ရန်ကုန်၊ သြဂုတ် ၃၁
ကိုရီးယားရုပ်သံလွှင့်ဌာန FBC က MRTV မှဝန်ထမ်းများကို နည်းပညာ သင်တန်းများ ပေးသွားမည်ဖြစ်ကြောင်း FBC ဥက္ကဋ္ဌ Moon Hwan က ပြောသည်။”MRTV ကသူတွေကို ကျွန်တော့် တို့ဆီကနေ နည်းပညာသင်တန်းတွေ မှာ တက်ရောက်ဖို့ အတွက် ခေါ်ဖို့ ရှိပါတယ်” ဟု Moon Hwan က သြ ဂုတ်လ ၂၉ ရက်ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော ကိုရီးယား မြန်မာရုပ်သံ လွှင့်ဌာနများ ယဉ်ကျေးမှုဆွေးနွေးပွဲတွင် ပြောသည်။ The Foundation of Broadcast Culture (FBC) သည် မြန်မာနိုင်ငံသို့ လာရောက်စဉ်အတွင်း MRTV, Sky net နှင့် အခြားရုပ်သံလွှင့်ဌာနများ၊ ယဉ် ကျေးမှုတက္ကသိုလ်စသည်တို့သို့ သွားရောက်၍ ယဉ်ကျေးမှု ဆိုင်ရာလေ့လာ မှုများ ပြုလုပ်ခဲ့ပြီး MRTV နှင့် ရုပ်သံ လွှင့်ထုတ်လုပ်မှု ဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။
”အရင်ကလည်း MRTV က လူ တွေကို ဒီလိုခေါ်သင်ပေးတာတွေ ရှိပါ တယ်။ အဓိက ကတော့ ယဉ်ကျေးမှုဖလှယ်တဲ့အနေနဲ့ လုပ်ကြတာပါ” ဟု FBC ဥက္ကဋ္ဌက ပြောသည်။ကိုရီးယားရုပ်သံလွှင့်ဌာန FBC သည် ၁၉၈၈ ခုနှစ်တွင် စတင် တည် ထောင်ခဲ့သော ရုပ်သံလွှင့်ဌာနတစ်ခု ဖြစ်ပြီး ကိုရီးယားနိုင်ငံ၏ နာမည်ကြီး ရုပ်သံလွှင့်ဦးစီးဌာနတစ်ခု ဖြစ်သော MBC၏ ရှယ်ယာ ၇ဝ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။
အိမ်စည်စိုးစံ