Wednesday, August 14, 2013

တရားခံပြေးအား လက်နက်၊ ခဲယမ်းများ နှင့်အတူ ဖမ်းမိ

,
နေပြည်တော် သြဂုတ် ၁၃
သြဂုတ် ၁၂ရက် နံနက် ၈ နာရီခွဲခန့်တွင် ဘားအံမြို့နယ် နောင်လုံ အနောက်အုပ်စု ကော့ဒိုင်းရွာတွင် သေ နတ်ဒဏ်ရာ ဖြင့် လူတစ်ဦး ပုန်းအောင်းနေကြောင်း သိရှိရသဖြင့် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့ သွားရောက် ဖမ်းဆီးခဲ့ရာ စောဇာနည်(ခ) စောဒီးဒီး ၃၅နှစ်၊ (ဘ)ဦးဖိုးဖွားစိန်၊ လယ်လုပ်၊ ကော့ဒိုင်းရွာနေသူအား ၎င်း၏ နေအိမ် အပေါ်ထပ်တွင် ဝဲခြေမျက်စိအထက် သေနတ် ကျည်ဆန်ဖောက်ထွက် ဒဏ်ရာတစ်ချက်၊ ဝဲဒူးအောက် ဖောက်ထွက် ဒဏ်ရာတစ်ချက်နှင့် ယာတင်ပါးဖောက်ဝင် ဒဏ်ရာများဖြင့် ဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်အား စိစစ်မေးမြန်းရာ သြဂုတ် ၁၁ရက်က စောဇာနည်(ခ) စောဒီးဒီးနှင့် မိုးခိုင်တို့ နှစ်ဦးသည် မူးယစ်ဆေးဝါး အရောင်းအဝယ် ပြုလုပ်နေစဉ် ဖမ်းဆီးရန် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသဖြင့် ပြန်လည် ခုခံရာမှ ပစ်ခတ်မှုဖြစ်ပွားစဉ် မိုးခိုင်အား အသေဖမ်းဆီး ရမိခဲ့ပြီး စောဇာနည်(ခ) စောဒီးဒီး မှာ ဒဏ်ရာရရှိ ထွက်ပြေး လွတ်မြောက်ခဲ့သူ ဖြစ်ကြောင်း သိရှိရသည်။
၎င်းနှင့်အတူ ပွိုင့် ၃ဝ၃ ကျည်တစ်တောင့်၊ ပွိုင့် ၃၈ စပါယ်ရှယ် ကျည်သုံးတောင့်၊ ကာဘိုင်ကျည် တစ်တောင့်၊ ပွိုင့် ၂၂ ကျည်ခုနစ်တောင့်၊ ခဲသီးတစ်ဘူး သိမ်းဆည်းရမိ ခဲ့သည့်အပြင် နေအိမ်အောက်ထပ် စပါးကျီ အတွင်းမှ လေသေနတ် တစ်လက်၊ တူမီးသေနတ် နှစ်လက်၊ တူမီး သေနတ်ဒင် တစ်ခု၊ တူမီး သေနတ်ပြောင်း တစ်ခုတို့အား ထပ်မံသိမ်းဆည်း ရမိ ခဲ့သည်။
ဖြစ်စဉ်တွင် စုစုပေါင်း တရားခံနှစ်ဦး (အသေ တစ်ဦး၊ ဒဏ်ရာဖြင့် တစ်ဦး) ဖမ်းဆီးရမိခဲ့ပြီး M-16 တစ်လက်၊ ၎င်းကျည် ၁၃ တောင့်၊ ၁၅ တောင့်ဝင် ကျည်ကတ် နှစ်ခု၊ လုပ်သေနတ် အတို သုံးလက်၊ တူမီးပြောင်းရှည် သုံးလက်၊ လေသေနတ် တစ်လက်၊ တူမီးသေနတ် နှစ်လက်၊ တူမီး သေနတ်ဒင် တစ်ခု၊ တူမီး သေနတ်ပြောင်း တစ်ခု၊ ၉မမကျည် သုံးတောင့်၊  ပွိုင့် ၄၅ကျည် တစ်တောင့်၊ BA- 57 လက်ပစ်ဗုံးတစ်လုံး၊ ပွိုင့် ၃ဝ၃ ကျည်တစ်တောင့်၊ ပွိုင့် ၃၈ စပါယ်ရှယ် ကျည် သုံးတောင့်၊ ကာဘိုင်ကျည် တစ်တောင့်၊ ပွိုင့် ၂၂ ကျည် ခုနစ်တောင့်၊WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွ ဆေးဝါး ၃,ဝ၄၅ ပြား၊ မြန်မာငွေရောရာ ၈၃,ဝဝဝကျပ်၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဝါးပြောင်းသုံးခု၊ ဂတ်စ်မီးခြစ် မျိုးစုံ လေးလုံး၊ ယမ်းမှုန့်ထည့် ကော်ဘူး သေးတစ်ဘူး၊ ပင်နီဆီလင် ပုလင်းနှင့် ထည့်လျက် ယမ်းမှုန့် တစ်ပုလင်း၊ ခဲသီး နှစ်ဘူး၊ အရိုးအသွား ခုနစ်လက်မ ခန့်ရှိ ဓားမြှောင်တစ်ချောင်း၊ အရှည် ငါးလက်မခန့်ရှိ တံစဉ်း တစ်ချောင်း၊ ကျင်စက် တစ်ခုတို့ သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး သြဂုတ် ၁၁ရက် ညနေပိုင်းတွင် အိန္ဒုရဲစခန်းမှ မယ(ပ) ၁၁/၂ဝ၁၃ မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/ ၁၆(ဂ)/ ၁၉(က)/၂ဝ(က) /၂၁/၂၂ (ခ) တို့အရ အမှုဖွင့် အရေးယူဆောင် ရွက်လျက် ရှိကြောင်းနှင့် သတင်းဆက်အား ဖော်ထုတ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိ ရသည်။    

0 comments to “တရားခံပြေးအား လက်နက်၊ ခဲယမ်းများ နှင့်အတူ ဖမ်းမိ ”

Post a Comment