Tuesday, August 20, 2013

စစ်မှု ထမ်းရတော့မည့် မင်းသားချော ဆောင်ဂျွန်ကီ

,


Tuesday, 20 August 2013

မကြာမီ စစ်မှု ထမ်းရတော့မည့် တောင်ကိုရီးယား မင်းသားချော ဆောင်ဂျွန်ကီသည် သြဂုတ် ၁၇ ရက်က ဆိုးလ်မြို့ရှိ ဆန်းမြောင် အနုပညာ ခန်းမ၌ ပရိသတ် ၁၀၀၀ နှင့် တွေ့ဆုံ၍ နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆောင်ဂျွန်ကီက စစ်မှု ထမ်းဆောင်တော့မည် ဖြစ်ကြောင်း၊ ကျန်းကျန်း မာမာဖြင့် ပရိသတ် များထံ ပြန်လာမည် ဖြစ်ကြောင်း၊ ပရိသတ်များအား နှုတ်ဆက်စကား ပြောကြားခဲ့ရာ ပရိသတ် များက မျက်ရည်ကျသည် အထိ ခံစားခဲ့ရကြောင်း သိရသည်။

ဆောင်ဂျွန်ကီနှင့် ပရိသတ် များ၏ တွေ့ဆုံမှုသည် အလွန် နွေးထွေးသည့် နှုတ်ဆက်ပွဲ တစ်ပွဲဖြစ်ကြောင်း၊ မင်းသားနှင့် ပရိသတ် အားလုံး၏ စိတ်ထဲတွင် ခံစားချက် များစွာ ပြည့်နှက်လျက် ရှိပြီး မမေ့နိုင်သည့် ပျော်ရွှင်စရာ အထိမ်းအမှတ် တစ်ခု ဖြစ်လာခဲ့ကြောင်း ဆောင်၏ ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့သည်။

ဆောင်ဂျွန်ကီသည် သြဂုတ် ၂၇ ရက်တွင် စတင်၍ စစ်မှုထမ်းဆောင် ရတော့မည် ဖြစ်ကြောင်း သိရသည်။

0 comments to “စစ်မှု ထမ်းရတော့မည့် မင်းသားချော ဆောင်ဂျွန်ကီ”

Post a Comment