Friday, October 4, 2013

သတိကြီးကြီး ထားပြီးမောင်းမှ လိုရာခရီးရောက်မယ်

,


4 October 2013 at 12:54
အခုတလော ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အသစ်ရေးဆွဲရေး အသံတွေ ကို မီဒီယာ တွေမှာ သောသောညံအောင် ကြားလာ ဖတ်လာရပါတယ်။ ဖွဲ့ စည်းပုံ အခြေခံဥပဒေ လို့ ဆိုတာနဲ့  မျက်စိထဲပြေးမြင်မိတာက ရန်ကုန် -မန္တလေး အမြန်လမ်းသစ် ကြီးပါဘဲ။ ဒီလမ်းကြီး ဖေါက်လုပ်ထားပုံ က နိုင်ငံတကာ ဘယ်အမြန်လမ်းမ စံနှုံးနဲ့ မှကိုက်ညီပြည့်စုံခြင်းမရှိပါဘူး ။ဒါပေမဲ့ သွားလို့  မရဘူးလားဆိုတော့လည်း ရလို့ သွားနေကြတာပါဘဲ။ သတိမထားရင် ကျွမ်းကျင်မှုမရှိ ရင် အတွေ့  အကြုံနည်းရင် ယာဉ်ကြံ့ခိုင်မှု မကောင်းရင် ကိုယ့်ရဲ့အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုအပေါ်ယုံကြည်မှု လွန်ကဲစွာနှင့်မောင်းရင် ဒီလမ်းပေါ်မှာ ဘဝတွေ အသက်တွေကို ပေးဆပ်ကြခဲ့ရပါတယ်။ တစ်ချို့  ကတော့ဒီလမ်း ဖေါက်စဉ်ကလုပ်ပိုင်ခွင့်တွေ အခွင့်အရေးတွေရပြီး အဆင်ပြေ ဘဝပြောင်းခဲ့ကြတဲ့သူတွေရှိသလို အလုပ်အကိုင် အပြောအဆိုမတတ်လို့ ဖြုတ်ထုတ် ပြုတ်သွားရတဲ့သူတွေလည်း ရှိခဲ့ကြပါတယ်။ စဖွင့်စက နောက်ပြန်ကွေ့လိုရတဲ့လမ်းပေါက် တော်တော်နည်းခဲ့သလို လမ်းရဲ့ဘယ်ညာကို ခွဲထွက်လို့ရတဲ့လမ်းခွဲတွေ လည်း အတော်နည်းခဲ့ပါတယ်။ ခုချိန်မှာတော့ နောက်ပြန်လှည့်နိုင်တဲ့လမ်းကြောင်းတွေ ရော ဘယ်ညာကို ခွဲထွက်နိုင်သော လမ်းခွဲတွေရော များလာပါပြီ။ စတင်အသုံးပြုခွင့်ပေးစဉ်ကာလ က လမ်းတလျှောက်မှာ ရပ်နားစားသောက်နိုင်သောနေရာ ကျန်မာရေးကိစ္စဖြေရှင်းနိုင်သောနေရာ မိမိပြောလိုရာကို ပြောချင်တဲ့သူထံပြောချင်တဲ့အချိန်ပြောနိုင်သော ဆက်သွယ်ရေးစနစ် တွေ လမ်းတစ်လျှောက်မီးရောင်မရှိဘဲမှောင်မိုက်နေတာတွေ ဒုက္ခရောက်အကူအညီလိုတဲ့အခါ ဘယ်သူထံတောင်းရမှန်းမသိတာတွေ လမ်းတလျှောက်လုံခြုံရေး မပြည့်စုံတာတွေ စသည်ဖြင့် မသပ်မရပ် စနစ်မကျ မပြည့်စုံတာတွေ အတော်တွေ့ခဲ့ရပါတယ်။ ခုရောပြည့်စုံ ပြီလားလို့ မေးရင် မပြည့်စုံသေးပါဘူး။ ဒါပေမဲ့ အရင်ကထက်တော့ တိုးတက်မှုရှိလာတယ်ဆိုတာ ဝန်မခံချင်လို့ မရပါဘူး။အဝေးကကြည့်ရင် ဖြောင့်ဖြူးနေတယ်ထင် ရသော်လည်း အနီးကပ်မှာတော့ လမ်းအနိမ့်အမြင့် မညီဘဲလှိုင်းထနေတာ အကွေ့တွေမပြေပြစ်တာ တံတားအဝင်လမ်းကျဉ်းတွေကို အကွေ့ထိပ်မှာ ဘွားကနဲ တွေ့ရတာ စသည်ဖြင့် ချို့ ယွင်းအားနည်းချက်တွေ အထင်းသားမြင်လာရပါတယ်။ လမ်းရဲ့သတိပေးဆိုင်းပုဒ်တွေ မိုင်တိုင် အမှတ်အသားတွေ ကလည်း မကြာခဏပြောင်းလဲနေပါတယ်။ အရင်ကသတိပေး ဆိုင်းပုဒ်တွေမှာ သွေးသံရဲရဲ နဲ့ ဖြစ်စဉ်ဓါတ်ပုံတွေ ဖေါ်ပြပြီး လူတွေကိုကြောက်ပြီး လိုက်နာအောင်လုပ်ခဲ့တာတွေရှိခဲ့သော်လည်း ခုချိန်မှာ နားဝင်ချိုသော ပြေပစ်သော အရေးအသား သတိပေးဆိုင်းပုဒ်တွေ တွေ့ လာရပါပြီ။ အရှိန်နှုံးတိုင်းတဲ့ကရိယာ တွေ ထားပြီး သတ်မှတ်မိုင်နှုံထက်ကျော်လွန်မမောင်းနိုင်အောင်ဆောင်ရွက်လာပါတယ် သို့သော် အရေအတွက်ကတော့ နည်းနေပါသေးတယ်။ ဒီလမ်းရဲ့အဓိက အားနည်းချက်ကတော့ အမြန်လမ်းဆိုသော်လည်း အမြန်မောင်းလို့မရသေးဘဲ သတ်မှတ်မိုင်နှုံးနဲ့သာ မောင်းနိုင်တာပါဘဲ။
တခြားအားနည်းချက်တွေထဲမှာ ဘာမှဒီလမ်းအကြောင်းဘာမှမသိတဲ့ မစဉ်းစားတဲ့ လမ်းအသုံပြုသူ သာမန်ပြည်သူတွေနဲ့လမ်ဘေးရွာတွေက မွေးမြူထားသော ကျွဲနွားခွေးတွေပါဘဲ။ သူတို့လည်း ဒီလမ်းအတွက်မမျော်လင့်ထားသော ပြသနာတွေ ပေးလာပါတယ်။ အမှတ်မဲ့လမ်းဖြတ်ကူးတာ ဆိုင်ကယ် တက်မောင်းတာ ညမှာဆို လမ်းပြောင်းပြန်မောင်းတာ ကျွဲနွားခွေးတွေ လမ်းပေါ်ရောက်လာတာ စသည့်ဖြင့် လမ်းပေါ်ကကားတွေကို ပြသနာတွေ မတော်တဆဖြစ်မှုတွေ ပေးတယ်ဗျ။ တစ်ချို့ယာဉ်တွေနဲ့ ခရီးသည်တွေ အတော်အထိနာကြတယ်။ နာမည်ကြီးယာဉ်လိုင်းအချို့လည်း ပါတာပေါ့ဗျာ။ ဒီလမ်းကြီး လိုအပ်တဲ့လမ်းအင်္ဂါရပ်တွေ မပြည့်စုံတာ ချို့ ယွင်းချက်တွေရှိနေတာ ပြင်ရမည့်နေရာတွေရှိနေတာကို သမ္မတ ကြီးလည်းသိတယ်ဗျ ။ဒါကြောင့် အမေရိကန် သမ္မတအိုဘာမားကို အကူအညီတောင်းတယ်လေ။ ဟိုတလောလေးကတော့ အမေရိကန် တစ်ဖွဲ့လာပြီးလမ်းကိုကြည့်ကြ ဘာတွေကို ဘယ်လိုပြင်ရင်ကောင်းမလည်း ဘယ်လိုအကူအညီတွေ ပေးရင်ကောင်းမလည်း စဉ်းစားနေကြတယ်။ မြင်သာပေမဲ့ ထိရောက်တဲ့ကူညီမှုတော့ သိပ်မမြင်ရသေးဘူး။ ဂျပန်အဖွဲ့တွေလည်း လာနေ ကူညီနေတာ တွေ့ရပါတယ်။ သူတို့ကတော့ ဒီလမ်းဝန်ပေါ့စေရေး မီးရထားလမ်း အဆင့်မြှင်ရေး သီလဝါ ဆိပ်ကမ်းဘက်တွေ ပိုစိတ်ဝင်စာနေပုံရတယ်။ လမ်းကောင်းရင်တော့ ကားပိုသုံးမှာဆိုပြီး ကားစက်ရုံတွေ ဆောက်ရန်ပြင်ဆင်နေလေရဲ့။ တရုတ်ကြီးကတော့ ဒီလမ်းထက် ကျောက်ဖြူ-ကူမင်း ရထားလမ်းဖေါ်က်ပြီး သူရဲ့ သမုဒ္ဒရာနှစ်စင်းပေါ်လစီကို အကောင်အထည် ဖေါ်ရန် ကျားကုတ်ကျားခဲ ကြိုးစာနေတယ်လေ။ သူလည်းကူတော့ကူညီပါရဲ့ ဒါပေမဲ့ အတိုးများတယ်ဗျ။ အတိုးကြောင့်ဝန်မပိအောင်တော့ စဉ်စားတတ်ရမယ် မဟုတ်ရင် ကိုယ်လုပ်သမျှသူ့အတွက် သာဖြစ်နေရင် မကောင်းဘူး အိမ်နီခြင်းဆိုတော့ မဆက်ဆံလို့ တော့မဖြစ်ဘူး။ ထိုင်းတွေကတော့ ဒီလမ်းကို မြဝတီကဝင်ပြီး ဘုရားကြီးဖြတ်တက်ရန် ကြိုးစာနေပြီ။ လမ်းသစ်တောင်စဖေါက်နေပြီ။ ပြီတော့ ဘုရားသုံးဆူလမ်း ထားဝယ်ရေနက်ဆိမ်ကမ်း မြိတ်မောတောင်လမ်း စသည်ဖြင့် လမ်းများစွာဖေါက်ရန်ပြင်နေကြပြီ ။သူနဲ့ကတောရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့။ အိန္ဒိယကလည်း ကလေး ကတဆင့် မုံရွာ မန္တလေးကနေ ဒီလမ်းသုံးရန်ကြိုးစားလာတယ်။ သူကလည်း အိုင်တီကောင်းတာရယ် ဈေးကွက်ကြီးတာရယ်ကြောင့်မေ့ထားလို့ မရပြန်ဘူး။ ဘင်္ဂလားဒေ့ရှ် ကတော့ ရခိုင်ဘက်ကနေ လမ်းပေါ်တက်လာရန်ကြိုးစားနေတယ် လမ်းမကောင်းတော့အဆင်သိပ်မပြေဘူး။ သူ့ရဲ့လူဦးရေကလည်း ကိုယ့်အတွက်ဈေးကွက်ဖြစ်လာနိုင်သလို စည်းကမ်းတွေ စနစ်တွေနဲ့  ထိန်းကြောင်းမှုအားနည်းရင်တော့ စည်းကမ်းမဲ့တဲ့လူအုပ်နဲ့ ဒီလမ်းပေါ်တက်လာနိုင်တယ်။ တော်တော်သတိထားမှရမယ် လူများတော့ အသံကလည်းကျယ်ပါ့ ပြီးတော့သနားအောင် ငိုပြတတ်သေးတယ်။နဂိုတည်းက အလှူခံနဲ့လုပ်စားနေတတ်တာဆိုတော့လေ။ လာအိုကတော့ တာချီလိတ်ကနေဝင်လာမှာ တရုတ်ကြီးနောက်ကနေ လိုက်လာမယ်လို့လည်း ထင်မိတာပါ။
အိမ်နီးချင်းတွေ အကြောင်းရောက်သွားတော့ လမ်းကြောင်းလွဲတော့မလို့။ ဒီလမ်းပေါ်ကဇာတ်လမ်းတွေကလည်း စိတ်ဝင်းစားစရာကောင်းလို့ပြောရဦးမယ်။ လမ်းဖွင့်စက အမြန်လမ်းဆိုပြီး ဘုမသိဘမသိ အမြန်တက်မောင်းကြတာ မတော်တဆမှုတွေ တော်တော်ဖြစ်ကြတယ်။ တစ်ချို့ကလည်း ငါတို့ဖေါက်တဲ့လမ်း ငါတို့ ကျွမ်းတယ် ငါ့ကားကလည်း ကောင်းတယ်ဆိုပြီး တအားမောင်ကြတော့ ကိုယ်ဖေါက်တဲ့လမ်းမှာ ကိုယ်တိုင်ထိခိုက်မှုတွေ ဖြစ်လာကြတယ်။ တချို့ဆို ကိုယ့်သွေးသားတွေတောင်မှ ထိခိုက်ဆုံးရှုံကြတယ်။ ထိခိုက်မှုအများစုကတော့ ယာဉ်မောင်းကို ယုံကြည်လို ပုံအပ်ခဲ့ကြတဲ့ သာမန်ခရီးသွား ပြည်သူတွေဘဲဗျ။ အကြောင်းအပေါင်းကောင်းလို့ ဒီလမ်းပေါ်မှာဂိတ်ဖွင့်ပြီး လမ်းကြေးကောက်ခံခွင့်ရသွားတဲ့ ကုပ္မဏီကြီးလည်းရှိတယ်ဗျ။ လမ်းဖေါက်စဉ်က လမ်းကြောင်းဖေါ်ရာမှာ သစ်ခုတ်ခွင့်ရပြီး ချမ်းသာသွားကြသူ တွေလည်းရှိတယ်ဗျ။ ရပ်နားစခန်းတွေမှာ ဆိုင်ဖွင့်ပြီးလုပ်စားခွင့် ပိုရလာတဲ့သူတွေလည်းတွေလာရပါတယ်။ လမ်းဖြတ်သန်းခတွေ တချို့ နေရာတွေမှာမြင့်တက်လာနေတာတွေ့လာရပါတယ်။ ဒီလမ်းပေါ်က လက်လုပ်လက်စား သာမန်ပြည်သူတွေရဲ့ ဘဝကတော့ ဘာမှသေချာ ရေရာတဲ့ တိုးတက်မှု ခံစားရမှုတွေ မတွေ့ရသေးပါဘူး။ မကြာခင်က တောင် ၁၁၅ မိုင်ယာဉ်ရပ်နားစခန်းက လမ်းဘေးဆိုင်တွေ ရှင်းထုတ်လိုက်တာ ကြားရသေးတယ်။ စနစ်တကျနေရာသက်မှတ် လုပ်စားခွင့်ပေးရင်တော့ သူတို့လည်း တိုးတက်ခွင့်ရကြမှာပါ။ လမ်းဖေါက်ရာမှာ အဓိကပါဝင်သူတွေနဲ့ သားသမီးမြေမြစ်တွေ ဖြတ်သန်းခမပေးဘဲ ခပ်တည်တည်ဖြတ်သန်းခွင့် ရနေတာတွေလည်း ရှိနေပါသေးတယ်။ လမ်းပေါ်ကဖြတ်ရင်အန္တရယ် များတယ်ဆိုပြီး ဟယ်လီကော်ပတာဝယ်ပေးတယ် ဆိုတာတောင် ကြားလိုက်မိပါသေးတယ်။ အနုပညာရှင်တစ်ယောက်ကတော့ ဒီလမ်းပေါ်မှာ ရွှေမန်းသူကားငှားပြီးသရဲကား ရိုက်ခဲ့ပါသေးတယ်။အရင်က ပြသခွင့် အပိတ်ခံရပြီး ခုတော့ပြသခွင့် ပြန်ရသွားပါပြီ။ အရက်မူးပြီးကားမောင်းတာ လူတိုက်မိပြီး အတိုက်ခံရသူက သရဲဘဝနဲ့ ပြသနာပြန်ရှာတာပေါ့ဗျာ။ သူစီးတဲ့ကား ကလိုင်စင်မဲ့ကားလို့ကြားလိုက်သေးတယ် နောက်ဆက်တွဲ ဇာတ်လမ်းတော့ မကြားရတော့ဘူးဗျ။သစ်ပင်ခုတ်ခွင့်ရသွားသူကလည်း သူခုတ်တာလက်လွန်သွားလို့  ပြန်စိုက်ခြင်းနဲ့ ပေးဆပ်မယ်လို့ကြားမိပြီး ဘာပင်တွေစိုက်မယ် ဘယ်လောက်စိုက်မယ် ဘယ်တော့လောက်မှ ရှင်သန်ကြီးထွားအရိပ်ပြန်ရမယ်ဆိုတာ စောင့်ကြည့်ရပါဦးမယ်။
ပြောဘို့ကျန်နေသေးတာက ရခိုင်ဘက်ကဆင်းလာတဲ့ကြွက်အုပ်ကြီး လမ်းပေါ်ဖြတ်တဲ့ အကြောင်းဗျ။ အရင်ကလည်းဖြတ်နေခဲ့မှာပါ။ ဒီလမ်းကြီးဖေါက်ပြီးမှ အုပ်လိုက်ဖြတ်တော့ ဟိုးဟိုးကျော် သွားတာပေါ့ဗျာ။ ကြွက်အုပ်ဖြတ်ချိန်ကားအချို့ မြန်နှုံးမြင့်နဲ့ မောင်းတော့ဖြတ်ကြိတ်မိပြီး ကြွက်တွေသေတာကြားတော့ တိရစ္ဆာန်ချစ်သူတွေရဲ့ အသံတွေကျယ်ကျယ်လောင် ကြားရသေးတယ်ဗျ။ ကားတစ်ချို့ ကတော့ရပ်ပေးတယ်ကြားရတယ်။ လွတ်သွားတဲ့ကြွက်တွေ ရန်ကုန်ရောက်တဲ့ကြွက်တွေရှိသလို တချို့ကြွက်တွေက မော်လမြိုင် ဖားအံကတစ်ဆင့် ထိုင်း မလေးရှားဘက်ထိရောက်သွားကြသလို နေပြည်တော်ရောက်သွားတဲ့ကြွက် နှစ်ကောင် သုံးကောင်ကတော့ အဆောက်အဦးကြီးကြီးမှာ အသိုက်ဆောက်နေတယ်လို့ လည်းကြားနေရတာဘဲ။ တချို့ကြွက်တွေကတော့ ရခိုင်ကနေ မြောက်ဘက်ကို တက်ပြီး ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးအထိ ရောက်သွားလို့ ပြည်သူတွေဝိုင်းဝန်း ဖမ်းဆီးမိတဲ့အကြောင်း ကြားခဲ့ရသေးတယ်။ အညာ ကျောက်ပန်းတောင်းကတော့ ထန်းရည်ပေါလို့လားမသိဘူး လာသမျှကြွက် ကြော်ပြီး ထန်းရည်နဲ့မြည်းလို့ ကြွက်မရှိဘူးဆိုပြီး ကြွေးကြော်နေသံလည်း ကြားနေရပါ၏
ဒီလမ်းမကြီးအကြောင်းက ပြောမကုန်ဘူးဗျ ဒီလမ်းမမှာမောင်းခွင့် မရသေးလို့ လမ်းဟောင်းမှာမောင်းနေကြတဲ့ ကုန်ကားကြီးတွေလည်းရှိသေးသဗျ။သူတို့ လည်း လမ်းဟောင်းမှာ တိုက်ကြခိုက်ကြတာ ကြားနေရသေးတယ်ဗျ။ အခွင့်ရလို့ အဆင်ပြေရင်သူတို့ လည်းမောင်းချင်ပါတယ်လို့ ပြောသံတွေလည်း ကြားလာရပါတယ်။ ပြီတော့ဒီလမ်းကြီးက ပြည်နယ် နဲ့တိုင်းဒေသကြီး အားလုံးကိုမဖြတ်တော့ ချိတ်ဆက်လာပြီး ဒီလမ်းကို တက်မောင်းနိုင်ရန် ကြိုးစားနေတာ မွန်ပြည်နယ်နဲ့ကရင်ပြည်က ကားတွေကတော့ ဘုရားကြီးက တဆင့် ဒီလမ်းပေါ်တက်လာကြတယ် သူတို့ဘက်ကလမ်းမကြီးတွေလည်းကောင်းလာ တယ်လို့ ကြားမိတယ်။ အဲ့ဒီဘက် လမ်းတွေဖေါက်ခွင်ရတဲ့ ရွှေသံလွင်လည်း အဆင်ပြေနေ၏ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ကလည်း ပင်လောင်းလမ်း ကလော အောင်ပန်းလမ်းတွေက နေဒီလမ်းနဲ့ ချိတ်ဆက်လာတာ အဆင်ပြေလာတယ်လို့ပြောတာဘဲ အရင်ကထက်လွယ်လာတယ်ပြောတာပါ လုံးဝကောင်းမွန်ပြည့်စုံတာတော့မဟုတ်သေးဘူးပေါ့။အဲ့ဒီဘက်မှာ လမ်းလုပ်ငန်းလုပ်ခွင့်ရတဲ့ ကမ္ဘောဇ တို့အေးရှာဝါးတို့လည်း အဆင်ပြေနေကြတာ တွေ့ရတယ်။ ကချင်ပြည်နယ်ကတော့ ချိတ်ဆက်ရန်ကြိုးစားဆဲ မန္တလေး ရွှေဘို မြစ်ကြီးနားလမ်း ကိုကောင်းအောင်အရင်လုပ်ရဦးမယ် ဒါမှအဆင်ပြေမှာ ရထာလမ်းကချိတ်ဆက်တော့လည်း လမ်းခဏခဏ ချော်တယ်လေ။ ချင်းပြည်နယ်ကတော့ မုံရွာ ကလေးလမ်း ပခုက္ကူ ဂန့်ဂေါလမ်းက တက်လာမယ်တဲ့။ ရခိုင်ဘက်ကလည်းပြည်ဘက်က ဧရာဝတီတိုင်းဘက် လှည့်တက်လာမယ်တဲ့။ တောင်ထူပြီး ရိုးမတောင်တန်းတွေရှိတော့ နည်းနည်းတော့ခက်တာပေါ့။ ဒါပေမဲ့ယုံကြည်မှုရှိရင်ဖြစ်လာမှာပေါ့လေ။
ဒီလမ်းကြီးကို ဒီနှစ်ကုန် sea game မှာနိုင်ငံခြားသားတွေပိုသုံးလာကြမှာ လုံခြုံ ဘေးကင်းရန်အတွက် လမ်းပြင်ဆင်ထိန်းသိမ်းရေး ကိုဂရုစိုက်လုပ်ကြရမှာ ကိုယ့်ဆွေမျိုးအကြောင်းကိုသိတော့ စိတ်ပူသားဗျ။ 2014 အာဆီယံဥက္ကဋ္ဌ ဖြစ်ရင်လာမည့်သူတွေကတော့ လေယာဉ်နဲ့လာပြီး ဒီလမ်းမကြီးကို အမြင့်ကနေကြည့်ပြီးသုံးသပ်ကြမှာ။
ရေးတာတွေလည်းများပြီဆိုတော့နိဂုံးချုပ်ပါတော့မယ်။မကြာခင်ကာလဒီလမ်းပေါ်မှာမတော်တဆဖြစ်မှု များလာတော့လမ်းကို အဆင့်မြှင့်ပြင်ဆင်ရမယ်ဆိုပြီး အသံတွေထွက်လာတော့ တာဝန်ရှိသူတွေကလည်းပြင်ရမယ်လို့ သဘောတူလက်ခံပြီး ကော်မတီဖွဲ့ ပေးပါတယ်။ တချို့ကလည်း
လမ်းအသစ်ဖေါက်ရမယ်ဆိုတဲ့ အသံတွေထွက်လာပါတယ်။ စဉ်းစားကြပေါ့ဗျာ လမ်းသစ်ဖေါက်ရင် မြေသိမ်းခံရဦးမယ် မြေပိုင်တဲ့လယ်သမားတွေဘဝပျက်ကြရဦးမယ် အချိန်ကုန်မယ် လုပ်အားတွေ အရင်းအနှီးတွေ လိုမယ် ရှိပြီသားလမ်းကို အကွေ့တွေပြေပစ်အောင်လုပ် လမ်းကျဉ်း တံတားကျဉ်းတွေချဲ့ နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်း အချိန်ကြာလာတာနဲ့အမျှ ပိုအဆင်ပြေလာ မယ်လို့ထင်ပါတယ်။ သာမန်ပြည်သူတစ်ယောက် အနေနဲ့ပြောတာပါ။ လမ်းပြင်ရင်တော့ ကျွမ်းကျင်သူပညာရှင်တွေလိုတာပေါ့ဗျာ တစ်ဦးတစ်ယောက် ကောင်းရုံနဲ့တော့မလွယ်လောက်ဘူး။ စုပေါင်းဆွေးနွေးအဖြေရှာရမှာပေါ့။ တစ်ခုသတိထာမိတာက ဒီလမ်းပေါ်မှာတပ်အမှတ်အသားနဲ့ ယာဉ်တွေမတော်တဆဖြစ်တာနည်းသဗျ။ ကျွန်တော်မသိတာလည်းဖြစ်နိုင်ပါတယ်။ တပ်ကလူတွေ အရပ်ဝတ် ဝတ်ပြီးကိုယ်ပိုင်ယာဉ်နဲ့သွားသူတွေ မတော်တဆဖြစ်ပြီး ထိခိုက် ဒဏ်ရာရတာတော့ ရှိတယ်ဗျ။ ဘယ်လိုဘဲဖြစ်ဖြစ်ပါလေ ဒီလမ်းပေါ်တက်မောင်းမယ်ဆိုရင်တော့ ခုချိန်မှာ သတိကြီးကြီးထား မောင်းကြမှ အထိအခိုက် နည်းကြမှာလေ။ ဒါကကျွန်တော့အတွေးပါ ခင်ဗျားတို့အမြင် အတွေးတွေ ကြားချင်ပါသေးတယ်။ နောက်မှထပ်ရေးပါဦးမယ်။

Credit =
AungNaing Moe

0 comments to “သတိကြီးကြီး ထားပြီးမောင်းမှ လိုရာခရီးရောက်မယ်”

Post a Comment