Saturday, August 24, 2013

မွေးကင်းစ ကလေးငယ်ကို စွန့်ပစ်ထားခဲ့သူအား အမှုဖွင့် အရေးယူ

,

ရန်ကုန်၊ သြဂုတ် ၂၄
၂၂.၈.၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းသည် အကွက်(၃၀)၊ယုဇနလမ်း၊ ခြံအမှတ်(--)ရှေ့ရှိ ပန်းအလှ အုတ်ခုံပေါ်တွင် မွေးကင်းစ ကလေးငယ် တစ်ဦးအား တွေ့ရှိကြောင်း သတင်းအရ သွားရောက်ကြည့်ရှုခဲ့ရာ မွေးကင်းစ ကလေးငယ် (ယောက်ျားလေး) ၊ (၄)ပေါင်ခန့်အားတွေ့ရှိသဖြင့် ထိန်းသိမ်း စောင့်ရှောက်ထားခဲ့ကာ မိဘအုပ်ထိန်းသူများ အား စုံစမ်းနေစဉ် ၂၃.၈.၂၀၁၃ ရက်နေ့ ၀၂၀၀ အချိန် ကလေးငယ်မှာ သေဆုံးသွားခဲ့သဖြင့် အဆိုပါ ကလေးငယ်ကို စွန့်ပစ်သွားသော အုပ်ထိန်းသူ(စုံစမ်းဆဲ) အားအရေးယူ ပေးပါရန် ဦးသန်းထွန်း မှတိုင် တန်းခဲ့သဖြင့် သုဝဏ္ဏနယ်မြေ ရဲစခန်း(ပ)၂၆၇/၂၀၁၃၊ ပုဒ်မ ၃၁၇ ဖြင့် အမှုဖွင့်စုံစမ်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
ရဲဇာနည်

0 comments to “မွေးကင်းစ ကလေးငယ်ကို စွန့်ပစ်ထားခဲ့သူအား အမှုဖွင့် အရေးယူ”

Post a Comment