From : .... Eleven
NLD ပါတီမှ ထုတ်ဝေလျက်ရှိသော ဒီလှိုင်းစာစောင်တွင် ကျပ် သိန်းပေါင်း ၁၈၀၀ ကျော် အလွဲသုံးစားလုပ်ထားမှုအား NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းမှ ဖော်ထုတ်ပြောဆိုလိုက်ပါတယ်။
အင်တာနက် လူမှုစာမျက်နှာများတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင်ယင်းကြွေးကျန်များကို လျှော်ပစ်မည်ဟု ပြောကြားခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ဦးဥာဏ်ဝင်းက The Daily Eleven ၏ မေးမြန်းမှုအပေါ် ယင်းသို့ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။
"ကျွန်တော်လည်း တွေ့ပါတယ်။ အဲဒီသတင်းက သတင်းအမှားကြီးဗျ။ ဒီလှိုင်းက စာရင်းတွေကို စိစစ်တုန်းပဲ။ ဘာမှမလုပ်ရသေးဘူး။ အဲဒီ အခြေအနေတွေမှာ ဒေါ်စုလည်း ဘာမှမပြောပါဘူး" ဟု ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။
ယင်းကဲ့သို့ ငွေကြေးကွာဟမှုမှာ မည်ကဲ့သို့ ဖြစ်ပွားသည်နှင့် ပတ်သက်၍ အယ်ဒီတာအဖွဲ့ဝင် မုံရွာအောင်ရှင်က "ကျွန်တော်ကတော့ သတင်းပိုင်းနဲ့ပဲ ဆိုင်တဲ့အတွက် ဒီငွေကြေးကိစ္စနဲ့ ပတ်သက်လို့တော့ ဟုတ်တယ်မဟုတ်ဘူးဆိုတာ အတည်ပြု မပြောချင်ပါဘူး။ အခုကိစ္စကို စာရင်းကိုင်နဲ့ အုပ်ချုပ်ရေးမှူးတို့ စိစစ်နေပါတယ်။ ဟုတ်တယ်ဆိုရင် စီအီးစီကို တင်ပြသွားကြမှာလို့ပဲ နားလည်ပါတယ်။ ကျွန်တော့် အနေနဲ့တော့ လောလောဆယ်မှာ ဘာမှမပြောနိုင်ပါဘူး" ဟု ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်ပြီး မေးမြန်းမှုအား ပြန်လည်ဖြေကြားသည်။
ဒီလှိုင်းစာစောင်မှ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ တစ်ဦးက သတင်းများကို အတည်မပြုကြောင်း၊ ယခုငွေကြေးကိစ္စသည် အဆင်ပြေသွားမည့် ကိစ္စဖြစ်ကြောင်း၊ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ ချမှတ်သည့် လုပ်ငန်းစဉ် မူဝါဒအတိုင်း ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဒီလှိုင်းငွေစာရင်း သိန်းပေါင်းများစွာ ကွာနေတဲ့ သတင်း စ ထွက်လာခါစတုန်းကလည်း ကောလာဟလတွေ အလကား သိက္ခာချတာနဲ့ ဘလိုင်းကြီး တံဆိပ်ကပ် ဆော်ခဲ့ကြသူတွေအနေနဲ့ အခုလိုမျိုး တရားဝင် ၀န်ခံတာကို ကြားသိလိုက်ရတဲ့အခါမှာ မည်ကဲ့သို့ ပြန်လည်ဖြေရှင်းချက် ပေးမည်ကို စောင့်ကြည့်နေကြသူ အများစုလည်းရှိနေကြသည်။
သေချာတာကတော့ အရင်အစိုးရနဲ့ ပါတ်သက်ရင် လျှို့ဝှက်လွန်းလို့ ကောလာဟလကို သတင်းအမှန်လို့ အတည်ယူခဲ့ရတယ်.....
အခုလည်း NLD နဲ့ ပါတ်သက်ရင် ကောင်းသတင်းကလွဲပီး ကျန်တဲ့ဟာတွေကို လျှို့ဝှက်လွန်းလို့ ကောလာဟလကိုပဲ အမှန်ယူရမယ့်သဘောမျိုး ဖြစ်လာနေပီလား...
ဟု FB ပေါ်ရှိ နာမည်ကြီး စာရေးဆရာတစ်ဦးဖြစ်သည့် James Mint (Voice of James Mint) မှလည်း မေးခွန်းထုတ်ခဲ့သည်။
NLD ပါတီအနေဖြင့် ပါတီဥက္ကဌ၏ မွေးနေ့ပွဲမှရရှိသည့် ရန်ပုံငွေများကိုလည်း ဗလီများဆောက်လုပ်ရာတွင် အသုံးပြုမည်ဟု အသံများကျယ်လောာင်စွာ ထွက်ပေါ်ခဲ့စဉ်ကလည်း ဆုံးဖြတ်ချက်ပြောင်းလည်းပြီး အဆိုပါကိစ္စများမှာ မဟုတ်မမှန်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ရဖူးသည်။
ဒီလှိုင်းဂျာနယ်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးဋ္ဌာနမှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်တွင် စတင်ထုတ်ဝေ ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ တစ်နှစ်တာ ကာလအတွင်း ကျပ်သိန်းပေါင်း ၁၈၀၀ ကျော်အလွဲသုံးစားလုပ်မှု ကို စတင် တွေ့ရှိရတာပဲဖြစ်ပါသည်။
ဓါတ်ပုံ - ဒီလှိုင်းဂျာနယ်