Sunday, August 25, 2013

ဦးရဲထွဋ် ၏ ဖြေကြားခြင်း

,

သြဂုတ်လ ၂၃ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာလွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆိုင်းငံ့ထားဖို့ တင်ပြချက်နဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်းဆွေးနွေးချက်အပြည့်အစုံ ကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ဒီနေ့ည ၈ နာရီ သတင်းအပြီးမှာ အပြည့်အစုံ ထုတ်လွှင့်ပေးခဲ့ပါတယ်။

အဲဒီလိုထုတ်လွှင့်တာနဲ့ပတ်သက်ပြီး မီဒီယာတစ်ခုက ကျွန်တော့်ကို ဘာ့ကြောင့် အပြည့်အစုံ ပြန်လည်ထုတ်လွှင့်ပေးရတာလဲ၊ အဲဒီလို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ချက်အပေါ် ကျွန်တော့်အနေနဲ့ ဘယ်လို မြင်သလဲလို့ မေးခဲ့ပါတယ်။

ဒီမေးခွန်းကို ကျန်မီဒီယာများကလည်း မေးလာနိုင်တဲ့အတွက် မေးလာသူကို ကျွန်တော့်ရဲ့ Facebook ပေါ်ကနေပဲ အားလုံးအတွက်ဖြေပေးပါ့မယ်လို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ပထမမေးခွန်းအတွက် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဟာ သမ္မတကြီးရဲ့ မူဝါဒအတိုင်း ပြည်သူ့ဗဟိုပြုမူဝါဒကို အကောင်အထည်ဖော်နေပါတယ်၊ ဒါ့ကြောင့် ပြည်သူတွေက အတိအကျ အပြည့်အစုံ သိချင်တယ်လို့ အကြံပြုလာတဲ့ အတွက် အပြည့်အစုံ ပြန်လည်ထုတ်လွှင့်ပေးရတာဖြစ်တယ်လို့ ဖြေကြားလိုပါတယ်။

ဒုတိယမေးခွန်းနဲ့ အတွက် ကျွန်တော်ဟာ အုပ်ချုပ်ရေးအဖွဲ့အစည်းမှာ တာဝန်ထမ်း ဆောင်နေသူဖြစ်တဲ့ အတွက် ဥပဒေပြုရေးအဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက် အပေါ်မှာ ဘာမှ မှတ်ချက်မပေးလိုပါဘူး၊

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခန့်ထားတဲ့ သမ္မတ၊ ဒုတိယသမ္မတများနဲ့ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးချုပ်ကဲ့သို့သော ပုဂ္ဂိုလ်များကို အရည်အချင်းပျက်ယွင်းတယ်လို့ ယူဆရင် လွှတ်တော်က စွတ်စွဲပြစ်တင်ပြီး တာဝန်မှ ရုပ်သိမ်းနိုင်တဲ့ ပြဋ္ဌာန်းချက်များပါဝင်ပါတယ်၊

အဲဒီလိုပဲ ပြည်သူက ရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ပြည်သူက တာဝန်ကပြန်လည် ရုပ်သိမ်း နိုင် ခွင့်ပေးထားတဲ့ ပုဒ်မ ၃၉၆၊ ၃၉၇ တို့ပါဝင်ပါတယ်၊

အခု ပြည်သူ့လွှတ်တော်ကဆိုင်းငံဖို့ ဆုံးဖြတ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းဟာ ပုဒ်မ ၃၉၆၊ ၃၉၇ ပါ အခွင့်အရေးများကို ပြည်သူက ကျင့်သုံးနိုင်အောင် ရည်ရွယ်ရေးဆွဲထားတဲ့ အခြေခံဥပဒေပါအခွင့်အရေးများကို ကျင့်သုံးနိုင်ဖို့ ရေးဆွဲထားတာဖြဖစ်ပါတယ်။

ဒါ့ကြောင့် ပြည်သူ့လွှတ်တော်က ဒီဥပဒေကြမ်းကို အခြေအနေအရပ်ရပ်ကို ထည့်သွင်း စဉ်းစားပြီး ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်မှုဟာ သင့်တော်၏၊ မသင့်တော်၏ လို့ ဆုံးဖြတ်ရမှာ က ပြည်သူများပဲဖြစ်ပါတယ်။ အဲ ပြည်သူများအနေနဲ့ ချင့်ချိန်ဆုံးဖြတ်နိုင်အောင် အခြား ဒီမိုကရေစီနိုင်ငံများမှ ကျင့်သုံးနေတဲ့ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ Recall Vote များနဲ့ နှိုင်းယှဉ်သုံးသပ်တင်ပြရမှာက စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာ များရဲ့ တာဝန်သာဖြစ်ပါကြောင်း ဖြေကြားလိုပါတယ်။

ဦးရဲထွဋ် ဖေ့ဘွတ်ခ်  စာမျက်နှာမှ ပြန်လည်ဖော်ပြသည်။

0 comments to “ဦးရဲထွဋ် ၏ ဖြေကြားခြင်း”

Post a Comment