အောက်တိုဘာ
၈ ရက်မှ စတင်၍ ၃ ရက်ကြာ ပြုလုပ်မည့် အစိုးရနှင့် ကေအိုင်အို ပြည်ထောင်စု
အဆင့် ငြိမ်းချမ်း ရေးဆွေးနွေး ပွဲတွင် နှစ်ဖက်တပ်များ နေရာချထားရေး
မြေပုံရေးဆွဲ ထည့်သွင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ထို့အပြင် စစ်ဘေးရှောင် ဒုက္ခသည်များ ပြန်လည်နေရာ ချထားရေး၊ ပူးတွဲ
စောင့်ကြည့်ကော်မတီ (Joint Monitoring Committee) ဖွဲ့စည်းရေး တို့အတွက်
မူများချမှတ်ရန် လည်း ဆွေးနွေး သွားမည် ဖြစ်သည်။
“ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားဖို့ ရှိတယ်။ ဘယ်အဆင့်ထိ သွားမယ်
ဆိုတာတော့ မသိသေးဘူး”ဟု ကေအိုင်အို အလုပ်အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ
ဦးဒေါင်ခါး ကပြောသည်။ မြစ်ကြီးနားမြို့တွင် ပြုလုပ်မည့် ပြည်ထောင်စု
အဆင့်ငြိမ်း ချမ်းရေးဆွေးနွေး ပွဲသို့ အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်း
ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်း
ဦးဆောင်တက်ရောက်မည်ဖြစ်သည်။ ကေအိုင်အို ဘက်မှ ဦးဆွမ် လွတ်ဂမ် ဦးဆောင်၍
ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်လာမည် ဖြစ်သည်။ ဆွေးနွေးပွဲနှင့် ပတ်သက်၍
“ကျွန်တော်တို့က ခေါင်းစဉ်ပဲ ညှိပေးရတာ။ ဆွေးနွေးတာက တာဝန်ရှိသူတွေ
ဆွေးနွေးလိမ့်မယ်။ ဘယ်လောက်ရမယ် ဆိုတာ ဆွေးနွေးပွဲပေါ် မူတည်တယ်”ဟု
ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ ကပြောသည်။
အစိုးရမှ အောက်တိုဘာလကုန်တွင် ပြုလုပ်ရန် ရည်မှန်း ထားသည့်
တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲ တွင် ကေအိုင်အိုအနေဖြင့်
ပါဝင်ရန် ရှိ၊ မရှိမှာ ယခုဆွေးနွေးပွဲ ရလဒ်ပေါ်မူတည် သည်ဟု ဦးဒေါင်ခါးက
ဆက်လက် ပြောကြားသည်။ အစိုးရနှင့် ကေအိုင်အို ပြည်ထောင်စု
အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မေလနှောင်းပိုင်းက မြစ်ကြီးနားမြို့၌
နောက်ဆုံးပြုလုပ်ခဲ့ပြီး အပစ်အခတ်လျှော့ချရေး အပါအ၀င် အချက်ခုနစ်ချက်ကို
သဘောတူညီ ခဲ့သည်။