Monday, September 2, 2013

လက်ကျန် လပေါင်း(၃၀) အဓိက ဦးစားပေး လုပ်ငန်းစဉ်

,

[နိုင်ငံတော်သမ္မတ လစဉ်ပြောကြားသည့် ရေဒီယိုမိန့်ခွန်း (၁-၉-၂ဝ၁၃) မှ ကောက်နှုတ်ချက်]

ကျွန်တော်တို့အစိုးရအဖွဲ့ တာဝန်ယူမယ့် ကျန်ရှိတဲ့ လ(၃၀)မှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့နဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်တဲ့နေရာမှာ ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေ၊ အင်အားတွေနဲ့ အစိုးရရဲ့ လုပ်ဆောင်မှုတွေကို ဟန်ချက်ညီညီ ပေါင်းစည်းနိုင်ဖို့အတွက် မြို့မိမြို့ဖတွေ ပါဝင်ဖွဲ့စည်းထားတဲ့ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီတွေကို ပြုပြင်ပြောင်းလဲရေး ဦးဆောင် ကော်မတီအဖွဲ့ဝင် သက်ဆိုင်ရာဝန်ကြီးတွေက တိုင်းဒေသကြီး/ပြည်နယ်အသီးသီးသို့ ကွင်းဆင်းသွားရောက်ပြီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြတဲ့အပြင် ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာတွေကိုလည်း ညှိနိုင်း ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါတယ်။

ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ရဲ့ အဓိ ဦးစားပေး မူဝါဒတစ်ခုဖြစ်တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကိုလည်း ပိုမို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကို ပြောင်းလဲဖွဲစည်း ပေးခဲ့ပါတယ်။ ပြည်တွင်း အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်း အင်အားကို အကောင်းဆုံး ရယူနိုင်ဖို့ မူဘောင်တွေ၊ မဟာဗျူဟာတွေကို စတင်ချမှတ်နိုင်ပြီဖြစ်တဲ့အတွက် မကြာမီကာလမှာ လက်တွေ့ကျတဲ့ တိုးတက်မှုတွေ အသီးအပွင့်တွေကို ကျေးလက်နေ ပြည်သူများ ခံစားနိုင်တော့မှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော် တာဝန်ယူထားတဲ့ သက်တမ်းကာလ အတွင်းမှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင်၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ပိုမို တိုးတက် ကောင်းမွန်လာအောင် နောင်အနာဂတ် မျိုးဆက်သစ်တွေအတွက်ပါ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ဘ၀တွေ ပိုင်ဆိုင် လာကြဖို့အတွက် ရေရာသေချာတဲ့ အနာဂတ်တစ်ခုကို ရှေးရှုပြီး တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားလိုပါတယ်။

0 comments to “လက်ကျန် လပေါင်း(၃၀) အဓိက ဦးစားပေး လုပ်ငန်းစဉ်”

Post a Comment