Tuesday, August 20, 2013

ပုဂ္ဂလိကကျောင်းနှင့် ဘော်ဒါဆောင်များ တိုင်ကြားခံရပါက ပိတ်သိမ်းသည်အထိအရေးယူမည်

,

====================
ကျော်မြတ်ဇံ၊သြဂုတ်(၁၉)
ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
====================
ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် ဘော် ဒါဆောင်တချို့ အဆောင်ခများ နှင့်ပတ်သက်၍ ပိုမိုရယူသည်ဟု တိုင်ကြားခံရပါက ပိတ်သိမ်းသည် အထိအရေးယူသွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ် ဦးကပြောသည်။
အချို့ဘော်ဒါဆောင်နှင့် ပုဂ္ဂလိကကျောင်းအချို့သည် အ ဆောင်နေသူ၊ စာသင်ကြားသူတို့ ထံမှ ထိုက်သင့်သည့်ပမာဏထက် ပိုတောင်းခံမှုများရှိကြောင်း၊ အ ဆောင်ပိုင်ရှင်၊ ကျောင်းပိုင်ရှင်များ အနေဖြင့် ကျခံရမည့်ရေ၊ မီးစရိတ် များနှင့် အထွေထွေစရိတ်များကို လည်း ကျောင်းသား၊ ကျောင်းသူများ ထံမှ ငွေကြေးများတောင်းခံသည့် ဖြစ်ရပ်များဖြစ်ပွားလာသဖြင့် ယင်းသို့ဆောင်ရွက်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ''အရေးယူတယ်ဆိုတာက နှစ်ပိုင်း တော့ရှိတယ်။ ငွေကြေးပိုတောင်း ခံတယ်ဆိုရင် မိဘပြည်သူတွေ အနေနဲ့ တိုင်ကြားနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေနဲ့ မှန် မမှန် စစ်မှာ။ မှန်ကန်တယ်ဆိုရင်တော့ ပထမတစ်ကြိမ် သတိပေးမယ်။ ဒုတိယတကြိမ်ကျရင် ကျောင်း တွေ၊ အဆောင်တွေ ပိတ်သိမ်းတဲ့ အထိ အရေးယူအပြစ်ပေးမှာပါ'' ဟုပြောသည်။
ယခုအခါ အချို့ဘော်ဒါ ဆောင်ပိုင်ရှင်များနှင့် မိဘပြည် သူတချို့ကျောင်းသား၊ ကျောင်း သူများအပေါ် ငွေကြေးကောက် ခံနေမှုများနှင့်ပတ်သက်၍ မကြာ ခဏပြဿနာများဖြစ်ပွားကာ ဖြေရှင်းပေးနေရကြောင်း အရှေ့ ပိုင်းခရိုင်အုပ်ချုပ်ရေးမှုးရုံးမှတာ ဝန်ရှိသူတစ်ဦးက ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ် သု ဝဏ္ဏရှိကိုယ်ပိုင်ပုဂ္ဂလိကကျောင်း တစ်ခုမှ ပိုင်ရှင်ဦးထွန်းလှက ''ကျွန် တော်တို့အနေနဲ့တော့ ကျောင်း သား၊ ကျောင်းသူတွေကိုစေတနာ ထားပြီး သင်ပေးနေတာပါ။ ကျောင်း စရိတ်ကိုလည်း လာအပ်ကတည်း က တစ်ခါတည်းကြေညာပြီးသား။ ဘာကြေးမှ ထပ်မတောင်းဘူး။ ပိုင်ရှင်တွေအနေနဲ့ စေတနာထား ဖို့ လိုအပ်ပါတယ်''ဟုပြောသည်။
ဇူလိုင်လအတွင်းက လှိုင် သာယာရှိ ဘော်ဒါဆောင်တစ် ခုတွင် ဘော်ဒါဆောင်ပိုင်ရှင်က ကျောင်းသားများထံ ငွေကြေးပို မိုတောင်းခံရာမှအစပြုကာ ကျောင်း သားမိဘများနှင့် ဘော်ဒါဆောင် ပိုင်ရှင်တို့အကြား ပြဿနာဖြစ်ပွား ခဲ့ကြောင်း သိရသည်။

0 comments to “ပုဂ္ဂလိကကျောင်းနှင့် ဘော်ဒါဆောင်များ တိုင်ကြားခံရပါက ပိတ်သိမ်းသည်အထိအရေးယူမည်”

Post a Comment