Friday, August 16, 2013

"အမျိုးစောင့်ဥပဒေကိုလွှတ်တော်တင်ရန် ကမ်းလှမ်းလာပါက တင်ပြမည်ဟုဆို"

,

*************************************************
မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ အမျိုးသမီးများအတွက် အဓိကအကာအကွယ်ပေးထားသည်ဆိုသော အမျိုးစောင့်ဥပဒေကြမ်းကို လွှတ်တော်သို့တင်ပြရန် ကမ်းလှမ်းလာပါက တင်ပြသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။
"ကျွန်မတို့ကြားတာက ဒီဥပဒေကြမ်းမှာ ဥပဒေပညာရှင် ရေးဆွဲထားပြီး ဘာသာပေါင်းစုံက ခေါင်းဆောင်တွေနဲ့ ညှိထားတယ်လို့ သိရပါတယ်။ ဒီဥပဒေက ညီမျှပြီးတော့ ပြည်သူကောင်းဖို့အတွက်ဆိုရင် ဘာမတင်ရဲစရာအကြောင်းရှိလည်း ဒါကိုဖတ်ကြည့်ပြီးလို့ ဆိုးရွားတဲ့အချက်တွေပါရင်တော့ ကျွန်မက အရင်ထောက်ပြမှာပါ။ ပြည်သူတွေအတွက် အကာအကွယ်ပေးမယ်၊ တကယ်လိုအပ်တယ်ဆိုရင်တော့၊ တင်ပြဖို့အဆင့်သင့်ပါ" ဟု ၄င်းက Vneus News Weekly သို့ ပြောသည်။
မြန်မာနိုင်ငံတွင် အမျိုးစောင့်ဥပဒေမူကြမ်း ပြုစုခြင်းသည် လူ့အခွင့်အရေးချိုးဖောက်သည်ဟု ပြောဆို၍ မရနိုင်ကြောင်း။ အဘယ်ကြောင့်ဆိုသော် အခြားပြည်ပနိုင်ငံများတွင် ၄င်းတို့တိုင်းပြည်အတွက် လူမျိုးရေး၊ ဘာသာရေး အကာကွယ် ပေးသည့်ဥပဒေများရှိကြောင်း၊ အခြားပြည်ပနိုင်ငံများတွင် အတူတကွ ပေါင်းသင်းနေထိုင်ခြင်း (Living Together) ကို ခွင့်ပြုထားသော်လည်း မြန်မာနိုင်ငံတွင် ခွင့်မပြုသောကြောင့် လူ့အခွင့်အရေးချိုးဖောက်သည်ဟု ပြော၍ မရကြောင်း ၄င်းက ထပ်မံပြောကြားသည်။
အင်းစိန်ရွာမကျောင်း ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသက "ဆရာတော်တို့ကတော့ ဒီဥပဒေကြမ်းကို လွှတ်တော်မှာဆွေးနွေးဖို့ ကမ်းလှမ်းလာရင် ဘယ်သူမဆိုကြိုဆိုပါတယ်။ လောလောဆယ် ဒီဥပဒေကြမ်းကို စာတိုက်ကနေတစ်ဆင့် လွှတ်တော်ကို ပေးပို့ထားပါတယ်" ဟု မိန့်ကြားသည်။
အမျိုးစောင့်ဥပဒေကြမ်းသည် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအား အခြားဘာသာဝင် အမျိုးသားများကို လက်မထပ်ရန်အတွက် ကန့်သက်တားမြစ်ထားခြင်းဖြစ်ကာ ယင်းဥပဒေကြမ်းကို စာရင်းဇယားဖြင့် လက်မှတ်ရေးထိုးကောက်ခံခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထောက်ခံသူပေါင်း နှစ်သန်းကျော်ရှိခဲ့ကြောင်း သိရသည်။
မှတ်ချတ်= = ယခုအခါ သုံးသန်းကျော် ရှိပြီဖြစ်သည်

0 comments to “"အမျိုးစောင့်ဥပဒေကိုလွှတ်တော်တင်ရန် ကမ်းလှမ်းလာပါက တင်ပြမည်ဟုဆို"”

Post a Comment