Friday, September 6, 2013

တရားမ၀င်ကျွန်းသစ်များသယ်ဆောင်လာသည့်ယာဉ်အား ဖမ်းဆီး

,


ရန်ကုန်၊ စက်တာဘာ၊ ၆

၎.၉.၂၀၁၃ရက်နေ့ ၁၅၅၈အချိန် လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်အဖွဲ့သည် ကျွန်းသစ်များသယ်ဆောင်လာကြောင်းကြိုတင်
သတင်းရရှိထားသည့်ယာဉ်အမှတ် BB/-----၊ Candina Van အဖြူရောင်
ယာဉ်အား လှည်းကူးမြို့နယ်၊ စာဘူးတောင်းဘိနယ်ရုံးရှေ့၌ ရပ်တန့်
စစ်ဆေးခဲ့ရာ အဆိုပါယာဉ်အား ယာဉ်မောင်း နေလင်းမှ မောင်းနှင်လာပြီး ၄င်းယာဉ်ပေါ်တွင် ကျွန်းသစ်ပရိဘောဂအပိုင်းအစ(၄၉၆)ချောင်း၊ (၀.၃၄၅၂)တန်၊ တန်ဘိုးငွေကျပ်(၄၁၄၂၄၀) တို့အားရှာဖွေ
တွေ့ရှိခဲ့ပါသည်။

အဆိုပါကျွန်းသစ်များနှင့်ပတ်သက်၍စစ်မေးရာ တိုက်ကြီးမြို့နယ်၊ ဥကံ္ကအ၀င်လမ်းဘေးတွင် ကျော်တင့်(စုံစမ်းဆဲ)ဆိုသူမှငွေကျပ်
(၆၀၀၀၀)ဖြင့် တာမွေမြို့နယ်သို့ပို့ဆောင်ပေးရန် ငှားရမ်း၍ တင်ဆောင်လာခဲ့သောပစ္စည်းများဖြစ်ကြောင်းသိရှိရသဖြင့် ယာဉ်မောင်း
နေလင်း၊ (ဘ)ဦးမြင့်ဦး၊ သံတံတားရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊
ကျော်တင့်(စုံစမ်းဆဲ)နှင့် ယာဉ်ပိုင်ရှင်(စုံစမ်းဆဲ)တို့အား
အရေးယူပေးရန် သစ်တောဦးစီးဌာနမှတိုင်ကြားသဖြင့် လှည်းကူးမြို့မရဲစခန်း(ပ)၃၃၄/၂၀၁၃၊ သစ်တောဥပဒေပုဒ်မ၄၃(က)ဖြင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

0 comments to “တရားမ၀င်ကျွန်းသစ်များသယ်ဆောင်လာသည့်ယာဉ်အား ဖမ်းဆီး”

Post a Comment