Saturday, September 7, 2013

KIA အဖွဲ့ မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာများအား အတင်းအဓမ္မလူသစ်ရရှိရေး စုဆောင်းနေ…..

,


- မိုးမောက်မြို့နယ်အတွင်းရှိ မန်နောင်၊ ခုံးဆင့်၊ နောင်ပေါ်ကျေးရွာမှ ရွာသား ၆ ဦးကို သြဂုတ်လ ၂၂ ရက်နေ့က KIA ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာသို့ခေါ်ယူချုပ်နှောင် ထားရှိကြောင်း သိရှိရပါတယ်၊ ချုပ်နှောင်ခံထားရသူတွေက သူတို့ပါရှိသွားသော ငွေအားပေးဆောင်ခဲ့သော် လည်း KIA အဖွဲ့က လက်မခံပဲ ကျေးရွာများအနေနဲ့ လူသစ် ၅၀ ဦးကိုသာစုဆောင်းပေးရ မည်ဖြစ်ကြောင်းပြောဆိုပြီး ပြန်လွှတ်ပေးခဲ့ကာ သြဂုတ်လ ၂၈ ရက်နေ့ ည ၉ နာရီအချိန်မှာ သူတို့ရဲ့ကျေးရွာနေအိမ်အသီးသီးသို့ ပြန်လည်ရောက်ရှိခဲ့တယ်လို့ သိရှိရပါတယ်။

- ဖမ်းဆီးခံခဲ့ရသူ ၆ ဦးကတော့ ဦးနှင်းမောင်၊ ရှမ်း/ဗုဒ္ဓ(အုပ်ချုပ်ရေးမှူး)၊ ဦးကျော်ညွန့် (အ တွင်းရေးမှူး)၊ မန်နောင်ကျေးရွာ၊ ဦးမြင့်ငွေ၊ ရှမ်း/ဗုဒ္ဓ၊ ဦးမိုးဝေ၊ ရှမ်း/ဗုဒ္ဓ၊ ဦးတဲအောင်၊ ရှမ်း/ဗုဒ္ဓ၊ ခုံးဆင့်ကျေးရွာနဲ့ ဦးရွှေဝါ၊ ရှမ်း/ဗုဒ္ဓ၊ နောင်ပေါ်ကျေးရွာနေသူ တို့ဖြစ်ကြောင်း မန်နောင်ကျေးရွာမှ ဒေ သခံတစ်ဦးမှပြောပြလာပါတယ်။

- KIA အဖွဲ့ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဆဲကာလအတွင်းမှာ ဒီလိုအတင်းအဓမ္မ လူစုနေ တဲ့အပြင် KIA ဒေသခံပြည်သူ့စစ်တွေကို တိုက်ခိုက်ခြင်း၊ စစ်တပ်ကို ချုံခို၊ မိုင်းခွဲတိုက်ခိုက်တာတွေ ကို ပြန်လည်ပြုလုပ်နေပြီး စစ်တပ်မှ အရာရှိတစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း ဆွမ်ပရာဘွမ်က ဘာသာရေးဆရာတစ်ဦးမှ ပြောပြလာပါ တယ်။

Credit to>>>Kachin Land

0 comments to “KIA အဖွဲ့ မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာများအား အတင်းအဓမ္မလူသစ်ရရှိရေး စုဆောင်းနေ…..”

Post a Comment