ကျော်ဟိန်းရဲ့ ဒေါင်းယောင်သောကျီး ဇာတ်ကားကိုကြည့်ဖူးကြမယ်လို့ ထင်ပါတယ်။ ကျန်တာ မမှတ်မိချင်နေ ကျော်ဟိန်း မိန်းမလို သရုပ်ဆောင်တာတော့ မှတ်မိကြမှာပါ။ လူတွေက ကျီးထက်ဒေါင်းကို ချစ်တတ်ကြတာ ငြင်းဆန်လို့ မရပါဘူး။ဒေါင်းရဲ့ကနေတဲ့အလှ နဲ့ ဒေါင်းက က တာကို သဘောကျကြတယ် ။ လူကြိုက်များအောင် ကျီးကဒေါင်းလို ကချင် ၊ ဒေါင်းဖြစ်ချင်ရင်တော့ ဒေါင်းယောင်ဆောင် တဲ့ ကျီးဘဲ ဖြစ်မှာပါ ။ ဒေါင်း တော့ဖြစ်လာမှာ မဟုတ်ပါဘူး ။ ဒေါင်းဖြစ်ချင်လို့ ဒေါင်းလို ကချင် ကြတာတွေလဲရှိ
မှာပါ။ ဒါပေမယ့် ဒေါင်း က ဒေါင်း ၊ ကျီး က ကျီး ပါပဲ ။ ဒေါင်း ကို လူတွေ အကြိုက်များလို့ ကျီးကဒေါင်းယောင် ဆောင်ရင်တော့ ကျော်ဟိန်းသရုပ်ဆောင်သလို ဒေါင်းယောင် ဆောင်တဲ့ ကျီး ဖြစ်သွားမှာပါပဲ ။ ကျော်ဟိန်းလို သရုပ်ဆောင်တာ မကောင်းရင်တော့ လူတွေဟားစရာ၊ရယ်စရာဖြစ်တော့မှာပေါ့။
ငယ်စဉ်က ကျွန်တော် ဆရာတစ်ယောက် ပြောတာကို အမှတ်ရမိတယ်။ ကျီးကမလှပေမယ့် သစ္စတရား ရှိတယ်။တစ်ကောင်ထိရင် မခံဘူး အားလုံးက ၀ိုင်းအာကြတာပဲ။“ကျီးကန်း တောင်းမှောက် ဆိုတဲ့ စကားပုံ”ကို ကြားဖူးမှာပါ။ ကျီးက ဘယ်တော့မှ မျက်လုံး ငြိမ်ငြိမ်မနေဘူး ။ အမြဲသတိရှိတယ်။ အစားအစာ စားတာတောင် ဖျတ်ခနဲ ရန်သူကိုရှာပြီးမှ စာတတ်တယ်။လုံခြုံရေး သတိအမြဲ ရှိတယ် ပြောရမယ်။ စစ်သားဆိုတာ ကျီးတွေလိုပါပဲ ။ လုံခြုံရေး သတိအမြဲ ထားရတယ်။ တစ်ကောင်ကို ထိရင် ဘယ်တော့မှမခံဘူး ၀ိုင်းတွယ်ကြရမှာပဲ ။ အချင်းချင်း သစ္စာရှိကြတယ်။
သြော်…တကယ်တော့တပ်မတော်သားဆိုတာနိုင်ငံတော်အတွက်ကာကွယ်ရေးတာဝန်၊ လုံခြုံရေးတာဝန် ယူနေရတဲ့ ၊ လုံခြုံရေး သတိအမြဲရှိနေရတဲ့ သူတွေပါ။ ကျီး တွေလိုပါပဲ။ အဆင်မလှပေမယ့် သစ္စာရှိပါတယ်။ လုံခြုံရေး သတိ ရှိပါတယ်။တာဝန်သိပါတယ်။ငယ်စဉ်က ကျီး ဖြစ်ခဲ့ပြီး ကြီးလာမှ ဒေါင်းဖြစ်ချင်၍ မရပါဘူး ။ ကျီးဟာ ကျီး ၊ ဒေါင်း ဟာ ဒေါင်း ပါပဲ ။ဒါပေမယ့်လောကကြီးမှာ ဒေါင်း ယောင်ဆောင်ချင်တဲ့ကျီးတွေ၊ ဒေါင်းယောင်မဆောင်တဲ့ကျီးတွေဘယ်လိုပဲရှိရှိ….
ကျွန်တော်ကတော့ ဒေါင်းယောင် မဆောင်တဲ့ ကျီးပဲ ဖြစ်ချင်ပါတယ်။
(ဘယ်ဘ၀ရောက်ရောက်၊ ဘယ်အခြေအနေပဲဖြစ်ဖြစ် ဒေါင်းယောင်မဆောင်တဲ့ ကျီးများသို့ )
ပေတလူ
www.shwenewnews.blogspot.com