လွှတ်တော် နိုင်ငံ ခြား ရေး ရာ ကော် မတီ က ကြား နား မှု ပြီး နောက် သမ္မတ အိုဘား
မား က တင် သွင်း သည့် ဆီးရီးယား ကို တိုက် ခိုက် မည့် အဆို ကြမ်း ကို လွှတ် တော်
ကလက်ခံ မှု ပြု ကာ ရက်ပေါင်း ၆၀ တိုက်ခိုက် နိုင် ကြောင်း နှင့် အခြေ အနေ အရ ရက်
၃၀ ထပ်မံ တိုး မြှင့် နိုင် ကြောင်း အတည် ပြု ခဲ့သည်။
လွှတ်တော် ကြား နာ ပွဲ တွင် နိုင်ငံ ခြား ရေး ၀န် ကြီး ဂျွန်ကယ်ရီ က ဆီးရီးယား သမ္မတ
ဘာရှား အယ်(လ) အာဆဒ် က အဆိပ် ဓာတ် ငွေ့  နှင့် ဓာတု ဗေဒ လက် နက် များ သုံး
ခဲ့ သည် မှာ ယုံ မှား သံသယ ဖြစ် စရာ ပင် မလို ဟု ထွက် ဆို ခဲ့သည်။
အထက် လွှတ်တော် ဥက္ကဌ ဂျွန်ဘေးနား ၊ အရီဇိုးနား ပြည် နယ် လွှတ်တော်အမတ်ဂျွန်
ဘေးနား တို့ က ထောက်ခံသည် ဟု CBS ရုပ်သံကထုတ်လွင့် သည်။ယခင်နိုင်ငံခြားရေး
ဝန် ကြီး ဟောင်း ဟီလာရီ ကလင်တန်ကလည်းဆီးရီးယားကိုတိုက်ရန်အိုဘားမား၏
အဆို ပြု မှု ကို ထောက်ခံ ကြောင်း ထုတ် ဖော် ပြောသည်။
အိုဘားမား ၏ လွှတ် တော် သို့ အဆိုတင်သွင်းမှုသည့်အရေးပါသည့်ရီပတ်ဘလီကန်
အမတ် များ ၏ ထောက်ခံမှုကိုရရှိ နေပြီ ဖြစ်သည်။ဆီးရီးယားတွင်၁၅စက္ကန့်တွင်ဒုက္ခ
သည်တစ် ဦး တိုး နေ ပြီး ဒုက္ခသည် နှစ်သန်း ပြည့်သွားပြီ ဖြစ် ကြောင်းကုလသမဂ္ဂက
သတင်း ထုတ် ပြန်သည်။
FNG