ခင်ပွန်းဖြစ်သူ နဲ့ အတူ ၂ဝ၁၂ ခုနှစ်၊
နှစ်ကုန်ပိုင်းလောက်က သြစတြေးလျမှာ သွားရောက် နေထိုင်နေတဲ့ ပန်းဖြူ က
သြဂုတ်လ ၂၄ ရက်နေ့ က မြန်မာ နိုင်ငံ ကို ပြန် လည် ရောက်ရှိ ခဲ့ပါတယ်။ ဧပြီလ
လောက်ကတော့ မြန်မာနိုင်ငံ ကို ခေတ္တ ပြန်လာ ဖြစ်ခဲ့ပါသေးတယ်။ အခု တစ်ခေါက်
မှာတော့ ခင်ပွန်းဖြစ်သူ ရဲ့ အလုပ် ကိစ္စကြောင့် ပြန်လာတာ ဖြစ်ပြီး ဒီ
တစ်ခေါက်တော့ ကြာကြာ နေဖြစ်မယ်လို့ ပန်းဖြူ က ပြောပါတယ်။ ၾသစေၾတးလ် မွာ
နေထိုင်တဲ့ ခံစားချက် ကို မေးတော့ ပန်းဖြူက “တခြား လူတွေ အတွက်တော့ မသိဘူး။
ပန်းဖြူ အတွက်တော့ တအား အထီးကျန် ဆန်တယ်။ သူငယ်ချင်း လည်း မရှိဘူး၊
မိသားစုလည်း မရှိဘူး ဆိုတော့ တအား အထီးကျန်ဆန် ဖြစ်နေသလိုပဲ။ မိတ်ဆွေလည်း
နည်း တယ်။ အိမ်အလုပ် တွေ လုပ်တယ်။ ဒါပေမဲ့ အိမ်အလုပ် ကလည်း သိပ်လုပ်စရာ
မရှိဘူး။ ဟိုမှာက မြန်မာ ဇာတ် ကားတွေကို ဒီမှာထက်တောင် ပိုကြည့်ဖြစ်သေးတယ်။
ဘာမှလုပ်စရာ မရှိတော့ မြန်မာ ဗီဒီယို ဇာတ်ကားတွေ၊ ရုပ်ရှင် ဇာတ်ကားတွေကို
ပို ကြည့်ဖြစ်ပါတယ် ။လျှောက် လည် ဖြစ်တာ များတယ်။ ပန်းဖြူတအား ပျင်းတော့
အမျိုးသားလည်း အလုပ် ပိတ်ပြီ ဆိုရင် ခရီးတွေပဲ ထွက်ဖြစ်တာ များတယ်။
နေ့တိုင်းမြန်မာပြည်ကို လွမ်းတယ်။ မိဘနဲ့ ခွဲနေရတာ မျိုးတွေး လိုက်လို့
ရှိရင် တကယ် စိတ်ထဲမှာ မကောင်းဘူး။ နီးနီးနားနား ဆိုရင် ထသွား လိုက်လို့
ရတယ်။ အခု ဝေးနေ “လို့ ပြောပါတယ်။ သြစတြေးလျ မှာ အခြေချ နေထိုင်ဖို့တော့
အစီအစဉ် မရှိသေးဘဲ သွားလိုက်ပြန်လိုက်လုပ် နေမှာဖြစ်ပြီး မြန်မာနိုင်ငံကို
ရောက်ရှိနေတဲ့ အချိန်မှာတော့ အနုပညာ အလုပ်တွေ လုပ်ဖြစ်မှာပါလို့ ပန်းဖြူက
ပြောပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့ က ပန်းဖြူ ရဲ့မွေးနေ့ဖြစ်ပြီး မွေးနေ့
မနက်ပိုင်းမှာတော့ ဝါဆို သင်္ကန်း ဆပ် ကပ် လှူဒါန်းခဲ့ကာ ညပိုင်း မှာတော့
သူငယ်ချင်း မိတ်ဆွေများ နဲ့ညစာစား ခဲ့တယ်လို့ သိရပါတယ်။
ခိုင်ဝေလွင်