Wednesday, September 11, 2013

ဓာတုလက်နက်ကိစ္စ ရုရှားအဆိုပြုချက်ကို ဆီးရီးယားလက်ခံ

,


ဆီးရီးယားက ​ဓာတု ​လက်နက်တွေကို ​နိုင်ငံတကာရဲ့ ​ထိန်းချုပ်မှုအောက်မှာ ​ထားရှိဖို့ဆိုတဲ့ ​ရုရှားရဲ့ ​အဆိုပြုချက်ကို ​လက်ခံကြောင်း ​ဆီးရီးယား ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဝါလစ် ​အဲလ် ​မူရာလင် ​က ​ပြောကြားလိုက်ပါတယ်။



The use of conventional weapons has continued in areas outside the capital for more than two years. (Credit: Reuters)

အကယ်၍သာ ​အခုလို ​လက်ခံမှုဟာ ​အမေရိကန်ရဲ့ ​တုန့်ပြန်ချက်ကို ​ကြန့်ကြာဖို့နဲ့ ​ရှောင်လွှဲဖို့ ​သက်သက် ​လုပ်တာဆိုရင်တော့ ​လုံးဝသီးခံသွားမှာ ​မဟုတ်တဲ့ ​အကြောင်း ​အမေရိကန်က ​သတိပေး ​ပြောကြား ​လိုက်ပါတယ်။

ဆီးရီးယားရဲ့ ​လက်နက်တွေကို ​နိုင်ငံတကာရဲ့ ​ထိန်းချုပ်မှုအောက်မှာ ​ထားနိုင်ဖို့အမေရိကန်၊ ​ဗြိတိန်နဲ့ ​ပြင်သစ်တို့ ​က ​ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ​တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။

ဆီးရီးယားအရေးကိစ္စအပေါ် ​စစ်ရေးအရ၀င်ရောက်မှု ​မပါဝင်မှသာ ​လုံခြုံရေး ​ကောင်စီကနေ ​သဘောတူနိုင်မှာ ​ဖြစ်တယ်လို့ရုရှားက ​ပြောကြားလိုက်ပေမယ့် ​သံတမန်ရေးအရ ​စေ့စပ်ညှိနှိုင်းနိုင်ဖို့ ​စစ်ရေးအရ ​၀င်ရောက်မယ်ဆိုတဲ့ ​ခြိမ်းခြောက်မှုမျိုး ​ဆက်လက်ထားရှိဖို့လိုအပ်ကြောင်း ​အမေရိကန် ​ကာကွယ်ရေးဝန်ကြီး ​ Chuck ​Hagel ​က ​တုန့်ပြန်ပြောကြားလိုက်ပါတယ်။

ရုရှားရဲ့အဆိုပြုချက်နဲ့ပတ်သက်ပြီး ​အသေးစိတ်ကို ​အချိန်အကြာကြီး ​စောင့်ဆိုင်းမှာ ​မဟုတ်တဲ့ ​အကြောင်းကိုလည်း ​အမေရိကန် ​နိုင်ငံခြားရေးဝန်ကြီး ​John ​Kerry ​က ​ပြောကြားလိုက်ပါတယ်။

0 comments to “ဓာတုလက်နက်ကိစ္စ ရုရှားအဆိုပြုချက်ကို ဆီးရီးယားလက်ခံ”

Post a Comment