Friday, August 23, 2013

မန္တလေးမှာ အလကားနေရင်း ဓားနဲ့လိုက်ခုတ်နေတဲ့ကောင်တွေ မိပြီ

,
            မန္တလေးမြို့ အထင်ကရ ဖြစ်သောကျုံးပ်လည်တွင် ည အချိန် ဆိုင်ကယ်စီး၍ လူငယ်များအုပ်
စုလိုက် အကြောင်းမဲ့ ဓါးခုတ်  ၊ ရိုက်နှက်မှု ဖြစ်စဉ်များ ဖြစ်ပေါ်နေသည့်အတွက် မန္တလေး တိုင်း
   ဒေသကြီး ရဲတပ်ဖွဲ့မှူး မှ အုပ်စုဖွဲ့ ရမ်းကားသူများကို အမြန်ဆုံး ဖမ်းဆီး ရမိရေး ညွှန်ကြားခဲ့သ
ဖြင့် ၎င်း ဖြစ်စဉ်များ နှင့် ပတ်သတ်၍ မသင်္ကာ သော ဖက်တီး(ခ)ချမ်းမြေ့သူ ၊ ဇော်ထွေးဦးတို့
  အား ၂၂-၈-၂၀၁၃  ရက်နေ့ ၀၈၀၀ အချိန်တွင် မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအ
 ကူဌာနများ မှ သက်သေများရှေ့ခေါ်ယူစစ်ဆေးခဲ့ပါသည် ။
    ထိုသို့စစ်ဆေးခဲ့ရာ  လွန်ခဲ့သော (၁) လ ကျော်ခန့်က ဖက်တီး(ခ)ချမ်းမြေ့သူ (၁၉)
နှစ် (ဘ)ဦးတင်ဦး ၃၅×၃၆ လမ်း၊ ၈၇×၈၈ လမ်းကြား ဆီစက်ဝင်း မဟာအောင်မြေမြို့နယ်နေ
သူသည် ၎င်း အပါအ၀င် ဒီးဒီး(ခ)ကျော်ဇင်ဝင်း (၁၈)နှစ် (ဘ)ဦးထွန်းအောင် ၃၅×၉၂လမ်း
ထောင့် မဟာအောင်မြေမြို့နယ် ၊သက်ဖုန်းခိုင် (၁၅)နှစ် ၊(ဘ) ဦးဇော်ဝင်း ဘော်လုံးကွင်းသစ်
အနီး မြို့သစ်(၁) ရပ်ကွက် ၊ ချမ်းမြသာစည်မြို့ ၊ ဇော်ထွေးဦး (၂၀)နှစ် (ဘ)ဦးသာဌေး ၈၈×၈၉
လမ်း ၃၅×၃၆လမ်း စတီးဝင်း ၊ မဟာအောင်မြေမြို့နယ်၊ ဇင်ရဲထက် (ခ)မျောက်ကြီး (၁၄)နှစ်
(ဘ) ဦးသိန်းဇော် ၆၆လမ်း မြပန်းဝါလမ်းနှင့် နှင်းဆီလမ်းကြား မြို့သစ် (၁)ရပ်ကွက် ၊ ချမ်းမြသာစည်မြို့နယ် ၊ ကျော်သီဟထွန်း (၁၉) နှစ်(ဘ)ဦးထွန်းအောင် ၊  ၊ ၃၅×၉၂ လမ်းမဟာအောင်မြေမြို့နယ် ၊ အဖီး(ခ)ကျော်သီဟထွန်း(၁၅)နှစ်(ဘ)ဦးမြင့်ခိုင်၃၄×၃၅လမ်း၊၈၆×၈၇လမ်းကြားအောင်နန်းအနောက်
ရပ်ကွက် ၊ ချမ်းအေးသာစံ မြို့နယ်တို့သည် မန္တလေးကျုံးမြောက်ဘက် စည်သူအောင်ဆိုသူအား ဓာတ်ဖြင့်ခုတ်ခဲ့ကြောင်း ၊ ၁၄-၇-၂၀၁၃ ရက်နေ့လမ်း ၈၀ ၊ ၉၊၁၀ လမ်းကြားတွင် စိုင်းသီဟ နှင့် အောင်ကိုလွင်တို့အား လည်ကောင်း ၂၇-၇-၂၀၁၃ ရက်နေ့
လမ်း ၈၀ ၊ ၁၄ ၊၁၅ လမ်းကြား မျိုးသူရဦး ဆိုသူတို့အား အကြောင်းမဲ့ ဓါးဖြင့်ခုတ်ခဲ့ကြောင်း ၊
ယခုကဲ့သို့  အုပ်စုဖွဲ့၍  ဓါးခုတ်ရမ်းကားခြင်းတို့ကို ၎င်း တို့ အဖွဲ့အနေဖြင့် (၆)ကြိမ်ခန့် ကျူးလွန်
ခဲ့ကြောင်း ထွက်ဆိုခဲ့ပါသည် ။
    ယခုကဲ့သို့ အုပ်စုဖွဲ့ရမ်းသူ ဖက်တီးပါ (၁၀) ဦးအား အမှတ်(၂) နယ်မြေရဲစခန်း (စ)
၂၀၂/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၂၅/၃၂၆ အမှတ် (စ)မြို့မ ရဲစခန်း (စ) ၊ ၂၂/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၂၆ အရ ထိရောက်ဟန့်တားသော ပြစ်ဒဏ်များ ရရှိအောင် အမှုခိုင်မာစွာတရားစွဲဆိုသွားမည်ဖြစ်
ကြောင်း ၊ ကွင်းဆက်တရားခံများ ဆက်လက်ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း
နှင့် မန္တလေး မြို့ပေါ်ရှိပြည်သူများ အထိတ်တလန့်ဖြစ်စေသော အုပ်စုဖွဲ့ရမ်းကားမှုများ ပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်သွားမှာ ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူါ် ရုံးမှ
သတင်းရရှိပါသည်။

0 comments to “မန္တလေးမှာ အလကားနေရင်း ဓားနဲ့လိုက်ခုတ်နေတဲ့ကောင်တွေ မိပြီ”

Post a Comment