ အပြာရောင်ဆပ်ပြာခွက်အတွင်း အဖြူရောင်ပလပ်စတစ်အိတ်ဖြင့်ထည့်ထားသော ဘိန်းဖြူ(၂၇.၅) ဂရမ်ခန့်ပါ (၂)ခွက်၊ ပန်းရောင်ဆပ်ပြာခွက်အတွင်း ပလပ်စတစ်အဖြူဖြင့် ထည့်ထားသော ဘိန်းဖြူ(၁၃.၅)ဂရမ်ခန့်ပါ(၁)ခွက်၊ စုစုပေါင်း ဆပ်ပြာခွက်(၆)ခွက်၊ အလေးချိန်(၇၆.၇)ဂရမ်ခန့်၊ တန်ဘိုးငွေကျပ်(၇၆.၇)သိန်းအား သိမ်းဆည်းရမိခဲ့သဖြင့် အိုက်စိုး(ခ) စိုးစိုးအား ခမ်းပါတ်နယ်မြေရဲစခန်း မယ(ပ)၃၄/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

0 comments to “ငွေကျပ်(၇၆.၇)သိန်းတန်ဘိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ”

Post a Comment