Tuesday, August 20, 2013

ဗုဒ္ဓဘာသာကိုခုတုံးလုပ် အမြတ်ထုတ်သွားနိုင်တဲ့ ကင်တားနား

,


20.8.2013
ကုလသမဂ္ဂက စေလွှတ်လိုက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာလူ့ အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနားဟာ ချင်းပြည်နယ်ကို တတိယခရီးစဉ်အဖြစ် ရောက်ရှိလာပါတယ်။ သူဟာ ချင်းပြည်နယ် ခရီးစဉ်အဖြစ် မင်းတပ် မြို့နဲ့ ကန်ပက်လက်မြို့တွေကို လာရောက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ပထမဆုံး ခရီးစဉ်ဖြစ်တဲ့ ရခိုင် ပြည်နယ်၊ စစ်တွေမှာ ဘာတွေလုပ်ခဲ့တယ်။ ဒုတိယခရီး စဉ်ဖြစ်တဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားကိုရောက်ပြီး လိုင်ဇာကို သွားခွင့်မရလို့ ပြန်လာခဲ့တာတွေကို ဆက်စပ်ပြီး ဒီခရီးစဉ်မှာလဲ ကင်တားနားက ဘယ်လိုအမြတ်ထုတ်ဦးမလဲ ဆိုတာ စဉ်းစားသင့်တဲ့အရေးပါတဲ့ ကိစ္စပဲဖြစ်ပါတယ်။
မင်းတပ်မြို့မှာ ချင်းပြည်နယ်အစိုးရအဖွဲ့က စည်ပင်ဝန်ကြီး ဦးနေနိုင်းနဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဘမောင် တို့နဲ့ တွေ့ရှိဖို့ရှိသလို ဘာသာရေး အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဦးမယ်ဆိုတဲ့ သတင်းလဲ ကြားနေရပါတယ်။ ချင်းလူ့အခွင့်အရေး အဖွဲ့ကတော့ လွန်ခဲ့တဲ့နှစ်တွေက ချင်းပြည်နယ်မှာရှိတဲ့ ဒေသခံပြည်သူအများစု ကိုးကွယ်တဲ့ ဘာသာဖြစ်တဲ့ ခရစ်ယာန်ဘာသာ အပေါ်မှာ ခွဲခြားဖိနှိပ်မှုတွေ ရှိတယ်ဆိုပြီး “ဖြစ်တည်မှုကို ခြိမ်းခြောက်ခြင်း” ဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ဖူးတယ်။ အဲဒီအစီရင်ခံစာထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ အထွဋ်အမြတ် တည်ဆောက် ထားတဲ့ ခရစ်ယာန် လက်ဝါးကပ်တိုင်တွေကို ဖြိုချတာနဲ့ အစိုးရက ခရစ်ယာန် ဘာသာဝင်တွေကို ဗုဒ္ဓဘာသာထဲ အတင်း သွပ်သွင်းတာတွေကို ဖော်ပြထားပြီး ကင်တားနားဆီကို တင်ပြမယ်လို့ သိရပါတယ်။
အခြားတစ်ဖက်မှာတော့ မင်းတပ်မြို့က ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ချိုချင်းအမျိုးသားလူငယ်အဖွဲ့ကလည်း သူတို့ဗုဒ္ဓဘာသာတွေ ဖိနှိပ်ခံရကြောင်းနဲ့ တစ်ခြားလူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ကင်တားနားထံ တင်ပြဖို့ရှိ တယ်လို့ အဖွဲ့ဥက္ကဌ ဦးရှယ်အောင်က ပြောတဲ့အကြောင်းလဲ သိရပါတယ်။
အဲဒီအတိုင်း မတူညီတဲ့ဘာသာနှစ်မျိုးက အဖွဲ့အစည်းနှစ်ခုရဲ့ တင်ပြချက်ကို ကင်တားနား ပြုံးပြုံးကြီး နားထောင်ပေးနေမှာ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အတွက် အမြတ်ထုတ်စရာ အခွင့်အရေးကောင်းဖြစ် နေလို့ပါပဲ။ ခရစ်ယာန် ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ချင်းပြည်နယ်ထဲမှာ အတူတူနေထိုင်လာကြတဲ့ ချင်းတိုင်းရင်းသား တွေပဲ ဖြစ်ပါတယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရနေတဲ့ ကိုယ့်ဘာသာကို ကင်တားနားဆီမှာ တောင်းဆို လိုက်ခြင်းဟာ မျက်နှာမရ ခြေထောက်ရမယ့် အဖြစ်မျိုးကို ကြုံတွေ့နိုင်ပါတယ်။
အကြောင်းအရာကို သေချာလေးနက်စွာ စဉ်းစားဖို့လိုပါတယ်။ ကင်တားနားဟာ မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေးကိုယ်စားလှယ် ဆိုပေမယ့် မြန်မာနိုင်ငံသားတွေအတွက် ဘာဆောင်ရွက်မှုတွေ လုပ်ပေးခဲ့ဖူးသလဲ။ ပြန် သုံးသပ်ကြည့်ရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ရခိုင်နဲ့ ဘင်္ဂါလီအရေးကိစ္စမှာ ကင်တားနား ဘယ်သူတွေ အတွက်ပြောပေးခဲ့သလဲ။ ကုလသမဂ္ဂကိုတင်ပြတဲ့ အစီရင်ခံစာမှာတောင် ဘင်္ဂါလီတွေအတွက်ပဲ တင်ပြခဲ့တာဖြစ်ပြီး မြန်မာတိုင်းရင်းသား ရခိုင်လူမျိုးတွေကို ကျတော့ အပြစ်ပုံချခဲ့တာ တစ်နိုင်ငံလုံး အသိပဲဖြစ်ပါတယ်။
ဒီတစ်ခေါက်လာတဲ့ ရခိုင်ခရီးစဉ်မှာလဲ ကင်တားနားက စစ်တွေအကျဉ်းထောင်ကို သွားပြီး ဘင်္ဂါလီ အကျဉ်းသားတွေနဲ့သာ တွေ့ဆုံခဲ့ပြီး ရခိုင် အကျဉ်းသား တွေကိုကျတော့ မေးတောင်မေးမကြည့်ခဲ့ပါဘူး။ ကချင် ပြည်နယ်ခရီးစဉ်မှာလဲ ဒေသခံကချင်လူမျိုးတွေရဲ့ လူ့အခွင့်အရေး တွေအတွက် ဘာအာမခံချက်ပေးခဲ့ပါသလဲ။ သူ့ ဆွေတော် မျိုးတော်တွေရှိတဲ့ မူဆလင် ညီအစ်ကိုများအဖွဲ့ကို တွေ့ဖို့အကြံနဲ့ လိုင်ဇာကိုသွားခွင့် တောင်းခဲ့ပါ သေးတယ်။ သေချာစဉ်းစားကြည့်ရင် ကင်တားနားဟာ မြန်မာနိုင်ငံထဲက ရခိုင်နဲ့ ကချင်တိုင်းရင်းသားတွေရဲ့ အရေးကို သူ့အမျိုးဘင်္ဂါလီ မူဆလင်တွေလောက် စိတ်မ၀င်စားဘူး ဆိုတာ ပေါ်လွင်နေပြီပဲဖြစ်ပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့မှာ နေထိုင်ကြတဲ့ ချင်းတိုင်း ရင်းသား တွေက အဲဒီလိုလူမျိုးဆီကို ကိုယ်ကိုးကွယ်တဲ့ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာ တွေအကြောင်း သွားတင်ပြရင် နွားပလာတာကျွေး၊ ကျွဲ ပက်စီ တိုက်သလိုပဲ ဖြစ်နေမှာပေါ့။ သူက ခရစ်ယာန် ဘာသာအကြောင်း၊ ဘယ်လောက်သိသလဲ။ ပြီးတော့ ဗုဒ္ဓဘာသာကို ဘင်္ဂါလီတွေရဲ့ အစ္စလာမ် ဘာသာတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရလို့ မကျေမနပ် ဖြစ်ခဲ့တာကြာပါပြီ။ သူ့အတွက် အခွင့်အရေး တစ်ခုကို ပေးလိုက် သလို ဖြစ်သွားမယ်ဆိုတာ ချင်းတိုင်းရင်းသားတွေ သတိပြုစရာအချက်ပါ။
သူ ကြည့်မရတဲ့ ဗုဒ္ဓဘာသာကိုပဲ ခုတုံးလုပ်မှာ သေချာပါတယ်။ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာက ရခိုင်နဲ့ ဘင်္ဂါလီတို့ဖြစ်ခဲ့တဲ့ အထောက်အထား ရှိပါတယ်။ အခု ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာကို ရန်တိုက်ပေးပါဦးမယ်။ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်အောင် ဖန်တီးပါလိမ့်မယ်။ ပြီးရင် ဗုဒ္ဓဘာသာဝင်တွေဟာ ခရစ်ယာန်နဲ့ အစ္စလာမ် ဘာသာဝင်တွေကို အနိုင်ကျင့်ပြီး ကိုးကွယ်လို့ မရအောင် လုပ်နေပါတယ်ဆိုပြီး ကမ္ဘာက သိအောင် ကြေညာပေး ပါလိမ့်မယ်။ ကုလသမဂ္ဂကို တင်ပြမယ့် သူရဲ့ အစီရင်ခံစာထဲမှာ ဗုဒ္ဓဘာသာကို မဟုတ်မမှန် လုပ်ကြံလီဆယ်ပြီး ရေးသား တင်ပြကြပါလိမ့်မယ်။ ဗုဒ္ဓဘာသာကို ခုတုံးလုပ်အမြတ်ထုတ်သွားဦးမယ့် ကင်တားနားကို အယုံအကြည် မရှိဖို့ လိုပါတယ်။
အဲဒီလို အဖြစ်မျိုးကြုံတွေ့ခဲ့ရင် မြန်မာနိုင်ငံဘာဖြစ်သွားမလဲ။ ဗုဒ္ဓဘာသာကိုရော တစ်ကမ္ဘာလုံးက ဘယ်လို မြင်သွားကြမလဲဆိုတာ စဉ်းစားစရာ အချက်ဖြစ်ပါတယ်။ ဒါကြောင့် ချင်းတိုင်းရင်းသားတွေ အနေနဲ့ ဗုဒ္ဓဘာသာကို ကိုးကွယ်သည်ဖြစ်စေ၊ ခရစ်ယာန်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ။ ကိုယ့်အချင်းချင်းစိတ်ဝမ်းမကွဲဘဲ ညီညွတ်ဖို့လို ပါတယ်။ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာရဲ့ အဓိကအန္တရာယ်ဟာ အစ္စလာမ် ဘာသာပဲဖြစ်တယ်ဆိုတာ အသိလေး တစ်ချက် ၀င်ဖို့လိုပါတယ်။
ဒါကြောင့် ချင်းပြည်နယ်မှာ ရောက်ရှိနေတဲ့ ကင်တားနား အတွက် အမြတ်ထုတ်စရာ ဖြစ်မသွားရအောင် မင်းတပ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင် ချင်းလူမျိုးတွေနဲ့ ခရစ်ယာန်ဘာသာဝင် ချင်းလူမျိုးတွေ ညီညွတ်ကြပါလို့ စေတနာနဲ့ အကြံပြုလိုက်ခြင်းဖြစ်ပါတယ်။

မန်ဘွယ်လျန်း

0 comments to “ဗုဒ္ဓဘာသာကိုခုတုံးလုပ် အမြတ်ထုတ်သွားနိုင်တဲ့ ကင်တားနား”

Post a Comment