Wednesday, September 4, 2013

ငြိမ်းချမ်းရေး စာဆို ဆရာဒဂုန်တာရာ အရိုးပြာမျှောပွဲ

,
ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန် တာရာရဲ့အရိုးပြာ များကို ကလောမြို့ နယ်က ဘီလူးချောင်း ထဲသို့မျှောသော အခမ်းအနား ကို သြဂုတ်လ ၃ဝ ရက်၊ နေ့လယ်ပိုင်း က ကျင်းပခဲ့ရာ ဘာသာရေး ခေါင်းဆောင်များနှင့် ကျန်ရစ်သူ မိသားစုများ တက်ရောက် ခဲ့ကြပါသည်။ ကျန်ရစ်သူ မိသားစုများ ထဲမှ ကိုယ်တိုင် အရိုးပြာမျှောခဲ့ တဲ့ ဒီဇိုင်နာ အိကျော်ဇင် က “အဘိုးရဲ့ ကြွင်းကျန် ရစ်တဲ့ အရိုး နဲ့ပြာတွေကို ဒီအတိုင်း လက်လွှတ်စပယ် မလုပ်ဘဲနဲ့ ရေမျှော လိုက်တာပါ။ နောက်တော့ အရိုး ကိုမြေမြှုပ်၊ ဂူသွင်း ၊ပြီးတော့ မှ အဘိုးရဲ့ အထိမ်းအမှတ် ကျောက်တိုင် လုပ်မှာပါ။ ဘယ်တော့ မှ ပြန်မရနိုင် တဲ့ ကျွန်မတို့ ကမ္ဘာမြေ လောကကြီး အတွက်ရော၊ အမျိုး အတွက်ရော အစားထိုး လို့မရနိုင်တဲ့ ကျွန်မ တို့ရဲ့ တန်ဖိုးရှိတဲ့ လူသား တစ်ယောက် ဆုံးရှုံးသွားတာပါ” လို့ ပြောပါတယ်။ ငြိမ်းချမ်းရေး စာဆိုကြီး ဆရာ ဒဂုန်တာရာ ရဲ့ဈာပနကိုမိသားစု များနှင့် အတူ၊ ဗိုလ်ဇေယျ ရဲ့ သမီးဖြစ်သူ ဒါရိုက်တာ ရိုးရိုး ၊မြေးဖြစ်သူ အနုပညာရှင် များ ဖြစ်သော ရာဇာနေဝင်း၊ ဟေမာနေဝင်း တို့က ကိုယ်တိုင် ကိုယ်ကျ ပါဝင် ကုသိုလ်  ယူခဲ့သလို၊ အရိုးပြာမျှော အခမ်း အနား မှာလည်း ဒါရိုက်တာ ရိုးရိုးနှင့် တူ၊တူမ များက ပါဝင်ဆောင်ရွက် ခဲ့ကြတာ ကိုတွေ့ရသည်။

0 comments to “ငြိမ်းချမ်းရေး စာဆို ဆရာဒဂုန်တာရာ အရိုးပြာမျှောပွဲ”

Post a Comment