Tuesday, August 13, 2013

လျှပ်စစ်ဘတ် စကားများ မောင်းနှင်ရာ၌ အားသွင်းစရာမလိုဘဲ အလိုအလျောက် အားဖြည့် ပေးနိုင်သည့် လမ်းသစ် တောင်ကိုရီးယား တည်ဆောက်

,
ဆိုးလ် သြဂုတ် ၁၂
တောင်ကိုရီးယား နိုင်ငံ ရွာမီမြို့တွင် ခရီးသည်တင် ဘတ်စကားများ မောင်းနှင်နေစဉ် လျှပ်စစ် ဓာတ်အား ဖြည့်သွင်း နိုင်သည့် ခုနစ်မိုင်ခွဲ အရှည်ရှိ နိုင်လွန် ကတ္တရာလမ်း တစ်ခုကို ကိုရီးယား အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဌာန (KAIST)  မှ သုတေသန ပညာရှင်များက မကြာသေးမီ အချိန်တွင်
တည်ဆောက်ခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းပေါ်၌ ရွေ့လျားနေသော ခရီးသည်တင် ဘတ်စကားတစ်စီးပေါ်တွင် တပ်ဆင်ထားသည့် ဘက်ထရီများကို   အားပြန်သွင်းနိုင်ရန် အတွက် လျှပ်စစ်ကေဘယ်လ် ကြိုးများကို ၎င်းလမ်းအောက်တွင် နှစ်မြှုပ်ထားခြင်းဖြစ်သည်။
ထို့ပြင် ဘတ်စကားများတွင် အသုံးပြုထားသော ဘက်ထရီများတွင်လည်း လျှပ်စစ်ကေဘယ်လ်ကြိုးမှ ထုတ်လွှတ်သည့် လျှပ်စစ်သံလိုက် စက်ကွင်းများကို ပေးပို့နိုင်သည့် ''Shaped Magnetic Field In Resonance'' အမည်ရှိ အဆင့်မြင့် နည်းပညာများ  တပ်ဆင် အသုံးပြု ထားကြောင်း သိရသည်။
ထို့ကြောင့် ဘတ်စကားများ အနေဖြင့် ဓာတ်အား ပြန်သွင်းရန်အတွက် လျှပ်စစ် ဓာတ်အားသွင်း ဌာနများသို့ သွားရောက် စရာ မလိုတော့ဘဲ အဆိုပါ လမ်းမပေါ်တွင် မောင်းနှင်နေစဉ် တစ်ပြိုင်တည်း ဓာတ်အား သွင်းနိုင်ပြီဖြစ်သည်။

0 comments to “လျှပ်စစ်ဘတ် စကားများ မောင်းနှင်ရာ၌ အားသွင်းစရာမလိုဘဲ အလိုအလျောက် အားဖြည့် ပေးနိုင်သည့် လမ်းသစ် တောင်ကိုရီးယား တည်ဆောက်”

Post a Comment