Monday, August 5, 2013

အမျိုးဂုဏ် မှ မစောင့်ထိန်းနိုင်လျှင်....

,

ဟိုငယ်ငယ်ကလေး ထဲ က ပတ်ဝန်းကျင်မှာပြောတာကြားခဲ့ရပြီး ၈၈ ဆိုသူရဲကောင်းတွေလို အနစ်နာခံလူသားတွေလို အထင်ကြီးမိခဲ့သိမှာ အမှန်ပါ။သိတတ်တဲ့ အရွယ် ထိလဲ ၈၈ က လက်နက် မကိုင်တဲ့ ကျောင်းသားတွေကို တပ်မတော် က သတ်တာလို့ သိထားခဲ့တာပါ။နောက်တော့ လက်လှမ်းမီရာ
ရှာဖွေ ဖတ်ရင်းနဲ့ အမှန်ကို သိလာရတော့ ရွယ်တူတွေကြားထဲမှာ အရမ်းကို ဂွကြတဲ့ သူတစ်ယောက် ဖြစ်လာရတယ် ။ ခုဆို ၈၈ ဆို မုန်းတယ် ၊ ၈၈ ကျောင်းသားတွေ ဆို ရွံတယ်။ နိုဘယ်ဆုရှင်ဆိုသူကို လက်သင့်မခံဘူး။ ဟုတ်တယ်လေ တိုင်းပြည်ကို ချစ်လို့ လုပ်နေကြတာမှမဟုတ်ပဲဆိုတာ သိလာတယ်။ ဒါပေမယ့် သူတို့ ရေးတဲ့စာတွေကိုလဲ စောင့်ဖတ်နေပါတယ်။
တကယ်တိုင်းပြည်ချစ်တဲ့သူတွေလဲ ရှိနေပါတယ်။ကိုယ့်တိုင်းပြည်ကို အားမရသော်လည်း ချစ်မြတ်နိုးပါသည်။နိုင်ငံအပေါ်မျိုးချစ်စိတ်အပြည့်နဲ့ နိုင်ငံကောင်းကျိုးစွမ်းဆောင်နိုင်စွမ်းရှိသူဘယ်သူကိုမဆို
မျှော်လင့်နေပါတယ်။သို့သော် တိုင်းတပါးသားကို လင်တော်/မယားတော်ထားသူတော့ဘယ်သူမှ လက်မခံနိုင်ပါဘူး။ ဘယ်လို့လဲဆိုတော့....အမျိုးဂုဏ်ကိုမှ မစောင့်ထန်းနိုင်ရင်  ဘာကိုတော့ စောင့်ထိန်းမှာပါလို့ ဖော့တွေးလို့ မရလို့ပါ။

From_Naynyo Yeik

0 comments to “အမျိုးဂုဏ် မှ မစောင့်ထိန်းနိုင်လျှင်....”

Post a Comment