Wednesday, September 4, 2013

ဘင်္ဂါလီဖမ်းဆီးမိမှ နောက်ဆက်တွဲ သတင်း

,


4/9/2013

ဘင်္ဂါလီလူမျိုး (၃)ဦးအား AK-47 မောင်းပြန်ရိုင်ဖယ် တစ်လက်၊
ကျည်အတောင့် (၂၀၊ ကျည်ကပ် (၂)ခုနှင့် အတူ ဖမ်းဆီးရမိ


တရားဝင်ကိုင်ဆောင်ခွင့်မရှိသော သေနတ်အားကိုင်ဆောင်၍ ဘင်္ဂါလီ လူမျိုးများအား ဘင်္ဂလားဒေရှ့် နိုင်ငံမှ ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန်ကြံစည်အားထုတ်ခဲ့ကြသော ကောင်းမြတ်ဟင်္သာစက်လှေမှ လှေသား (၁၃)ဦး နှင့် ဘင်္ဂါလီလူမျိုး (၃)ဦးအား မြို့မရဲစခန်း (ပ)၄၄၄/၂၀၁၃ လက်နက် ယာယီ ပြင်ဆင်ချက် ဥပဒေပုဒ်မ ၁၉-က ဖြင့်

စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ ဘင်္ဂါလီလူမျိုး (၃)ဦးမှာ-

• ဦးမောင်မောင် (ခ) လာမြား (ဘ) ဦးခင်မောင် ဘင်္ဂါလီလူမျိုး၊ ပေါက်တောမြို့၊

• မိုအာမက်ဖာရု (ခ) မောင်မောင်စိုး (၂၆)နှစ် (ဘ) ဦးကျော်မင်း (ခ) မာမွတ်မွန်နစ် ဘင်္ဂါလီ လူမျိုး၊ မောင်တောမြို့နယ်၊

• မိုဟာမက်ဟာရှင်း (၃၀)နှစ် (ဘ) ဦးပေါ်ယာဇူ
ဘင်္ဂါလီလူမျိုး၊ မောင်တောမြို့ နယ် တို့မှဖြစ်ကြောင်း သတင်းရရှိသည်။

0 comments to “ဘင်္ဂါလီဖမ်းဆီးမိမှ နောက်ဆက်တွဲ သတင်း”

Post a Comment