လိင်တူချင်း မုဒိမ်းကျင့်ခံရသည့်အတွက် ဆယ်ကျော်သက် ဖြစ်သူမှ အစ္စလာမ်ဘာသာရေးဆရာကို ဓားဖြင့်ထိုးသတ်သည့်အမှု အိန္ဒိယနိုင်ငံ၊ အူတာပရာဒက်ရှ်ပြည်နယ်၊ ဘူလန်ရှာဟာဒေသတွင် ဖြစ်ပွားခဲ့သည်။
ရဲမှတ်တမ်းတွင် ဖော်ပြထားချက်အရ ဘာသာရေးဆရာ အီကရမ် အာဟတ်၏ အလောင်းကို ဒေသခံဗလီထဲ၌ ရဲများက တွေ့ရှိခဲ့ကြသည်။ သေဆုံးသူနှင့် အတူနေထိုင်သူ ဆယ်ကျော်သက်လူငယ်က ဘာသာရေးဆရာသည် မိမိကိုယ်ကို သတ်သေခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။
သို့သော် ရဲများက မယုံကြည်သဖြင့် ၎င်းအားခေါ်ယူစစ်ဆေးရာမှ အဖြစ်မှန် ပေါ်ပေါက်ခဲ့သည်။
အစ္စလာမ်ဘာသာရေးဆရာသည် လွန်ခဲ့သောလများကတည်းက မိမိကို လိင်တူချင်း မုဒိမ်းကျင့်နေခဲ့သည်ဟု လူငယ်က ဖွင့်ဟခဲ့သည်။ ဘာသာရေးဆရာသည် ၎င်းအား ရိုက်နှက်နှိပ်စက်၍ ပြူကျင့်လေ့ရှိသည်ဟု လူငယ်က ထွက်ဆိုခဲ့သည်။
အခင်းဖြစ်ပွားသည့်ညကလည်း ယခင်အတိုင်း ၎င်းအား ပြုကျင့်ခဲ့သည်ဟု ဆိုသည်။
"အဲဒီညက ကျွန်တော်သူ့ကို သတ်ပစ်မယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ သူအိပ်ပျော်နေတုန်း ဓားနဲ့ထိုးသတ်လိုက်တာ" ဟု လူငယ်က ဖြောင့်ချက်ပေးခဲ့သည်။
ဒဏ်ရာမှာ အတော်နက်ပြီး တစ်ချက်တည်းနှင့် အားကုန်အသေထိုးသတ်ခဲ့ခြင်း ဖြစ်သည်။
ဆယ်ကျော်သက်လူငယ် လိင်တူခြင်း မုဒိမ်းကျင့်ခံရသည် ဆိုသည့်အချက်ကိုလည်း ဆေးစစ်ချက်ရယူ အတည်ပြုပြီး ဖြစ်သည်။
-- source --
http://m.deccanherald.com/content/353989/teen-stabs-cleric-death-up.ht