Friday, September 6, 2013

ဒေသခံတွေရဲ့အကျိုးမလိုလားတဲ့ SSA ဘယ်လဲဘာလဲ ?

,


    မြန်မာ နိုင်ငံမှာ လက်ရှိသမ္မတ တက်လာတဲ့အချိန်က စပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး ကို အလေးအနက်ထားပြီးလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စေ့စပ်ညှိနှိုင်းခဲ့သည်မှာ ပြည်သူလူထုအသိပင် ဖြစ်ပါတယ်။
ထို့အတူ လက်ရှိအခြေအနေအထိလဲ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် အဖွဲ့တွေ ဖွဲ့စည်းပြီး ဆောင်ရွက်နေဆဲဖြစ်တာနှင့်အညီ ၊ နှစ်ကာလကြာရှည်စွာတည်တံ့ခဲ့တဲ့ လက်နက် ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့နှင့်လည်း ထာဝရ ငြိမ်းချမ်းရေးရယူပြီးဖြစ်တယ်လို့ ပြန်ကြားရေး သတင်းတွေ အရသိရပါတယ်။
    ဒါပေမယ့်လို့ ဦးအောင်မင်းအပါအ၀င် မြန်မာငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူတွေသြဂုတ်လ ၁၇ ရက်နေ့ ကနေ စက်တင်ဘာ ၃၁ ရက်နေ့အတော အတွင်းမှာ တောင်းပိုင်းရှမ်းတပ်မတော်  နဲ့ ငြိမ်းချမ်းရေး ရယူဖို့ အတွက် အလွတ်သဘော နဲ့ (၂) ကြိမ်တွေ့ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီမှာ ဘာဖတ်ရလဲလို့ ဆိုတော့ SSA ဗိုလ်မှူး စိုင်းလိတ် က MPC ရဲ့ မူ ( ၆ )ချက် အပေါ်မှာ သဘောမကျဘူုးဆိုတဲ့ အပြောအဆိုမျိုးတွေ့ရတယ်။

ကဲ ဒါဆို ကျွန်တော်တို့ SSA ဗိုလ်မှူး စိုင်းလိတ် က သဘောမကျတဲ့ MPC ရဲ့ မူ ( ၆ )ချက် ကိုကြည့်ရအောင်--

၁။လူသတ်မှုမကျူးလွန်ရန်
၂။ဆက်ကြေးမကောက်ခံရန်
၃။လူသစ်မစုဆောင်းရန်
၎။တပ်အင်အားမတိုးချဲ့ရန်
၅။သဘောတူညီချက်မရရှိသည့်နယ်မြေများတွင်စခန်းမချရန်
၆။အုပ်ချုပ်ရေးကိစ္စများတွင်ဝင်ရောက်မစွက်ဖက်ရန်နှင့်တပ်မတော်
လက်အောက်ခံပြည်သူစစ်များကိုမတိုက်ခိုက်ရန်

ဆိုတဲ့..အချက်(၆)ချက်ဖြစ်ပါတယ်။ဘယ်လိုရှုထောင့်ကပဲကြည့်ကြည့်ဒီအချက်၆ချက်ဟာပြည်သူလုထုအ
သက်အိုးအိမ်စည်းစိမ်နဲ့ငြိမ်းချမ်းစွာနေထိုင်စားသောက်နိုင်ရေးနဲ့လမ်းပန်းဆက်သွယ်မှုကောင်းမွန်စွာရောင်း
ဝယ်ဖောက်ကားနိုင်ရေးစတဲ့အချက်တွေအပေါ်အခြေခံပြီးချမှတ်ထားတယ်ဆိုတာဘယ်လိုကြည့်ကြည့်မြင်
သိနိုင်ပါတယ်။ဒီတော့  ဒီအခြေခံမူ (၆)ချက်ကို လိုက်နာဖို့ခဲယဉ်းနေတယ် ၊ လိုက်နာဖို့မဖြစ်နိုင်ဘူးဆိုတော့ တောင်ပိုင်း SSA ရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲ ဘယ်လဲ ဆိုတာ မေးစရာရှိနေပါတယ်။ဒီတော့ SSA ရဲ့ ရည်ရွယ်ချက်ဟာ တိုင်းပြည်နဲ့ ဒေသခံတွေအတွက်အပေါင်းလက္ခဏာလား၊အနှုတ်လက္ခဏာလားဆိုတာ မေးခွန်းထုတ်စရာမလို
ပဲ အဖြေက ပါပီးသားဖြစ်နေပါတယ်။ဒါက ပြည်သူလူထု အကျိုးအတွက် တကယ်လိုလား သလား မလိုလားဘူးလား ဆိုတဲ့အပိုင်းပါ။ ။
           နောက်အခြားတစ်ဖက် က တောင်ပိုင်းSSA ရဲ့နေရာကနေ ဘာကြောင့်ဒီ အချက်တွေကို မလိုက်နာ နိုင်တာလဲ ဆိုတာ လဲထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ချက်ပါပဲ။ အခုတလော မြန်မာ နိုင်ငံမှာ မူးယစ်ဆေးဝါးတွေကို (တန်ဖိုးငွေကျပ်သိန်းရာချီ) မိတာတွေဟာ ၃ရက်တစ်ခါလောက် ဖတ်နေရတဲ့သတင်းဖြစ်လာတာသတိထားမိမှာပါ။ဒါ့ထက် သြဂုတ်လ (၆)ရက်နေ့ ကသစ်ကား အစီး ၅၀ ကျော် ဖမ်းဆီးမိတဲ့သတင်းကိုလဲကြားမိမှာပါ။ဒီတော့ မူးယစ်ဆေးဝါးတွေ သစ်ခိုးထုတ်တာတွေ ဖမ်းမိတာတွေ ၊အရှိန်အဟုန်နဲ့တားဆီးဖို့ ဆောင်ရွက်နေတာတွေက တောင်ပိုင်း SSA ရဲ့ရှေ့ဆက်ရပ်တည်မှုကိုအပြည့်အ၀ကြီးမဟုတ်တောင်ရာခိုင်းနှုန်းတစ်ခုတော့ခြိမ်းခြောက်နေမှာပါပဲ။ဒီတော့
အခြားထွက်ပေါက်တစ်ခု အနေနဲ့ ဒေသခံတွေဆီက ဆက်ကြေးတိုးကောက်မယ် ၊ငြင်းဆန်မှုတွေ ရှိလာရင် လူသတ်တာတွေ၊ အတင်းအဓမ္မ မ၀င်မနေရ လူသစ်စုတာတွေ ဖြစ်လာမယ်။ဒါတွေဟာ လုပ်နေကြ SSA အတွက် မဆန်းကြယ်ပေမယ့်၊ မူ ၆ ချက်ကို သဘောတူပြီးတဲ့နောက်ဆိုရင်တော့ လုပ်ချင်တိုင်းလုပ်လို့မရတဲ့အခြေအနေထဲကိုဝင်ရောက်သွားမှာဖြစ်တဲ့အတွက်ဒါကိုငြင်းဆန်ရမှာပဲမဟုတ်ပါ
လား။ဒီတော့ တောင်ပိုင်း SSA ရဲ့ ဒေသခံပြည်သူတွေအပေါ် သဘောထားနဲ့သူရဲ့ရည်ရွယ်ချက်ဟာ ဘာလဲ ၊ ဘယ်လဲလို့မေးစရာရှိလာပြီမဟုတ်ပါလား။

သားရွှေလူ

0 comments to “ဒေသခံတွေရဲ့အကျိုးမလိုလားတဲ့ SSA ဘယ်လဲဘာလဲ ?”

Post a Comment