NLD ပါတီ မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲအတွက် တိုင်းရင်းသားပါတီ ၁၄ ဖွဲ့ကို ဖိတ်ကြားသော်လည်း ၆ ဖွဲ့သာတက်ရောက် ခဲ့တယ်လို့ NLDပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က စက်တင်ဘာ ၇ရက်နေ့ က NLD အဖွဲ့ချုပ်ရုံး မှာကျင်းပပြုလုပ်တဲ့ထိုပွဲမှာပြောကြားပါတယ်။
အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်၊ ကမန်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ချင်းတိုးတက်ရေးပါတီ စသည့်ခြောက်ပါတီမှ ကိုယ်စားလှယ်များသာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
"NLD ရော၊ အခြားပါတီတွေပါ ပြောနေကြတာက ဖက်ဒရယ်စနစ်ပဲ။ ဖက်ဒရယ်စနစ်ဆိုတာ အများကြီး ရှိတယ်။ ဘယ်လိုစနစ်မျိုး၊ ဘယ်လိုဖက်ဒရယ်လဲ။ ဒါကို ကျွန်တော်တို့က အဖြေထုတ်ဖို့ ဆွေးနွေးတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့နဲ့ တိုင်းရင်းသား ပါတီတွေကြား တစ်စုံတစ်ရာ နားလည်မှုရအောင် ဆွေးနွေးမယ်။ အသေးစိတ်ကိုတော့ လာမယ့်စနေနေ့မှ ဆွေးနွေးမှာပါ" ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။
ဒီဆွေးနွေးပွဲကိုတက်ရောက်ခြင်းမရှိတဲ့ပါတီ၈အပေါ် လေ့လာသုံးသပ်သူတစ်ယောက်ကတော့…”သူတို့ပေးပို
့တဲ့ဖိတ်စာကိုဆွေးနွေးပွဲမတိုင်ခင်ရကြမယ်လို့ထင်တယ်။အချိန်မရလို့ ဆိုတာကတော့ NLD အဖွဲ့ချုပ်ရဲ့ အရှက်ပြေ ဖြေရှင်းချက်ပါ။သူတို့ပြောသလို ၁၀ ရက်လောက်အချိန်ယူပြီး ဖိတ်ရလောက်အောင်မလိုလောက်ဘူးလို့ထင်ပါတယ်။တကယ်တက်ရောက်ချင်စိတ်ရှိရင်တက်မှာပေါ့မတတ်
ချင်လို့ မတတ်တာဟာ အချိန် မရလို့ မတတ်တာ မဖြစ်နိုင်ဘူးလို့” ဆိုပါတယ်။
Photo=ElevenMediaGroup