Wednesday, September 4, 2013

ပွင့်လင်း လူ့အဖွဲ့အစည်း စတင်ချိန်မှာ အနုပညာ နယ်မြေ ကလည်း ရိုးသား ပွင့်လင်းသင့်ပြီ ဖြစ်ကြောင်း ပြောတဲ့ ရုပ်ရှင်သမားများ

,
 မြန်မာ့ရုပ်ရှင် ဗီဒီယိုလောက မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းတူ ဇာတ်ကားတွေ ကို အမည်ပြောင်းပြီး ထွက်ရှိလာခြင်း အခြေအနေတွေ နဲ့ စပ်လျဉ်းပြီး လတ်တလောမှာ လည်း ဗီဒီယို ဇာတ်ကား တစ်ကားကို မူလ ရေးသားထား သူများထံမှ တရားဝင် ခွင့်ပြုချက် ရယူခြင်း မရှိသလို ရေးသားသူတို့ အမည်ကို လည်း ပြောင်းလဲ ဖော်ပြပြီး ရိုက်ကူးထားတဲ့ ဖြစ်စဉ် ဖြစ်နေခြင်း အပေါ် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ရဲ့ ဥက္ကဋ္ဌဟောင်း ဦးဇင်ဝိုင်း၊ ဒါရိုက်တာ ဝိုင်း တို့နဲ့ သဘော ထား အမြင်တွေ ကို ဆွေးနွေး မေးမြန်း ခဲ့ပါတယ်။

ဦးဇင်ဝိုင်း

“ရုပ်ရှင် အစည်းအရုံး မှာ တာဝန် ယူစဉ် ကာလ ကတည်းက ဒီကိစ္စ ဆွေး နွေးခဲ့ဖူးပါတယ်။ ဒါရိုက်တာ အလွှာ တွေကိုရော၊ ထုတ်လုပ်သူ အလွှာတွေ ကိုရောပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအခက်ခဲ ရဲ့ တစ်အချက် က ပရိသတ် ကို စော်ကားသလိုပေါ့။ နောက်တစ် ချက် ငှားရမ်းဆိုင်များ ရဲ့အဓိက ပြော နေတဲ့ အချက် ထဲမှာလည်း အဲဒီ အချက် ပါပါတယ်။ ဇာတ်လမ်း တူတယ်။ ဒါရိုက်တာ ကွဲတယ်။ သရုပ်ဆောင် တွေလည်း ကွဲပြီးတော့မှ တချို့ ကားတွေဆို တစ်ပတ်ထဲမှာ တစ်ပြိုင်နက်ဖြန့် ကြ တာတွေ ရှိတယ်။ တချို့ကားတွေဆို တစ်လ အတွင်းမှာ ဖြန့်ကြတာ ရှိတယ်။ ကာလ အပိုင်း အခြားပေါ့။ အဲဒီအခါမှာ ငှားရမ်း ဆိုင်တွေ အနေနဲ့က သူတို့ကတော့ မသိဘူး။ ဝယ် လိုက် တယ်။ ဒီအခွေကို ငှားကြည့်တဲ့ သူ တွေက အိမ်ကို ယူသွားတယ်။ ဖွင့်ကြည့်တော့ ကြည့်ပြီးသားကြီးပဲ ဘယ်နေ့ကမှ ဘယ်သူနဲ့ ထွက်ထားတယ် ဆိုတော့ ဒီ ငှားရမ်း ဆိုင်တွေက နစ်နာတယ်။ ငွေကြေးနဲ့ ငှားရမ်း လုပ်ငန်းရှင်တွေ ငွေကြေး နစ်နာတယ်။ ဒုတိယ အချက်ကျတော့ ပရိသတ် အနေ နဲ့ဆိုရင် ဒီဟာကြီးက သူတို့ ကို စော်ကားသလို ဖြစ်တယ်လေ။ အဲဒီလို ဖြစ်တဲ့ အခါကျတော့ ကျွန်တော် တို့ လောက အတွက်လည်း မကောင်းဘူး။ ပရိသတ်ကို စော်ကား သလို ဖြစ်နေတယ်။ အဲ ဒီတော့ ကျွန် တော်တို့ တွေက အရင်တုန်းက ဒါကို ဘယ်လို လုပ်သလဲ ဆိုတော့ ဥပမာ ပေါ့။ အမှီးဇာတ်လမ်းများ ဆိုတာ ကတော့ နိုင်ငံတကာက ရိုက်ကြတာပါပဲ။ မှီးရင် ဝန်ခံဖို့။ ဇာတ်လမ်းကို အမှီး ဇာတ်လမ်းမျိုး ရိုက်မယ် ဆိုရင် ဗီဒီယို ကို ရိုက်ကူးခွင့် တင်ကတည်းက ကိုယ့် ဇာတ်လမ်း ဝတ္ထု ဇာတ်လမ်း ဝယ်ရိုက် ရင်တော့ ဒါက တစ်ပိုင်း။ ရိုက်ကူးခွင့် တင်ကတည်းက ဗီဒီယိုဆိုရင် ဘယ်ကားကို မှီးပါတယ် ဆိုတာကို တရားဝင် ဖော်ထုတ်ရေးဖို့၊ ဥပမာ Ghost မှီးတယ်။ ဟန်နိုဗာရှင် ကို မှီးတယ်ဆို ရင်ဒါကို တစ်ခါတည်းတင်၊ မှီးရင် ခွင့်မပြုဘူး မဟုတ်ဘူး။ ခွင့်ပြုတယ်။ မှီးခွင့် ရှိတယ်။ သို့သော် အဲဒါကို ရက်ဂျစ်စတေးရှင်း ထဲမှာလစ် လုပ်ထားမယ်။ ဂို့စ်ကိုဘယ်သူက ဘယ်နေ့က မှီးထားတယ်။ အဲဒီတော့ နှစ်လ သုံးလ အတွင်းမှာ အဲဒီ ဂို့စ်ကို မှီတယ် လို့ တင်လာရင် ဒါကိုတော့ မလုပ်ပါ နဲ့ ဒါကို ပယ်တယ်။ တကယ်တော့ အဲဒီလို မှီးလိုက်သား နဲ့မမှီးဘူး၊ မမှီးသယောင် ရိုက်တယ် လို့ ပြင်နေရင် တော့ စည်းမျဉ်း စည်းကမ်း အတိုင်း ဆက်လက် ဆောင်ရွက်ရမယ်။ ဒီလိုမျိုးပေါ့။ ဒါက ဇာတ်လမ်း ထပ်တာ မဖြစ်အောင်၊ ပရိသတ် ကိုလည်း စော်ကားရာ မကျအောင် ကျွန်တော်တို့ရဲ့ အခြေခံကျဆုံး လုပ်ငန်းရှင်များ ဖြစ်တဲ့ ငှားရမ်း ဆိုင်လေးများ မနစ် နာ အောင် ဆွေးနွေးခဲ့တာပါ။ သို့သော် လည်း အဲဒီဟာက တိုးလိုး တန်းလန်း နဲ့ မပြတ်ဘူး ဖြစ်နေတယ်။ အဲဒါက အမှီး ဇာတ်လမ်းပေါ့။ အခုလို ပုဂ္ဂလိ က စာရေးဆရာ တစ်ဦး တည်းရဲ့ဟာကို နှစ်ယောက် ရိုက်တယ်ဆိုတဲ့ ကိစ္စမျိုးကျတော့ ပုဂ္ဂလိက စာရေးဆရာ တွေရဲ့ ကျင့်ဝတ်နဲ့ ဆိုင်တယ်။ လူတစ်ယောက် ကိုရောင်းပြီး နောက် တစ် ယောက်ကို ထပ်ရောင်းတယ် ဆိုတာ တော့ ကာလ အပိုင်းအခြား တစ်ခုဆို ရင်တော့ တစ်မျိုးပေါ့နော်။ အခုဖြစ် တဲ့ အဖြစ်မျိုးမှာ ကျတော့ ကျွန်တော် က အပြင်ကနေ ကြားရတာ ဆိုတော သိသလောက် ကတော့ တစ်ယောက် က တရားဝင် ဝယ်ထားတယ်။ နောက် တစ်ဦး ကတော့ တရားဝင် ဝယ်ယူ ထားခြင်း မရှိဘဲ နဲ့ဒီဇာတ်လမ်းကို ရိုက်တယ်။ ရိုက်တဲ့နေရာ မှာလည်း မူလ ဖန်တီးထားတဲ့ စာရေးဆရာ အမည်ကို မဖော်ပြဘဲနဲ့ တခြားအမည်နဲ့ လုပ်တယ် ဆိုတာမျိုးက ဒါမဖြစ် သင့်တဲ့ကိစ္စ လို့ပဲ ကျွန်တော် မြင်တယ်”

ဒါရိုက်တာဝိုင်း

“အရေးကြီး တာပေါ့နော်။ လောလောဆယ် ဖြစ်နေတဲ့ မကြည်ဖြူ ကားဆိုလည်း ဇာတ်လမ်း တူတဲ့ ကိစ္စပေါ့။ အစ်ကိုတို့ ဗီဒီယိုတွေမှာ ဇာတ်လမ်းတူတဲ့ ကိစ္စတွေမှာ ဆိုရင် လောလောဆယ်စ ဉ်းစားနေကြတာ တွေက ပရိုဂျူဆာရယ်၊ ဒါရိုက်တာရယ် အတွက်ပဲ စဉ်းစားနေကြတယ်။ ပရိုဂျူဆာ ဆိုရင်လည်း သူ့ရဲ့ကားက ဒီ ကားနဲ့ တိုက်လို့ နောက် အရမ်းဆုတ် ရင် နစ်နာမှာ စိုးလို့ဆိုတဲ့ ဟာမျိုး။ ဒါရိုက်တာတွေ ဆိုရင်လည်း သူ့ ပုဂ္ဂိုလ်ရေး အရ ခင်မင်မှုတွေကြောင့် အဲဒီလိုတွေ စဉ်းစားကြတယ်။ ဒါပေမဲ့ အားလုံး မေ့နေကြတာက ဘာလဲဆို တော့ ပရိသတ်က ဒီဇာတ်ကား တစ်ကားကို ဥပမာ- ရှေ့ကားက အရင် ထွက်ပြီပဲထား၊ သူက ပိုက်ဆံ ပေးပြီး ကြည့် တယ်။ နောက်နှစ်ပတ်၊ သုံးပတ် လောက်လည်း ကျရောတစ်ခါ ဒီကား နဲ့ ဆင်တူရိုးမှား တူတဲ့ ကားကို တစ်ခါ ထပ်ကြည့်တယ်။ ပရိသတ်တွေက ပိုက်ဆံပေးပြီး ငှားကြည့် တာလေ။ အဲဒီမှာ သွားတာက ပရိသတ်တွေ ရဲ့ ယုံကြည်မှုတွေလေ။ ပြီးတော့ ပရိသတ်တွေ ရဲ့ အချိန်တွေလေ။ ပရိသတ်တွေ ရဲ့ငွေတွေလေ။ အရေးကြီး တာက ပရိသတ်ရှိမှ အစ်ကို တို့အနု ပညာသမားတွေက ထမင်းစား ကြရတာလေ။ ပရိုဂျူဆာ တစ်ယောက်က ဆုံးရှုံးရင် ဗီဒီယို တစ်ကားကို သိန်း ၂ဝ လောက် မဆုံးရှုံးပါဘူး။ ဒါရိုက်တာ တစ်ယောက်ကလည်း သူဆုံးရှုံးရင် အကြာကြီး မဆုံးရှုံးပါဘူး။ ဒါပေမဲ့ ပရိသတ် ဆုံးရှုံးသွားရင်တော့ တစ်လောက လုံး ဆုံးရှုံးမှာ။ အဲဒီ တော့ အစ်ကိုတို့ အနုပညာ လောက၊ ဗီဒီယို လောကကို ဒီထက်မပျောက် ကွယ်စေချင်ဘူး ဆိုရင်တော့ ဒီဇာတ် လမ်းတူတဲ့ ကိစ္စတွေဟာ တကယ့် အရေးကြီးတဲ့ ရှုထောင့် ဖြစ်နေတယ်”

0 comments to “ပွင့်လင်း လူ့အဖွဲ့အစည်း စတင်ချိန်မှာ အနုပညာ နယ်မြေ ကလည်း ရိုးသား ပွင့်လင်းသင့်ပြီ ဖြစ်ကြောင်း ပြောတဲ့ ရုပ်ရှင်သမားများ”

Post a Comment