Tuesday, August 20, 2013

ဆိုက္ကားသမားချင်းဂိတ်မထိုးရန်ပြောသည်ကို အနီးရှိ အငှားယာဉ်မောင်းမှ မကျေနပ်၍ ဓါးဖြင့်ခုတ်ရာမှ သေဆုံး

,
 

၁၉.၈.၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန်တွင် ဦးညီညီစိုး၊
နွယ်အေးရပ်ကွက်၊ ဒေါ်ပုံမြို့နယ်နေသူသည် သာကေတမြို့နယ် (၁)ဈေးကွေ့ဆိုက္ကားဂိတ်တွင်ရှိနေစဉ် လူငယ်တစ်ဦးမှ ဆိုက္ကားဂိတ်လာထိုး
သဖြင့် ဂိတ်မထိုးရန်ပြောသည်ကို အနီးရှိ အငှားယာဉ်မောင်းအမည်မသိ
(လူမြင်မှတ်မိ)မှ မင်းငါ့လမ်းထဲကကလေးကို ဘာလို့အနိုင်ကျင့်တာလဲ
ဟုပြောကာ ဓါးရှည်ဖြင့်ထိုးခုတ်ခဲ့၍ ဦးညီညီစိုးတွင် ၀မ်းဗိုက်နှင့်
နောက်ကျောတို့၌ ထိုးသွင်းဒဏ်ရာ(၁)ချက်စီနှင့် ဦးခေါင်းထိပ်ပြတ်ရှ
ဒဏ်ရာ (၁)ချက်တို့ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင်အတွင်းလူန
(စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသခဲ့ရသောကြောင့် စုံစမ်းအရေးယူပေးရန် ဦးညီညီစိုးမှတိုင်တန်းခဲ့၍ ဒေါပုံမြို့မရဲစခန်း(ပ)၂၆၅/၂၀၁၃၊ပုဒ်မ ၃၂၆ ဖြင့်
အရေးယူဆောင်ရွက်ခဲ့ပြီး အမှုမှတရားခံ ၀င်းစိုး(ဘ)ဦးခင်ဝင်း၊
ဒေါပုံမြို့နယ် နေသူအား ၀၉၀၀ အချိန်တွင်ဖမ်းဆီး ရမိခဲ့ပါသည်။

အမှုမှ တရားလို ဦးညီညီစိုးမှာ ရရှိသောဒဏ်ရာများဖြင့် ၂၀၀၀ အချိန်တွင် ရန်ကုန်ဆေးရုံကြီး၌ သေဆုံးသွားခဲ့သဖြင့် အမှုအား ပုဒ်မ ၃၂၆ မှပုဒ်မ ၃၀၂ သို့ပြောင်းလဲစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

0 comments to “ဆိုက္ကားသမားချင်းဂိတ်မထိုးရန်ပြောသည်ကို အနီးရှိ အငှားယာဉ်မောင်းမှ မကျေနပ်၍ ဓါးဖြင့်ခုတ်ရာမှ သေဆုံး”

Post a Comment