Wednesday, September 4, 2013

ကုလသမဂ္ဂရုံးကို စပိုင်လုပ်သော အမေရိကန် NSA ကို တရားစွဲပြီ

,


ကုလသမဂ္ဂရုံး ကို အမေရိကန်မှာ ရုံးစိုက်ထားတာ မှားပြီလားလို့တောင် ထင်နေကြပါပြီ။ ဘာလို့လဲဆို ရုံးက သတင်းအချက်အလက်ခိုးယူမှု လုပ်ရပ်ပေါင်း ၄၆၀ ကျော်မက ပြုလုပ်ခဲ့လို့ ဖြစ်ပါတယ်။ အမေရိ ကန် ထောက်လှမ်းရေး NSA တို့က ပြုလုပ်တာပါ။

UN ရုံးက အစည်းအဝေးခန်းတွေတိုင်းမှာတပ်ထားတဲ့ ကင်မရာ၊ အသံဖမ်း စက်၊ ကွန်ပြူတာစနစ်၊ အင်တာ နက် စနစ် အစရှိသဖြင့်တို့ကို သာမန် နည်းပညာရှင်တောင် ထောက်လှမ်းလို့မလွယ်နိုင်တဲ့ နည်းပညာနဲ့ ခိုးယူခဲ့ လို့ ဖြစ်ပါတယ်။ ယင်းနည်းပညာကို တပ်ဆင်တုန်းကလည်း အမေရိကန်က နည်းပညာကုမ္မဏီ များကပဲ တပ်ဆင် ထားတာပါ။ Special Collection Service စနစ်နဲ့ ရုံးမှာပြောသမျှ၊

လုပ်သမျှ အစည်းအဝေး မှတ်တမ်းတွေ အားလုံးကို NSA က ဆာဗာ တစ်ခုတည်းကို ရောက်ရှိစေပြီး သတင်းအချက် အလက်များကို နေ့စဉ် ပုံမှန် စားသုံးနေခြင်း ဖြစ်ပါတယ်။

ဒါကြောင့်ကမ္ဘာ့နိုင်ငံရေး ပြောင်းလဲမှုတိုင်းမှာ အမေရိကန်ဟာ အများထပ်တစ်ဘန်း သာတဲ့သတင်း အချက် အလက်တို့ရှိနေပြီး နိုင်ငံရေးနဲ့စီးပွားရေး လှုပ်ရှားမှုတိုင်းမှာ သာနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့်အမေရိကန် NSA ထောက် လှမ်းရေးအဖွဲ့ကို ဥရောပ EU အဖွဲ့ကလည်း စတင်တရားစွဲပါပြီ။ အထူးသဖြင့် ဥရောပနိုင်ငံ တွင်းကသတင်း အချက်အလက်များကို ပိုမိုခိုးယူခဲ့ခြင်းကြောင့်ပါ။ အမေရိကမှာ ဆိုရင်လည်း ဘရာဇီးက အမေရိကန်ကို ယင်းအတွက်ဘယ်လိုပြန်ပေးဆပ်မယ်ဆို တာကို တောင်းဆိုနေပါတယ်။ NSA, FBI, CIA ယင်း အုပ်စုများဟာ ကမ္ဘာ့သတင်းအချက်အလက်ခိုးယူမှုများပြုလုပ်နေတဲ့အဖွဲ့လိုစွပ်စွဲတဲ့
အထိအီးယူအဖွဲ့မှာ ပြောဆိုမှပြင်းထန်လာပါတယ်။

ယင်းအမှုအတွက် အမေရိကန်တို့ဘယ်လို ဘယ်လိုတုန့်ပြန်ပြောဆိုမယ်ဆိုတာကို စောင့်ကြည့်လျက်ရှိကြ
ကြောင်း သိရသည်။

TechSpace

0 comments to “ကုလသမဂ္ဂရုံးကို စပိုင်လုပ်သော အမေရိကန် NSA ကို တရားစွဲပြီ”

Post a Comment