Wednesday, September 4, 2013

အိန္ဒိယကျောင်းသား Drone ကို တီထွင်အောင်မြင်

,

အိန္ဒိယကွန်ပျူတာကျောင်းသားဖြစ်တဲ့ အသက်-၂၁ နှစ်အရွယ် Subhanjan Saha ဟာ လူမဲ့ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ Drone ကို တီထွင်အောင်မြင်ခဲ့တယ် လို့ဆိုပါတယ်။

လက်ရှိ Manindra Chandra College မှာကွန်ပျူတာဘာသာရပ်တက်ရောက် သင်ကြားနေတဲ့ Saha ကို ကာကွယ်ရေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး သုတေသန(DRDO) နှင့် Hindustan Aeronautics Limited (HAL) တို့မှ Drone ကို အဆင့်မြင့် တီထွင် ဖန်တီးနိုင်အောင် ဆက်လက်ထောက်ပံ့ ပေးသွားမယ်လို့ဆိုပါတယ်။

ရည်ရွယ်ချက်ကတော့ အနာဂတ်အိန္ဒိယနိုင်ငံ စစ်ရေးအရ၊တိုးတက်စေဖို့နဲ့ ကာကွယ်ရေးပိုင်းမှာ အဆင့်မြင့်တင်နိုင်ဖို့ ယခုလို ကူညီထောက်ပံ့ ပေးတယ်လို့ သိရပါတယ်။

ကနဦးတီထွင် ဖန်တီးမူအရ Remote နဲ့ ထိန်းချုပ်ပျံသန်းရမှာဖြစ်ပြီး ရှေ့ကင်မရာ၊ နောက်ကင်မရာ တပ်ဆင်ထားသည့်အပြင် မြေပြင်မှ ပုံရိပ်ကို ဝေဟင်အမြင့် ၁၀ ကီလိုမီတာ မှနေ၍ပုံရိပ်များကို ဖမ်းယူကြည့်ရှုလို့ အဆင်ပြေစေမှာဖြစ်ပါတယ်။

ဘက်ထရီအားသွင်းတဲ့ စနစ်ဖြစ်ပြီး အားပြည့်စွာသွင်းထားပါက ပျှမ်းမျှ မိနစ် ၆၀ အထိကြာမြင့်စွာပျံသန်းနိုင်တယ်လို့ဆိုပါတယ်။

သူ့ရဲ့ တီထွင်မူနဲ့ပတ်သက်ပြီး Saha ကယခုလိုပြောကြားခဲ့ပါတယ်။ "ငယ်စဉ်ကတည်းက ကျွန်တော်ဟာ စက်ကရိယာတွေနဲ့ ပတ်သက်ပြီး
တီထွင် ဖန်တီးမူတွေကို အမြဲစိတ်အား ထက်သန်ခဲ့တဲ့သူပါ။ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ချိတ်ဆက်ဖန်တီးမူတွေကိုလည်း ဝါသနာ ပါတဲ့အတွက် လေ့လာထားတဲ့ ပညာရပ်တွေနဲ့ ပေါင်းပြီး ယခုလို ဖန်တီးတာပါ။ ခင်ဗျားလည်း သိတဲ့ အတိုင်းပဲ အိန္ဒိယမှာက လျှပ်စစ်နဲ့ ပတ်သက်တဲ့ အပိုပစ္စည်းတွေက ဈေးအရမ်း ကြီးတယ်လေ။ ဒါကြောင့် အွန်လိုင်းမှာရှိတဲ့ သူငယ်ချင်းတွေရဲ့အကူအညီ
ကို ယူပြီး အင်တာနက်ကနေ လိုချင်တဲ့ ပစ္စည်းတွေကို အော်ဒါ မှာယူရတာပေါ့။ သာမန်လုပ်နေကျအချိန်တွေထက်တော့ ကြာသွားတာပေါ့။ဒါပေမယ့် အခုတော့ ကျွန်တော် လုပ်နိုင်ခဲ့ပါပြီ။ အနာဂတ် တိုင်းပြည် လုံခြုံရေးနဲ့ စစ်ရေးတွေမှာ အသုံးပြုဖို့အတွက် ဒီထက်ကောင်းမွန်တဲ့ Drone တွေကို ကျွန်တော်ဆက်လက်ဖန်တီးပေးသွားမှာပါ"လို့ပြောဆိုခဲ့ပါတယ်။

အိန္ဒိယအလံ ဒီဇိုင်းနဲ့ဖန်တီးထားတဲ့ Drone နှင့်အတူ အသက်-၂၁ နှစ်အရွယ် ကျောင်းသားလေးဖြစ်တဲ့ Subhanjan Saha ကို ယခုလိုမြင်တွေ့ရမှာပါ။

TechSpace Journal

0 comments to “အိန္ဒိယကျောင်းသား Drone ကို တီထွင်အောင်မြင်”

Post a Comment