==========================
စိုင်းစိုး၊ Dawei Watch ၊ စက်တင်ဘာ(၂)
==========================
နေထိုင်ခွင့် ဗီဇာသက်တမ်းလေး နှစ်ပြည့်ရွှေ့ပြောင်းအလုပ်သမား များ မြန်မာပြည်သို့ ပြန်ရန်မလိုဘဲ ထိုင်းနိုင်ငံရှိ ၎င်းတို့အလုပ် လုပ်နေ သည့်ဒေသများ၌ သက်တမ်းတိုး နိုင်ရန် နည်းလမ်းရှာဖွေသွားမည် ဟု ထိုင်းအလုပ်သမားဝန်ကြီး ဌာန အလုပ်သမားရှာဖွေခန့်ထား ရေးရုံးမှ ညွှန်ကြားရေးမှူးချုပ် ခွန်ပဝိချိန်းခုံက ပြောသည်။
နေထိုင်ခွင့်သက်တမ်း (ဗီ ဇာ)လေးနှစ်ပြည့်သည့် မြန်မာရွှေ့ ပြောင်း အလုပ်သမားများ၏ အ နာဂတ်အရေးဆွေးနွေးပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
''မြန်မာအစိုးရဘက်က အ ဆင်သင့်ဖြစ်ပြီဆိုရင် နောက်ထပ် သက်တမ်း လေးနှစ်တိုးပေးဖို့ အစီ အစဉ်ရှိပါတယ်''ဟု ခွန်ပဝိချိန်း ခုံက ဆိုသည်။
နေထိုင်ခွင့်သက်တမ်း လေး နှစ်ကုန်ဆုံးသွားသည့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ နေရပ် သို့သုံးနှစ်ပြန်ရန် သတ်မှတ်ထား သည့် ထိုင်းအစိုးရမူဝါဒ၊ ယာယီ နိုင်ငံကူးလက်မှတ်လုပ်ရာတွင်ကြုံ ရသည့် အခက်အခဲများနှင့်ပတ် သက်၍ မြန်မာရွှေ့ပြောင်း အလုပ် သမားကွန်ရက်၊ ထိုင်းအလုပ်သ မားသမဂ္ဂ အဖွဲ့များ၊ ထိုင်းအလုပ် သမားဝန်ကြီးဌာနမှ ကိုယ်စား လှယ်များပါဝင်သော အလုပ်သ မားဆွေးနွေးပွဲတစ်ခု ထိုင်းနိုင်ငံ မဟာချိုင်တွင် ပြုလုပ်ခဲ့သည်။
ယခင်က သက်တမ်းပြည့် သူများနေရပ်သို့ သုံးနှစ်ပြန်ရမည့် မူအစား တစ်လခန့်သာပြန်စေပြီး နှစ်နိုင်ငံ နယ်စပ်ဂိတ်မြို့များဖြစ် သည့် မြဝတီ၊ တာချီလိတ်၊ ကော့ သောင်းတို့မှ တစ်ဖန်ပြန်၍ဝင် ရောက်နိုင်ဖွယ်ရှိမည်ဟု ဆိုသည်။
ထိုင်းအလုပ်သမားသမဂ္ဂ များနှင့် ရွှေ့ပြောင်းအလုပ်သမား အရေးဆောင်ရွက်ပေးနေသည့် အဖွဲ့များ၊ မြန်မာအလုပ်သမား များက နေရပ်သို့ ပြန်ရန်မလိုဘဲ ထိုင်းနိုင်ငံအတွင်း၌သာ သက်တမ်း တိုးပေးရန်ဆန္ဒရှိကြောင်း သိရ သည်။
''အလုပ်သမားတွေကို ဒီက နေ့ဆွေးနွေးပွဲလာဖို့ ဖိတ်တာကို နေထိုင်ခွင့် သက်တမ်းကုန်သွား တဲ့အတွက် ရဲဖမ်းမှာစိုးလို့ မလာရဲ ဘူး။ အခု ယာယီနိုင်ငံကူးလက် မှတ်လုပ်ခကို ဘတ် ၁၈၀၀၀ (ကျပ် ခြောက်သိန်း)လောက်အထိ ဈေး ရောက်နေတယ်''ဟု ရွှေ့ပြောင်း အလုပ်သမားအရေးကူညီပေးနေ သူ ခွန်ဆထိန်က ပြောသည်။
နယ်စပ်သို့ပြန်ပါက ကုန် ကျစရိတ် မြင့်မားပြီး ပွဲစားများ ၏ အဆမတန် ငွေတောင်းခံမှု များနှင့် အခြားနောက်ဆက်တွဲ အခက်အခဲများ ကြုံတွေ့နိုင် ကြောင်း ဆွေးနွေးပွဲတက်ရောက် ကြသည့် မြန်မာအလုပ်သမား များနှင့် ရွှေ့ပြောင်းအလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေ သည့်အဖွဲ့များက တင်ပြကြသည်။
လက်ရှိတွင် နှစ်ဖက်ပွဲစား များမှ အခွင့်ကောင်းယူ၍ လဝက ရုံးသို့ ရက်ပေါင်း ၉၀ လျှင်တစ် ခေါက် နေထိုင်မှုအကြောင်းကြား ခြင်း၊ ပြန်ဝင်လာခွင့်ဗီဇာတောင်း ဆိုခြင်း၊ ယာယီနိုင်ငံကူးလက် မှတ် ထုတ်ပေးရေးလုပ်ငန်းစဉ် များတွင် ငွေကြေးအဆမတန် တောင်းဆိုမှုများရှိနေပြီး အာ ဏာပိုင်များလည်း ပါဝင်ပတ်သက် မှုရှိကြောင်း ရွှေ့ပြောင်းအလုပ် သမားကွန်ရက်ဥက္ကဋ္ဌ ဦးအောင် ကျော်က ပြောသည်။