Tuesday, August 20, 2013

ပဲခူးက ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတစ်ကျောင်းအတွက် လှူဒါန်းမှုတွေ ပြုလုပ်မယ့် ချစ်သုဝေ

,
ဒါရိုက်တာသျှိုကြီး ရိုက်ကူးနေ တဲ့ 'လေပေါ်လွင့်တဲ့မိုးတိမ်' ဆိုတဲ့ ဇာတ်ကားမှာ ချစ်သုဝေက ဟိန်းဝေယံနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါ တယ်။ ဒီဇာတ်ကား ထဲမှာ ချစ်သုဝေက သူဌေးသမီးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီ ဇာတ်ကားလေးက အချစ်ဇာတ် ကားလေးပဲဖြစ်ပါတယ်။သြဂုတ်လ ၁ဝရက်နေ့ မှာ ကျရောက်တဲ့ မွေးနေ့မှာ အရင်နှစ်တွေ ကထက် ထူးထူးခြားခြားလေးကိုယ့် ရဲ့အနုပညာကြေးငွေနဲ့ အလှူပြုခဲ့ရ တဲ့အတွက် တအားလည်း ပီတိဖြစ်ရ ပြီး အကောင် အထည်ဖော်ခွင့်ရတဲ့ အပေါ်မှာလည်း တအားကို ကြည် နူးရတယ် လို့ပြောလာတဲ့ ချစ်သုဝေက "လူမှုရေးအလုပ်လေးလုပ် တယ်။ အစ်မရဲ့ မိသားစုနဲ့ ချစ်တဲ့သူတွေနဲ့နေတယ်။ မနက်အစောကြီး ပိုင်းမှာတော့ ဘုရားကျောင်းသွားတယ်။ ဘုရားရှိ ခိုးတယ်။ ဒါတွေက ထရီဇာနှစ် တိုင်းလုပ်နေတဲ့ အလုပ်လေးတွေပါ ပဲ။ ထရီဇာ သြဂုတ်လ ၁ရက်နေ့က ပဲခူးမှာရှိတဲ့ ဘုန်းတော်ကြီးစာသင် ကျောင်းလေးတစ်ခုကို သွားခဲ့တယ်။ ပြီးတော့ ဒီနှစ်မှာတော့ သေသေချာချာလေးလှူမယ်ဆိုပြီး စိတ်ကူးဖြစ်တယ်။ အဲဒီကျောင်းကကားလည်း ဝင်လို့မရဘူး။ လယ် ကွင်းတွေဖြတ်ပြီး ရွံ့တွေနဲ့ သွားခဲ့ရတယ်။ ထရီဇာတို့လို လူကြီးတောင်မှ ခြေမျက်စိထိမြုပ်တယ်။ ကလေးတွေဆိုရင်သွားရေးလာရေး တအား ခက်ခဲတယ်။ ကလေးတွေက ဖိနပ်မစီးဘဲနဲ့ ဖိနပ်ချွတ်ပြီး ကျောင်းထဲကို သွားရတယ်။ ထရီဇာလည်း အဲဒီလိုမြင်ရတော့ တအားလည်း စိတ်မကောင်းဖြစ်ရ တယ်။ အဲဒါနဲ့ သေသေချာချာလေးလုပ်ပေးချင် တယ်။ ဘုန်းတော်ကြီးကျောင်းကို သပ်သပ်ရပ်ရပ်လေးဖြစ်သွားအောင် ပြုပြင်ပေးချင်တယ်။ ပြီးတော့လမ်း ခင်းပေးမယ်။ အခုက မိုးတွင်းဆို တော့ ဘုန်းကြီးကျောင်းဆောက်တာ ကတော့ သြဂုတ်၂ဝကျော်လောက် ဆိုရင် ပြီးမယ်။ ထရီဇာစသွားတဲ့ နေ့ ကတည်းက စပြီးဆောက်နေကြပြီ။ တအားလည်း ကိုယ့်ဘက်က လုပ်ပေးချင်တယ်။မိုးကုန်ပြီးစက်တင်ဘာလ ကုန်လောက်ဆိုရင်တော့ လမ်းစပြီး ပြုပြင်မယ်။ အဲဒါကိုတော့ ထရီဇာ တစ်ယောက်တည်း အပြည့်အဝလုပ်မယ်။ ဒီတစ် ခေါက်တော့ ကျောင်း ဆောက်ပြီးသွားရင် လမ်းဖောက်ပြီးသွားပြီဆိုရင် ထရီဇာက ဓာတ်ပုံလေး တွေနဲ့ အလှူ ရှင်တွေကို ဖိတ်ခေါ်မယ်။ ဒီနှစ်မွေးနေ့လေးက တစ် သက်လုံးက စိတ်ကူးခဲ့တဲ့ ထရီဇာ အတွက်တော့ ကြီးကြီးမားမားအလှူ လေးတစ်ခု လုပ်ဖြစ်သွားတဲ့အတွက် တအားလည်း ဝမ်းသာပီတိဖြစ်ခဲ့ရ တယ်" လို့ ဆိုပါတယ်။ချစ်သုဝေက မွေးနေ့မတိုင်ခင်မှာ စင်ကာပူကို တစ်ပတ်ကြာ ခရီးသွားခဲ့ပါတယ်။

လွင်လွင်ထွန်း

0 comments to “ပဲခူးက ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတစ်ကျောင်းအတွက် လှူဒါန်းမှုတွေ ပြုလုပ်မယ့် ချစ်သုဝေ”

Post a Comment