”ဓမ္မစေတီခေါင်းလောင်းဆယ်ယူ ရေး
ရေစုန်မျောပြီလော” ဟု နိုင်ခင် မောင်လေးက မြန်မာသံတော်ဆင့်ဂျာ နယ် အတွဲ ၂၊
အမှတ် (၂၃) စာမျက်နှာ ၆ တွင် ရေးသားခဲ့ သည်။ ဆက်ရှာဖွေစေ ချင်သော
သဘောတွေ့ရသည်။ သူ့စာ အရ အရင်ကလည်း အကြိမ်ကြိမ်ကြိုး စားခဲ့ကြဖူးပြီ။
နိုင်ငံခြားအကူအညီ ယူပြီးလည်း လုပ်ဆောင်ခဲ့ကြ ဖူးပြီ။ အချည်းနှီး သာ
ဖြစ်ခဲ့သည်။ ထိုအတွေ့ အကြုံများကို သမိုင်းသင်ခန်းစာယူပြီး အသေအချာ
ထပ်လောင်း လေ့လာ ဆန်းစစ်ကြည့်ကြဖို့တော့ လိုနေသည်မှာ အမှန်ဖြစ် သည်။
ရှာရုံနှင့်မပြီး။ တွေ့ လျှင် ဆယ်ယူနိုင်ဖို့လည်း ပြင်ဆင်ထား ရမည်။
ကုန်ကျမည့်ငွေရှိပါ၏လား။ ငွေ ကြေးရော ပညာပါ တတ်နိုင်ပါ၏လား။ သယ်ယူနိုင်ပါ
၏လား။ စသည့် လား ပေါင်းများစွာကိုလည်း ယုန်မရမီက သံပရာ ရှာထားရပါမည်။
ရေအောက် သင်္ဘောပျက်များ ရှာဖွေနိုင်ကြလို့
သူများနိုင်ငံတွေမှာ ချမ်းသာသူ ချမ်းသာခဲ့သလို ရေအောက် ရှေးဟောင်း သုတေသန
ပညာဆိုပြီး လည်း ပညာသစ်တစ်ရပ် ထွန်းကား လာခဲ့သည်။ ကျွန်တော်တို့ နိုင်ငံမှာ
လည်း ရေအောက်ရှာဖွေမှု တစ်ခေတ် ထွန်းကားလာခဲ့ဖူးပါသည်။ လှောင်ပိတ် နေတဲ့
စီးပွားရေးကို ထွက်ပေါက်ရှာကြ ရာမှ ဧရာဝတီမြစ်အတွင်း ဒုတိယကမ္ဘာ စစ်အတွင်းက
ဗုံးစာမိခဲ့ရတဲ့ သင်္ဘော ပျက်များ ဆယ်ယူသည့်လုပ်ငန်း ပေါ် လာခဲ့သည်လို့
ကြားလိုက်မိရပါသည်။ တစ်ဆက်တည်းပင် ဓမ္မစေတီ ခေါင်း လောင်းဆယ်ယူရေးလည်း သင်္ဘော
ပျက်ရှာဆယ်ပြီး အကျိုးရှိလာခဲ့သူ ဦး ကြိုင် အကြံပေးချက်ဖြင့်
ဒေါက်တာမျိုး မြင့်၊ ဦးကျော်၊ ဦးကိုကိုတို့ ပူးပေါင်း စတင် လှုပ်ရှားမှု
ပေါ်လာခဲ့ကြောင်း သိရသည်။ ထိုပုဂ္ဂိုလ်များသည် ရှေး ဟောင်းနှင့်
သမိုင်းဆိုင်ရာ ပညာရှင် များ ဖြစ်ကြသောကြောင့် ပြည်သူတို့မှာ ဟုတ်ပေမပေါ့ဟု
စိတ် အားထက်သန် စွာ စောင့်မျှော်နေခဲ့ကြသည်။
ရှစ်ဆယ့်ရှစ်အလွန်မှာ ဓမ္မစေတီ
ခေါင်းလောင်းတော်ကြီး ဆယ်ယူရေး လုပ်ငန်းကြီးက နိုင်ငံတော်က ဦးစီး
လုပ်ဆောင်ဖို့အဆင့်ထိ ပေါ်ပေါက် လာခဲ့ပါသည်။ အမျိုး သားရေး အသွင် အဖြစ်
လုပ်ဆောင်နိုင်ရန် ကြိုးစားခဲ့ဟန် ရှိသည်။ တကယ်ပဲ ရှိနေသည်ဟု ယုံ ကြည်လို့
လုပ်သလား။ လူတွေ စိတ် ပြောင်းသွားစေချင်လို့ လုပ်သလား တစ်စုံတစ်ခု အမြတ်ကို
မြင်လို့ လုပ်သ လား ဆိုသည်ကတော့ ပါဝင်ကြသူတို့မှ သာ သိပေမည်။ သမုဒ္ဒရာအောက်
လွန် ခဲ့တဲ့နှစ် ၁ဝဝ ကျော်က မြုပ်သွားသော တိုင်တန်း နစ်သင်္ဘောကြီး ရှာသလို
ပစိ ဖိတ်သမုဒ္ဒရာကြီးလောက်လည်း မကျယ်။ ရေအနက်ကလည်း ပေ ၁ဝဝ တောင် မရှိတဲ့
ရန်ကုန်ပုဇွန်တောင် ဒေါပုံ ချောင်းဝမှာ အနှစ် ၂ဝ ကျော်ရှာကြ ပေမယ့်
ငွေကုန်ကြေးကျနှင့် လူအသေ အပျောက်သာ ရှိခဲ့သည်။ အောင်မြင်ခဲ့ သည်ဟု
မကြားမိလိုက်ပေ။
ထိုလုပ်ငန်းကို တစ်ဖွဲ့ပြီးတစ်ဖွဲ့
ပြောင်းလဲလုပ်ခဲ့ကြသည်။ ကုန်ကျငွေ များ မည်သူတွေက ထုတ်ပေးပြီး မည်သို့
လုပ်ကိုင်ကြသည်ကို မသိရသော်လည်း အချို့ (အထူးသဖြင့် ရေငုပ်သမားများ)
အလုပ်အကိုင် ယာယီရသွားကြသဖြင့် သူတို့အတွက် အကျိုးရှိသည်ဟု ဆိုနိုင် ပါသည်။
ယနေ့တိုင်တွေ့သည် မကြားမိ သော်လည်း ရှာချင်သူက ရှာချင်နေကြ တုန်း ဖြစ်သည်။
အမေရိကန်တစ်ဦး ဂျင်ဘလန့် (Jam Blunt) ဆိုသူ လာ ရောက်ရှာဖွေသွားသည်။
ခေါင်းလောင်း တည်နေရာတွေကအစ အတိအကျ ပုံနှင့်ပြသွားသည်။ သူက အတော်စား
ရသွားသည်ဟု ကြားရသည်။ နောက် တစ်ကြိမ် မလာတော့။ တွေ့နေပြီဆိုရင်
ပင်လယ်ကူးသင်္ဘောက ဝန်ချီစက်နဲ့ ဘာလို့ မ,မနိုင်ရမှာလဲ။ အလွန်အား ကောင်းတဲ့
ဆောက်လုပ်ရေးသုံး ကရိန်း ကြီးတွေနဲ့ ဘာလို့ ဆွဲ မယူနိုင်ရမှာလဲ။
ပင်လယ်ပြင်မှာတောင် ရေနံစင်ကြီးတွေ ဆောက်ပြီး တူးဖော်နိုင်သေးရင် ယနေ့
ခေတ်သစ် သိပ္ပံပညာရှင်တွေ အင်ဂျင် နီယာတွေအဖို့ ဒါလောက်ကတော့ အပျော့ပေါ့။
ဘာစက်မှမရှိသူ ဟံသာ ဝတီသားတွေတောင် ဒီခေါင်းလောင်း ကြီးကို
ပဂိုးကလှေဖောင်ပေါ် တင်သယ် လာပြီး ရွှေတိဂုံကုန်းတော်ပေါ်အရောက်
ပို့နိုင်သေးဆို မဟုတ်လား။ (နိုင်ခင် မောင်လေး၊ မျက် ၆၊ ကော်လံ ၁)
ဆက်ပြီး လုပ်နိုင်ဖို့ လူတွေကို ငွေ
ကြေးထည့်ဝင်ကြရန် ဆွဲဆောင်နေကြ တုန်းပဲ။ ဟိုကလှူမယ်၊ ဒီကလှူမယ်
ဆိုတဲ့အသံတွေလည်း ကြားလိုက် ပျောက်သွားလိုက်နဲ့ လူတွေရဲ့ စိတ်ဝင် စားမှုကို
ဆွပေးနေကြတုန်းပဲ။ ပညာရှင် များစာတမ်းဖတ်ပွဲများတောင် တခမ်း တနားလုပ်သဖြင့်
ခေါင်းလောင်းကြီးက တော့ သေချာပေါက် ရှိနေမှာပဲလို့ ထင် စရာပါ။
စာတမ်းဖတ်ကြသူတွေကလည်း စာပေပညာရှင်တွေ၊ သမိုင်းပညာရှင် တွေ၊
ရေကြောင်းသိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာပညာရှင်တွေ တောင်ပါ သဖြင့်
နှယ်နှယ်ရရ မဟုတ်သည်ကတော့ သေချာသည်။ လှူသူမှာလည်း သူ့မှာ အမြတ်မရှိဘဲ
လှူမယ်မဟုတ်ပါ။ ခေါင်း လောင်းကြီး ရသည်ဖြစ်စေ၊ မရ သည် ဖြစ်ေ စ မြတ်သူမြတ်၊
ရှုံးသူရှုံးဖြစ်မှာတော့ သေချာပါသည်။ ကုန်ကျမည့် ငွေတွေကို ရာမာဓိပတိ
(ဓမ္မစေတီမင်း) မင်းကြီး အထိမ်းအမှတ် ခေါင်းလောင်းကြီး အသစ် တစ်လုံး ပြန်
သွန်းရင် တောင် ရနိုင်မယ် ထင်ပါတယ်။
သာသနာပြု မင်းကြီးကို
ပူဇော်ရာဂုဏ်ပြုရာလည်း ရောက်မယ်ပေါ့။ အရေးအကြီးဆုံးက တော့ ဓမ္မစေတီလို
မင်းမြတ်တစ်ပါး ရုပ်တုရှိဖို့က ပိုလို့ပင်ဗုဒ္ဓသာသနာတော် အ တွက်
အရေးကြီးပါသည်။
ခေါင်းလောင်းကြီးအကြောင်း
ပညာရှင်တွေကလည်း စာတမ်းတွေ တင်ကြ၊ ဖတ်ကြသည်။ ခိုင်ခိုင်မာမာ အချိန်ယူ
သုတေသနလုပ်ပြီး ခေတ်ပြိုင် မှတ်တမ်းတွေနဲ့ ဖတ်ကြ သည်တော့ မဟုတ်ပေ။
အမေရိကန်ပညာရှင် ပြော သည်ကို ယုံရင် ခေါင်းလောင်းကြီးကို နေရာနဲ့
ပြပြီးသားတောင် ရှိနေပြီမို့ ဆယ်ယူဖို့သာ စဉ်းစားရတော့မှာ မဟုတ်ပါ လား။
ဆယ်ရမည့် ပစ္စည်းက လည်း ကြေးနှင့် လုပ်ထားသည့် ပေ ၂ဝ လောက်ထုထည် ရှိလို့
ခေတ်သစ် နည်းပညာတွေနဲ့ ဘာလို့ မဆယ်နိုင် ရမှာလဲ။ ရေငုပ်ခဲ့ဖူး သူတို့ကလည်း
သူတို့ကိုယ်တိုင် လက်နှင့် ထိတွေ့ခဲ့ဖူး ကြောင်း ဆိုကြပါသတဲ့။ ဘာတွေကို
သူတို့ ထိတွေ့ကိုင်ဖမ်းမိခဲ့ကြပါသလဲ။ ဒီလောက်ဆိုနေပါ လျက်ကနဲ့ ဘာကြောင့်
များ မဆယ်နိုင်ပါသလဲ။ လူပြိန်း တွေး တွေးရင်တောင် အဖြေမှန်ကို ကြည့်လို့
ရပါတယ်။ ဓမ္မစေတီခေါင်းလောင်း ပုံဆိုတာ ကို ဖော်ပြကြ တာကို လည်း တွေ့ရ သည်။
မြင်ဖူးသူတောင် မရှိတဲ့၊ ပုံမှတ်တမ်းလည်း မရှိခဲ့တဲ့ ခေါင်း လောင်းကို
ဓာတ်ပုံလို၊ ဆွဲပုံလိုဟာကို မြင်ရတော့ ပြုံးမိရသည်။ ထိုပုံက ပထမ
အင်္ဂလိပ်-မြန် မာစစ်ပွဲအပြီး အင်္ဂလိပ် စစ်တပ် ဘုရားပေါ်ရောက်ချိန် ခေါင်း
လောင်းကြီးတစ်လုံးနားမှာ စစ်ပန်းချီ ဆရာ ဗိုလ်ဂျိုးဇက်မူးဝါး (Lieutenant
Joseph Moore) က ၁၈၂၅ တွင် အမှတ်တရ ဆွဲထားသည့်ပုံ ဖြစ်သည်။
ခေါင်းလောင်းကြီးရှိတယ် မရှိဘူး
ဆိုတာအပထားပြီး သာမန်ပဲ စဉ်းစား ကြည့်ကြရအောင်ပါ။ မွန်ရာဇဝင် တစ်
စောင်အဆိုအရ ပြည်သူတို့ထံမှ ကောက် ယူထားေ သာ ကြေးချိန် ၁၈ဝဝဝဝ ပိဿာရကြောင်း
ယင်းတို့ကိုခေါင်းလောင်း သွင်းကြောင်း၊ ခေါင်းလောင်းအမြင့် ၁၂ တောင် (၁၈
ပေ)၊ အဝအကျယ် ၇ တောင် (၁ဝ ဒသမ ၅ ပေ) ရှိကြောင်း ဖော်ပြသည်။ အမြင့် ၁၈ ပေ
အကျယ် ၁ဝ ဒသမ ၅ ပေရှိ ကြေးလေးထောင့် တုံးကြီးတစ်တုံးသည် တန်ချိန် ၂၉ဝ ရှိ
နိုင်မရှိနိုင် စဉ်းစားကြည့်ပါ (နိုင်မောင် လေး၊ မျက် ၆၊ ကော်လံ ၁)။
ထိုခေါင်း လောင်းကြီးကို ၂ ဖေဖော်ဝါရီ ၁၅၈၄ တွင် သွန်းလုပ်ခဲ့၍ ယခုအခါ
အနှစ် ၅၃ဝ ခန့် ကြာခဲ့ပြီ။ ဓမ္မစေတီမင်းကြီး သည် ရွှေတိ ဂုံတွင်
ခေါင်းလောင်းကြီးကို ဘယ်နားမှာ ချိတ်ဆွဲခဲ့ပါသလဲ။
၁၈ဝဝဝဝ ရှိ ကြေးတိုကြေးစများ ကို
အရည်ကြိုသွင်းလောင်းသောအခါ အမြင့် ၁၈ ပေ၊ အဝ ၁ဝ ဒသမ ၅ ပေရှိ
ခေါင်းလောင်းပုံစံခွက်တွင် ထိုကြေးပိဿာ အားလုံး အကုန် ဝင်မဝင် ဆံ့မဆံ့၊
ချော် မည်မျှထွက်မထွက်၊ မည်သည့်နေရာ တွင်ပုံသွင်းပြီး မည်သည့်နေရာတွင်
ချိတ်ဆွဲထားခဲ့ပါသနည်းဟု သမိုင်း သု တေသီတို့ အရင်လေ့လာစရာ လိုပါ သည်။
ရွှေတိဂုံပေါ်က မွန်ဘာသာရေး ခေါင်းလောင်းစာ၊ ကျောက်စာများက လည်း ထိုအကြောင်း
သဲလွန်စလောက် မှ ပြောမပြခဲ့ကြချေ။ မြစ်လယ်ကျွန်း ပေါ်တွင် သွန်းလောင်းခဲ့သော
မင်းကွန်း ခေါင်းလောင်းကြီးကို နည်းပညာမတတ် သဖြင့် ဗဒုံမင်း မြစ်အနောက်ဘက်
ကမ်းသို့ အတော်နှင့်မရွှေ့နိုင်၊ မတင်နိုင် ဖြစ်ခဲ့ရဖူးသည်ကို
သူ့အမိန့်တော်များ အရ သိရသည်။ သမိုင်းဖော်ပြချက် အရ
ခေါင်းလောင်းကြီးနှစ်လုံးကို နှိုင်း ယှဉ်ကြည့်ကြရအောင်။
အောက်တွင်ဖော်ပြထားသော
နှိုင်းယှဉ်ချက်ဇယားအရ ဓမ္မစေတီခေါင်းလောင်းသည် ဗဒုံမင်းခေါင်းလောင်းလောက်
မကြီးချေ။ ကြေးချိန်က မင်းကွန်းခေါင်း လောင်းထက် ၃ ဆ ကျော်ပိုသဖြင့်
အခေါင်းမပါဘဲ ပုံဆောင်ခဲအသွင်သွန်း သည့်တိုင် ထိုမျှကြေး မကုန်နိုင်ရာ။
(မှတ်ချက်၊ မွန်တို့ တစ်ပိဿာသည် မြန်မာ တို့တစ်ပိဿာနှင့် ညီမညီ
မသိပါ)။ဟံသာဝတီပျက်ချိန်တွင် သန်လျင် မှာ ပေါ်တူဂီစွန့်စားရေးသမား ဒီဗရစ်တို
ခေါ် ငဇင်ကာ မင်းမူနေသည်။ သူက ဘုရားများဖြိုဖျက်ကာ ဌာပနာယူ သည်။
ခေါင်းလောင်းများကို အမြောက်သွန်း ရန်ယူသည်။ ရွှေတိဂုံပေါ်က ဓမ္မစေတီ
ခေါင်းလောင်းကြီးကိုလည်း သူယူခဲ့သည်။ ရည်ရွယ်ချက်က အမြောက် သွန်းလုပ်
ရန်ပင် ဖြစ်သည်။ စစ်နိုင်အထိမ်းအမှတ် အဖြစ် ပြတိုက်တွင် ဂုဏ်ယူပြသထားရန်
မဟုတ်ချေ။ ထို့ကြောင့် ခေါင်းလောင်း ပုံသဏ္ဌာန်ကို ငဇင်ကာ မလိုချင်။ သူလို
ချင်သည် က ကြေးသတ္တုသာ ဖြစ်သဖြင့် သန်လျင်ကို ရွှေတိဂုံပေါ်က ခေါင်း
လောင်းကြီး အကောင်းပကတိအတိုင်း သယ်ဖို့ ဘယ်နည်းနဲ့မှ သူဒုက္ခခံမည် မဟုတ်ချေ။
ယူလျှင် စဉ်းစားရမည့် အချက် လေးချက်ရှိသည်။ ကုန်းတော် ပေါ်က
ခေါင်းလောင်းကြီးချရန် လမ်း မရှိ၊ ရှိလည်း မကောင်း၊ သစ်တော လွှမ်းနေသော
လမ်းမှ မြစ်ဆိပ် သို့ဆွဲပြီး (ဘယ်မြစ်ဆိပ်မှန်း မသိ)၊ လှေဖောင် ပေါ်တင်ရန်၊
ဖောင်ကြီးကိုဆွဲရန် သုံးရ မည့်လူအင်အား၊ (မင်းဓမ္မကုန်းပေါ်
လာဘမုနိရုပ်ပွားတော်ထုရန် ကျောက် တုံးကြီး သယ်ပုံနှင့် ပြန်နှိုင်းယှဉ်
ကြည့် ပါ။ ဘယ်ကပိုလေး၊ ပိုကြီးသနည်း)။ အကယ်၍ယူနိုင်ပါလျှင်လည်း တစ်ဖက်
ကမ်းရောက်လျှင်ကုန်းပေါ်တင် အမြောက် သွန်းမည့်နေ ရာဆွဲ လုပ်ရပေဦးမည်ကို
ထည့်သွင်း စဉ်းစားရပါမည်။ ထိုဒုက္ခမရှိ အောင် ကုန်းတော်ပေါ်တွင် ရိုက်ဖဲ့ပြီး
စစ်သည်တစ်ဦး ၅ ပိဿာ ၁ဝ ပိဿာ သယ်လျှင် တစ်ပါ တည်းနေ့ချင်းပြီးနိုင်သည် ကို
ဘာကြောင့် အဆင့်ဆင့်လုပ်ဆောင် ပြီးမှ ရေထဲကျရန် လိုပါတော့မလဲ။
ခေါင်းလောင်းကြီး ရေထဲကျသွား သည်။
ရန်သူ့လက်မပါဆိုသည်က ခံရ သူတို့ စိတ်သက်သာမှု ရတန်ကောင်းရဲ့ ဟူသောအတွေးနဲ့
စိတ်ပြေအောင်ဖြေ တဲ့ အမျိုးသားရေး၊
စိတ်ဖြေဆေးသာ ဖြစ်ပါသည်။ ရန်သူက ကိုယ့်ထက်သာလို့ ကိုယ့်ဆီလာပြီး ဗိုလ်ကျနိုင်တာကိုလည်း ထည့်တွက်ဖို့ လိုပါသည်။ ထို့ကြောင့် ခေါင်းလောင်းလိုက် သယ်မည်မဟုတ် ဟု ထင်ပါသည်။ ကြားဖြတ်ပြီး ပြောစ ရာတစ်ချက်က ခေါင်းလောင်းကြီး သယ် ယူသည့် ခေတ်ပြိုင် သမိုင်းမှတ်တမ်း ဘယ်မှာရှိပါ သလဲ။ တွေ့ဖူးပါ သလား။ ပေါ်တူဂီပြည် လစ်စဘုန်းသွားရှာလျှင် တွေ့နိုင်ပါမည်လား။ ရှိမည်/တွေ့နိုင် မည်မထင်ပါ။ သာ၍ကောင်းသော သု တေသနက အဲဒီတုန်း က ခေါင်းလောင်း ကြီးသယ်ကြရတဲ့ အညာရောက် သူတို့ အနွယ်တွေဆီ သွားပြီး သူတို့ဘိုးဘွား တွေပြောခဲ့တဲ့ ခေါင်းလောင်းသယ် သမိုင်း ကို မေးရင်တောင် ပုံပြင်တစ်ပုဒ်လို တစ် စွန်းတစ်စ သိကောင်း သိနိုင်မည် ထင် ပါသည်။
စိတ်ဖြေဆေးသာ ဖြစ်ပါသည်။ ရန်သူက ကိုယ့်ထက်သာလို့ ကိုယ့်ဆီလာပြီး ဗိုလ်ကျနိုင်တာကိုလည်း ထည့်တွက်ဖို့ လိုပါသည်။ ထို့ကြောင့် ခေါင်းလောင်းလိုက် သယ်မည်မဟုတ် ဟု ထင်ပါသည်။ ကြားဖြတ်ပြီး ပြောစ ရာတစ်ချက်က ခေါင်းလောင်းကြီး သယ် ယူသည့် ခေတ်ပြိုင် သမိုင်းမှတ်တမ်း ဘယ်မှာရှိပါ သလဲ။ တွေ့ဖူးပါ သလား။ ပေါ်တူဂီပြည် လစ်စဘုန်းသွားရှာလျှင် တွေ့နိုင်ပါမည်လား။ ရှိမည်/တွေ့နိုင် မည်မထင်ပါ။ သာ၍ကောင်းသော သု တေသနက အဲဒီတုန်း က ခေါင်းလောင်း ကြီးသယ်ကြရတဲ့ အညာရောက် သူတို့ အနွယ်တွေဆီ သွားပြီး သူတို့ဘိုးဘွား တွေပြောခဲ့တဲ့ ခေါင်းလောင်းသယ် သမိုင်း ကို မေးရင်တောင် ပုံပြင်တစ်ပုဒ်လို တစ် စွန်းတစ်စ သိကောင်း သိနိုင်မည် ထင် ပါသည်။
ခေါင်းလောင်းသယ်ပုံ ခေတ် ပြိုင်
မြန်မာမှတ်တမ်းလည်း မရှိပါ။ မွန်မှတ်တမ်းလည်း ခေတ်ပြိုင်မရှိပါ။ ဇာတ်လမ်းက
စဥ့်ကူးမင်းခေါင်းလောင်း ကိစ္စဖြစ်ပြီးမှ စိတ်ကူးကောင်း သူ တစ်ဦး ၏
အတွေးဖြင့် ပေါ်လာသောဇာတ် လမ်းသာ ဖြစ်နိုင်ပါသည်။အကယ်၍ ခေါင်းလောင်းကြီး ရေ
အောက်တွင် ရှိသည်ဟုယုံကြည်ပါလျှင် ခေတ်ပြိုင်မှတ်တမ်းတွေ ရှာဖွေဖော်
ထုတ်ပြပါ။ အစစ်ဆေးခံနိုင်ရန် လိုပါ သည်။ ထိုမှတ်တမ်းကို -
၁။ မည်သူရေးသလဲ
၂။ မည်သည့်ခုနှစ်ကရေးခဲ့သလဲ (ရက်စွဲ)
၃။ ကျောက်စာနဲ့လား၊ ပေနဲ့လား၊ ပုရ ပိုက်နဲ့လား၊ အခြားဘာနဲ့လဲ
၎။ ခေတ်ပြိုင်မှတ်တမ်းဟု ယုံကြည်နိုင် သော အထောက်အထား ရှိမရှိ အစမ်းခံနိုင်မှု ဆိုသည်များ ဖြစ်ပါသည်။
၂။ မည်သည့်ခုနှစ်ကရေးခဲ့သလဲ (ရက်စွဲ)
၃။ ကျောက်စာနဲ့လား၊ ပေနဲ့လား၊ ပုရ ပိုက်နဲ့လား၊ အခြားဘာနဲ့လဲ
၎။ ခေတ်ပြိုင်မှတ်တမ်းဟု ယုံကြည်နိုင် သော အထောက်အထား ရှိမရှိ အစမ်းခံနိုင်မှု ဆိုသည်များ ဖြစ်ပါသည်။
နိဂုံးချုပ်ပါမည်။ နိုင်ငံတစ်နိုင်ငံ က
ပြည်သူတွေ အထွတ်အမြတ်ထား သော ဘာသာကို စော်ကား၊ သာသနိက အလှူပစ္စည်းကို
လုယူသည့် နိရတမိစ္ဆာ ဒိဋ္ဌိငဇင်ကာကို အနောက်ဘက်လွန်မင်း က စီရင်လိုက်ပေပြီ။
သူ့ အမြောက်သွင်း သမားများကိုလည်း ချောင်းဦး၊ ရွှေဘို၊ ရေဦးမြို့နယ်တွေမှာ
နေရာချထားပေး လိုက်ပါပြီ။ သူတို့ အကူအညီနှင့်ပင် မြန်မာမင်းများလည်း
အမြောက်တွေ သွန်းခဲ့ကြသည်။ စစ်တွေတိုက်ခဲ့ကြသည်။ ကုန်းဘောင်မင်းများ
တန်ခိုးထွားနိုင် ခဲ့ကြသည်မှာ သူတို့တစ်တွေ အမှုတော် ကုန်တွင်အောင်
ထမ်းခဲ့ကြ၍တစ်ကြောင်း ပါသည်။ ထို့ကြောင့်သူတို့ထံမှာ သတင်း အစအန
သွားရှာလျှင်တောင် ရကောင်း ရနိုင်မည် ထင်ပါသည်။ သူတို့ ဘိုးဘွား တွေက
ခေါင်းလောင်းကြီးနဲ့ ဆိုင်တဲ့ ပုံပြင်တွေ ပြောကောင်းပြောပြနိုင်မည်
ဖြစ်ပါသည်။ မိမိတစ်ယောက်ဆန္ဒကို ပြောရရင် ကြေးတိုကြေးစတွေစုပြီး မင်းကြီးေ
ခါင်းလောင်းအရွယ် အသစ် ပြန်သွန်းလုပ်၍ သာသနာပြု ဓမ္မစေတီ မင်းမြတ်ကို
ဂုဏ်ပြုပူဇော်လိုက်သည်က ပိုပြီးကောင်းမည်ယူဆပါကြောင်း။
ပြောရန် တစ်ကွက်ကျန်နေသည်မှာ
ခေါင်းလောင်းကြီးသွန်းစဉ်က ရွှေပိဿာချိန်များစွာ ထည့်၍ကြိုရသည်ဟူ သော
အချက်ဖြစ်သည်။ မည်မျှဆို သည်ကို ငဇင်ကာ သိပါ လိမ့်မည်။
ဗညားရိုး