Wednesday, August 14, 2013

ဒီလို ခရီးသွားဧည့်သည်မျိုးကို ဘယ်လိုသဘောရပါသလဲ?

,


ကျွန်မအတွက် ကတော့....
ဧည့်သည် ဆိုတာ အိမ်ရှင်ဆီ အလည်လာရင် အိမ်ရှင် စည်းကမ်း အတိုင်း လေးစား လိုက်နာသင့် တယ်လို့ထင်တယ်...

ဘာသာတရား ယုံကြည်တာ မကြည်တာ အပထားအုံး နိုင်ငံတစ်နိုင်ငံရဲ့ အထွတ်အမြတ်ထားတဲ့နေရာကို မထေမဲ့မြင် မပြုသင့်ဘူးလို့ထင်တယ်...

ငယ်ပါဖုံး ရုံလောက် အ၀တ်အစားနဲ့ နယ်ခံ မိန်းမသားတွေရှေ့မှာ ယခုလို ပြုမူတာဟာလဲ ယိုသူမရှက် မြင်သူရှက်တဲ့ လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ပေးခြင်းတစ်မျိုးပါပဲ...

နယ်ခံတွေက ဧည့်သည် ပဲလေဆိုပြီး ခွင့်လွှတ်ပေးထားတာကိုတောင် သူတို့ ဘလော့မှာ "Most of them was really exited about our ideas!" လို့ ထင်သွားကြတယ်.... အဲဒါကို သူတို့ က အနုပညာတဲ့....

ဒီလို ခရီးသွားမျိုးကို အမှန်တော့ သက်ဆိုင်ရာက Fine ကောက်ပြီးတောင် အရေးယူသင့်တယ်... မြန်မာပြည် အလည်လာသူများလာတာနဲ့ အမျှ ဒီလိုမျိုး သရုပ်ပျက် tourist တွေကိုလဲ ထိမ်းချုပ်ဖို့ စည်းကမ်းတွေထားသင့်တယ်... အဖြူဖြစ်တာနဲ့ မလွှတ်ပေးသင့်ဘူး..

From : ..Luděk Wellart (model)

0 comments to “ဒီလို ခရီးသွားဧည့်သည်မျိုးကို ဘယ်လိုသဘောရပါသလဲ?”

Post a Comment